လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

Super Sunday မှာ စိတ်ကူးယဉ်မဲ့သူများ အဲ့လို ယဉ်ကျမယ်




Kaung Myat Kyaw  ဘ၀ကို မြင့်မားစေမည့် အတွေးအခေါ်များ

နောက် နှစ်၂၀ကြာရင် ၂ဝ၃၆ ကမ္ဘာ့ဖလားအိမ်ရှင်က မြန်မာတဲ့ဗျ...
ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော်မော်လမြိုင်၊ မကွေး၊ မြစ်ကြီးနား၊ စစ်တွေ၊ ပဲခူးစတဲ့
မြို့ကြီးဆယ်မြို့မှာ ကျင်းပမှာတဲ့...
၂ဝ၃၈ နွေရာသီအိုလံပစ်ကလည်း မန္တလေးမှာလုပ်မှာတဲ့ Mandalay Olympic 2038 ဆိုပါလား...

ရန်ကုန်တက္ကသိုလ်ကြီးက အာရှရဲ့အကောင်းဆုံး
တက္ကသိုလ်အဖြစ် ငါးနှစ်ဆက်ရွေးချယ်ခံရတယ်တဲ့...
အမယ်...ထိုင်းတွေ၊ စင်ကာပူတွေ၊ တရုတ်တွေ၊ ဂျပန်တွေ၊ ကိုရီးယားတွေ ရန်ကုန်မှာ ကျောင်းတက်ချင်လို့
ဝိုင်းလျှောက်ကြတာများ အုံခဲလို့...
မြန်မာ့အာကာသယာဉ်မှူးစိန်မြိုင်နဲ့ လှကြိုင်ကအင်္ဂါဂြိုဟ်ပေါ်မှာ ခြေချမိပြီး Selfie တောင်ရိုက်လို့...
ရန်ကုန်နည်းပညာတက္ကသိုလ်ကထွက်တဲ့
အင်ဂျင်နီယာမြင့်ကြည်က ရှူးရှူးပန်းထည့်ပြီး မောင်းရတဲ့
အင်ဂျင်ကို ထွင်ပေးလိုက်တာ ကမ္ဘာ့ရေနံဈေးတောင် ထိုးကျသွားရောတဲ့...
မြန်မာဆရာဝန်မလေး ဒေါက်တာသန်းသန်းမြက
ဆေးတစ်မျိုးကိုဖော်ထုတ်ပေးလိုက်တာ ကင်ဆာမှန်သမျှ အကုန်ပျောက်ပါလေရော...
မြန်မာ့လက်ရွေးစင်ဘောလုံးသမား လှဌေးကို
မန်ယူအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့
ခေါ်သွားတာတောင် အဆန်းမဟုတ်တော့ဘူးတဲ့...
မြန်မာ့တပ်မတော်က နျူကလီးယားထိပ်ဖူးတပ်ဒုံးတွေကို
ကပ္ပလီပင်လယ်ပြင်မှာ စမ်းသပ်တော့မယ်ဆိုပါလား...
နောက်ပြီး မြန်မာ့ရေတပ်က လေယာဉ်တင်သင်္ဘောကြီး
အနော်ရထာကို ရှေ့နှစ်မှာ တပ်တော်ဝင်တော့မယ်တဲ့...
ဥရောပတိုက်သားအတော်များများကလည်း မြန်မာနိုင်ငံမှာ PR ရဖို့ အရူးအမူးကြိုးစားနေကြတယ်တဲ့...
ကမ္ဘာအရပ်ရပ်မှာ မြန်မာစကားသင်တန်းတွေက ဖွင့်လိုက်ရတာဆိုတာ လက်ကိုမလည်ဘူးတဲ့...
ကုလသမဂ္ဂရဲ့တရားဝင်ဘာသာစကားတွေမှာတောင် မြန်မာစကားကို ထည့်သွင်းထားရတယ်တဲ့...
အမေရိကန်တွေ သူတို့တစ်သက်တာမှာ
ဂုဏ်အယူဆုံးက မြန်မာပြည်ကို တစ်ကြိမ်လောက် အလည်ရောက်ဖူးချင်တာပါတဲ့...
မုန့်ဟင်းခါးနဲ့ ငါးပိရည်ကို Oxford University က
သူတို့အဘိဓာန်ထဲမှာကို ထည့်သွင်းပေးလိုက်ပြီတဲ့...
မနှစ်ကလည်း ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းမှာ
ဘီလ်ဂိတ်တို့၊ ကလော့စလင်းတို့၊ ဝါရင်ဘတ်ဖတ်တို့ကို
ကျော်ပြီး မြန်မာ့သူဌေးကြီး ဦးငွေခင်က ထိပ်ဆုံးကတဲ့...
တရုတ်တွေများ မြန်မာပြည်မှာ အိမ်အကူလာလုပ်ရတာ
တော်တော်တွက်ခြေကိုက်လို့တဲ့ ပျော်နေလိုက်ကြတာ...
ကိုရီးယားတွေ၊ ဗီယက်နမ်တွေများ ညညဆို  တကူးတကနဲ့ မြဝတီတို့၊ မြန်မာ့အသံတို့က လွှင့်တဲ့
မြန်မာရုပ်သံဇာတ်လမ်းတွေကို ကြည့်လိုက်ကြတာများ...
ဟော အော်စကာဆုပေးပွဲမှာ လီယိုနာဒိုနဲ့အပြိုင် မြန်မာမင်းသားမြင့်မောင်က တစ်ပြေးနေတာတဲ့ဗျ...
အိန္ဒိယမှာလည်း ဘယ်လိုဖြစ်တယ်မသိ ဘောလီးဝုဒ်ကားတွေ မရိုက်ရတော့ဘူးတဲ့
အကြောင်းကတော့ မြန်မာ့ရုပ်ရှင်တွေ နေရာဝင်ယူသွားလို့ပါတဲ့...
ဂရမ်မီဆုပေးပွဲမှာလည်း မြန်မာရပ်ပါ ဂယောက်ဂယက်က ဂရမ်မီဆုတွေ သိမ်းကြုံးယူသွားပါတယ်ဆိုမှ...
မြန်မာစာရေးဆရာတွေလည်း တန်းဝင်လွန်းတဲ့အပြင် တန်းပေါ်ပါကျော်ကျော်တက်သွားလို့ တစ်ခါရေးရင်
ဘာသာစကားဆယ့်ရှစ်မျိုးနဲ့ ထုတ်နေရပြီတဲ့... 
အင်္ဂလန်နိုင်ငံဆို မြန်မာ့ဒီမိုကရေစီကို လိုက်တုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင် မြန်မာတွေအတိုင်း
လိုက်ဆွဲတော့မယ်တဲ့...မဲခွဲဆုံးဖြတ်လိုက်ပြီ...
Adidas တို့ Nike တို့တောင် မြန်မာနိုင်ငံက အောင်တံခွန်တို့ တက်တိုးတို့လို ကုမ္ပဏီကြီးတွေကို
ဈေးကွက်ဝေစုတွေ ဖဲ့ပေးလိုက်ရပြီ... ဒါတင်ပဲလား...ဘယ်ကလာ
Toyota လည်း မြန်မာက ရွှေမောင်းတံဆိပ်ကားတွေကို ဘယ်လိုမှ မယှဉ်နိုင်တော့လို့ စက်ရုံပိတ်ပြီတဲ့...
McDonald's လည်း ဓနုဖြူဒေါ်စောရီကို ကမ္ဘာအနှံ့မှာ မယှဉ်နိုင်တော့ပါတဲ့...
Apple, Samsung နဲ့ Sony လည်း  ဦးကျော်ဘနှင့်သားများ အီလထရောနစ်ကို
ဘယ်လိုမှ လိုက်မမှီတော့ဘူးတဲ့ ဒေဝါလီတွေ ခံကုန်ပြီ...
မြန်မာတစ်ယောက်ရဲ့အခြေခံလုပ်ခလစာက တစ်ရက်ကို ဒေါ်လာငါးရာတဲ့...
မြန်မာအစိုးရကလည်း ခပ်ချေချေပဲ ထိုင်းနိုင်ငံက ကျောက်ဖရားမြစ်၊
တရုတ်က ယန်စီမြစ်၊ အိန္ဒိယက ဂင်္ဂါမြစ်တွေပေါ်မှာ
မြန်မာနိုင်ငံအတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ လုပ်မလို့ဆိုပဲ...သူတို့နိုင်ငံသားတွေ ဆန္ဒပြနေကြတယ်...
မြန်မာတွေ ပိုက်ဆံရှိတယ်၊ အင်အားကြီးတယ်ဆိုတိုင်း ငါတို့လို နိုင်ငံငယ်လေးတွေကို အနိုင်မကျင့်နဲ့တဲ့
သနားစရာ...
ကဲ...Super Sunday မှာ စိတ်ကူးယဉ်မဲ့သူများ အဲ့လို ယဉ်ကြ

😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂😂

credit သထုံ နယ်စားလေး

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>