(၁)ကြက်သွန်ဖြူကို ဆီနှင့်ရော၍ (၂၄)နာရီထားပါ။ ထို့နောက် ရေ လက်ဖက်ရည်ပန်းကန်လုံး (၂)ခွက်၊ လတ်ဆတ်သောသံပရာရည် စားပွဲ ဇွန်း(၁)ဇွန်းရောထည့်ပြီး အ၀တ်နှင့် စစ်ပါ။ဖျန်းဘူးထဲထည့်၍ လှုပ်ခါပြီး အခန်းထောင့်ကို ပက်ဖျန်းပါ။
(၂)ယူကလစ်ဆီကို သံပရာရည်၊နေ ကြာဆီနှင့်ရော၍ အသားတွင် လိမ်း ပေးပါ။
(၃)ရှာလကာရည် Venigar ကို လိမ်းပေးနိုင်သည်။ အသားတွင် လည်းကောင်း၊ မိမိထိုင်သည်ခုံ၊ အလုပ်လုပ်သည့်စားပွဲခြေတိုင်များ တွင်လည်းကောင်း လိမ်းထားပါ။
(၄)လင်ဗင်ဒါဆီကို နားရွက်အနောက်၊ ခါး၊လည်ပင်းတို့တွင် လိမ်းထားပါ။ ရနံ့သင်းရုံမက ခြင်ကိုလည်း ပြေးစေ သည်။
အထက်ပါနည်းများမှာ
ခြင်သေစေ ရန် ရည်ရွယ်ပြုလုပ်ခြင်းမျိုးမဟုတ် ဘဲ အနံ့မကြိုက်၍ ခြင်ပြေးစေသော နည်းလမ်းမျှသာဖြစ်သည်။
ထူး
Health Updates Journal






No comments:
Post a Comment