လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မြေဖြူတားထားသော်လည်း


cho
ပုရွက်ဆိတ်တွေမှာ ထူးခြားချက် ရှိပါတယ်။ ကျနော် ငယ်ငယ်တုန်းက လက်တွေ့စမ်းသပ်ပြီး သိလိုက်ရတဲ့ အရာလေးပါ။ သူတို့ အစာသယ်တဲ့အခါ အသုံးပြုတဲ့ လမ်းကြောင်းကို အင်းဆက်တား မြေဖြူနဲ့တားလိုက် မိပါတယ်။ ဒါနဲ့ ရှေ့ မှာ ခရီးသွားဖို့ ပိတ်ဆို့သွားတယ်လို့ သိလိုက်တဲ့ ပုရွတ်ဆိတ် ဟာ နောက်ပြန်သွားမယ်လို့ ထင်ခဲ့ပါတယ်။ မဟုတ်ပါဘူး။ အနောက်တော့ သွားပါတယ်။ သို့ပေမယ့်တည့်တည့်တော့ မဟုတ်ပါဘူး။ ဘေးဘယ်ညာ လှည့်ပြီး မြေဖြူမတားထားတဲ့ တစ်ဖက်ဖက်ကနေ သူတို့ အိမ်ဆီကို မရောက်ရောက်အောင် သွားပါတယ်။ ဒါနဲ့ မြေဖြူနဲ့လိုက်တား လိုက်တားပေ မယ့် နောက်ဆုံးတော့ သူ့အိမ်ကို မရောက်ရောက်အောင် ကွေ့ ဝိုက်ပြီး
အိမ်ရှိရာကို ပြန်သွားပါတယ်။ စက်ဝိုင်း ပုသဏ္ဍန် တားပြီး ဝိုင်းလိုက်မိရင်တောင် မြေဖြူ အပါးဆုံး အပိုင်းကို အရဲစွန့် ပြီး သူ လွတ်မြောက် ထွက်သွားပါတယ်။
သင်ခန်းစာ
ဒီလိုပါပဲ လူတွေဟာ ဘဝအတွက် ရည်ရွယ်ပြီး ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစားနေချိန်မှာ အတားအဆီးအခက်အခဲဆိုတာ ရှိစမြဲ ဖြစ် ပါတယ်။ ငွေကြေးအခက်အခဲ၊ လူမှုရေး အခက်အခဲ၊ အချိန်အားလပ်မှု ရှိမရှိ အခက်အခဲ နဲ့ အခြားသော အခက်အခဲပေါင်း များစွာက ပိတ်ဆို့စမြဲ ဖြစ် ပါတယ်။ ထိုအခက်အခဲများကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်ချက် ပျောက်ဆုံး ကုန်ပြီး ငါဒါမလုပ်နိုင်ပါလားလို့ ခံယူကာ လက်လျော့၊ အဆုံးရှုံးခံ တတ်ကြ ပါတယ်။
ယင်းအခက်အခဲများက လာရာလမ်းကို ပြန်သွားစေဖို့၊ နောက်ဆုတ်စေဖို့ ရည်ရွယ်တဲ့ အရာများ မဟုတ်ပါဘူး။ ဒီထက်သွားလို့ရတဲ့ လမ်းလေးများ ရှာလိုက်ပါအုံးလို့ အသံထွက်ပြောဆိုနေတယ်လို့ ခံယူရပါမယ်။ ဒါကြောင့် ပန်းတိုင်တစ်ခု၊ ပညာတစ်ခု၊ အခြေအနေ တစ်ခု ရောက်ဖို့ ကြိုးစားနေသူဟာ မိမိကိုယ်ကို ယုံကြည်ချက်ပြည့်ဝနေပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့ ရောက် ကိုရောက်ရမယ်၊ ရကိုရရမယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်။ ကြိုးစားဖို့လိုပါတယ်။
၁။ ယုံကြည်မှု ရှိမယ်။
၂။ မဆုတ်မနှစ် ကြိုးစားမယ်။
၂။ သတ္တရှိမယ်။
ယင်း ၃ ချက်နဲ့တင် ပန်းတိုင်ကို တစ်နေ့မဟုတ် တစ်နေ့ရောက်နိုင်ပါတယ်။ ဥာဏ်ကောင်းရမယ်၊ ပါရမီရှိရမယ်၊ ကံလိုက်ရမယ် အစရှိသဖြင့် ဆုပ်ကိုင်ပြလို့မရတဲ့အရာတွေကို ငါ့မှာမရှိပါလားလို့ အပြစ်တင်ပြီး လက်လျှော့မယ် ဆိုရင်တော့ တားထာတဲ့ မြေဖြူကြောင့် လိုရာ ခရီးကို ရောက်တော့မှာ မဟုတ်ပါဘူး။ ပုရွက်နဲပ မြေဖြူရာ ဘဝအတွက် အတုယူစရာ သင်ခန်းစာလေး တစ်ခု ဖြစ်နေပါတော့တယ်။
.
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>