လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကျန်းမာရေးအတွက် ယောဂကျင့်မလား

Photo


မေ၀င်းမွန်
အတွဲ (၁၀)၊ အမှတ်(၁၅)

ကမ္ဘာ၏ မည်သည့်နေရာတွင်နေထိုင်စေကာမူ ၂၁ရာစုလူသားတိုင်း တူညီစွာကြုံတွေ့ရမှုတစ်ခုရှိသည်။ ၎င်းင်းမှာ ယနေ့ခေတ်တွင် ပို၍ စိတ်ဖိစီးမှု များလာခြင်းဖြစ်၏။
    စိတ်ဖိစီးမှုနှင့် ဝေဒနာအသီး သီးကိုနည်းအမျိုးမျိုးဖြင့် ကုစားကြရာတွင် ဘေးထွက်ဆိုးကျိုးနည်း သည့်ကာကွယ်မှုများကို ရွေးချယ် တတ်မှုမှာလည်း လိုအပ်ချက်တစ် ခုဖြစ်သည်။
    ယနေ့ကာလတွင် ခေတ်မီ ဆေးကုသနည်းများ၊ ဆေးဝါးများ ပေါ်ထွက်နေသည့်တိုင် ကျန်းမာ သောဘ၀အခြေအနေသို့ရောက် ရှိ ဖို့ရာ နေထိုင်စားသောက်မှုနည်း စနစ်မှန်ကန်မှုကလည်း အရေးပါလှသည်။ သွေးလည်ပတ်မှုမှန်ကန်ပါမှ လန်းဆန်းတက်ကြွသော စိတ်အခြေအနေနှင့်   ကျန်းမာသောခန္ဓာကို ပိုင်ဆိုင်နိုင်မည်ဖြစ်ရာ  မှန်ကန်သောအသက်ရှူနည်းမှအစ ပြုကာ သွေးလည်ပတ်မှုကောင်းပြီး ကိုယ်ရောစိတ်ပါကျန်းမာရေး အတွက် လေ့ကျင့်နိုင်သည့် ယောဂကျင့်စဉ်မှာလည်း
ကျန်းမာသောနေ့စဉ်ဘ၀လှုပ်ရှားမှုတွင် နေရာတစ်ခုပါဝင်လာပြီဖြစ်သည်။
    ယနေ့ခေတ်တွင် ယောဂကျင့် စဉ်နှင့်ပတ်သက်၍ စာအုပ်များ၊ မဂဇင်း၊ စာစောင်၊ ရုပ်မြင်သံကြား တို့တွင် လေ့ကျင့်နည်းများ၊ အကျိုး ကျေးဇူးများကို ဖော်ပြလာကြသ ဖြင့် လူသိများသည့်အနေအထား သို့ပြောင်းလဲခဲ့သည်။
    ယောဂကျင့်စဉ်သည် စိတ် ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနှစ်ရပ်လုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်လေ့ ကျင့်မှုဖြစ်စေခြင်းဖြင့် ခန္ဓာကိုယ် သွေးလည်ပတ်မှုကို အထူးအား ကောင်းစေကာ  အသက်အရွယ်စုံ ကျား၊ မ  မရွေးပြုလုပ်နိုင်သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။
    “ဆရာဝန်တွေကလည်း ယောဂကျင့်စဉ်ကိုလုပ်ဖို့   လမ်းညွှန်လာကြတဲ့အတွက် ကျန်းမာရေးနဲ့နွယ်ပြီး ယောဂကျင့်သူများလာတယ်။  ယောဂဆိုတာခန္ဓာကိုယ်နဲ့စိတ်တိုး တက်အောင်ကျင့်ရတာဆိုတော့ လူမျိုးမရွေး၊ ဘာသာမရွေးလုပ်နိုင်ပါတယ်။ ယောဂကိုကျန်းမာရေးအတွက်ကော အ
လှအပအတွက်ပါလုပ်ကြတယ်။ စိတ်ကိုကျင့်ကြံတာဖြစ်လို့  စိတ်ကြည်မှရုပ်ကြည်တဲ့ ရလဒ်ကိုခံစားရမှာပါ”ယောဂနည်းပြတစ်ဦးဖြစ်သူ နန်းဆုကေဆွမ်က ပြောကြားသည်။
    ယောဂကျင့်စဉ်ကို ခန္ဓာကိုယ် တွင်းရှိဂလင်းများ  တဖြည်းဖြည်း ယိုယွင်းဆုတ်ယုတ်မှုစတင်သည့် အသက် ၈ နှစ်အရွယ်ကတည်းက စတင်လုပ်ဆောင်သင့်ပြီး ယောဂ ကျင့်ခြင်းဖြင့်အဆိုပါဂလင်းများ ယိုယွင်းလာခြင်းကို  စောလျင်စွာကာကွယ်နိုင်သည်ဟုဆိုပြီး အချို့မှာ အသက် ၉၀အထိပင် ယောဂ ကျင့်မှုများလည်းရှိကာ    မြန်မာနိုင်ငံတွင်များသောအားဖြင့်  အသက်အငယ်ဆုံး ၁၅နှစ်မှ အသက်အကြီးဆုံး ၇၀နှစ်အတွင်း လေ့ကျင့်မှုများသည်ဟု  ယောဂသင်တန်းနည်းပြများထံမှ သိရသည်။
    “ဗုဒ္ဓဘာသာဝင်တွေဆိုရင် တရားထိုင်တဲ့အလေ့အထကို သိနားလည်ပြီးဖြစ်တဲ့အတွက် ယောဂကျင့်တဲ့အခါမှာကျင့်စဉ်ကိုသိနားလည်လွယ် ကြပါတယ်။   ဒါပေမဲ့ အတော်များများက ခန္ဓာကိုယ်ပိုင်း၊  ရုပ်ပိုင်းဆိုင်ရာ  ကျန်းမာဖို့အတွက်ပဲလုပ်ကြတာကိုတွေ့ရပါတယ်။    ခန္ဓာကိုယ်ပိုင်းဆိုင်ရာ
လေ့ကျင့်ခန်းကို   အရင်လုပ်ပြီး နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာတွေမှာပါ   ဖြည်းဖြည်းချင်း အကျိုးသက် ရောက်လာတာကိုတွေ့ရမှာပါ။ အိန္ဒိယနိုင်ငံကလွဲလို့ အခြားနိုင်ငံတွေဖြစ်တဲ့ထိုင်း၊ စင်ကာပူ၊မလေးရှားတို့လို  အာရှနိုင်ငံတွေနဲ့အင်္ဂလန်၊  အမေရိကတို့လို  အနောက်နိုင်ငံတွေမှာ   PhysicalYoga   လို့ခေါ်တဲ့   ခန္ဓာကိုယ်ကျန်း မာကြံ့ခိုင်ရေးကိုပဲ  ဦးစားပေးလေ့ကျင့်ကြတယ်။ ယောဂကို နက်နက်ရှိုင်းရှိုင်းနားလည်သူအချို့ပဲ စိတ်ကို ကျင့်ကြံတဲ့နည်းတွေ၊ အတွေးအခေါ်စတာ တွေကိုကျင့်ကြတယ်” ဟု နိုင်ငံအလိုက်ယောဂကျင့်စဉ် အပေါ်ယူဆချက်ကို ယောဂနှင့်စိတ်ပညာဘာသာရပ်ကို  အိန္ဒိယနိုင်ငံရှိ  ကမ္ဘာ့ပထမဆုံးယောဂတက္ကသိုလ်တွင် မဟာဘွဲ့ ရရှိခဲ့ပြီးမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင်ယောဂဆရာအဖြစ် ဆောင်ရွက်လျက်ရှိသော မစ္စတာ အာရ်ရာဂျာဆီခါရန်ကပြောသည်။
    ယောဂသည်လူတစ်ယောက် ၏ ပင်ကိုယ်အရည်အသွေး တိုးတက်ဖို့ရာအတွက်  လိုအပ်ချက်များ ဖြစ်သည့်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ၊ လူ မှုရေးပိုင်းဆိုင်ရာနှင့် ဘာသာရေး ပိုင်းဆိုင်ရာကို  ထောက်ကူပေးနိုင် သည်ဟုဆိုသည်။
    ယောဂကျင့်စဉ်တွင် Asana, Pranayama, Mudra   နှင့်Bandha  ဟူ၍အခြေခံလေးနည်းရှိပြီး   ကျင့်စဉ်များအားလုံးသည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကို တည်ငြိမ်အောင်၊ စိတ်ငြိမ်အောင်၊ သက်သောင့်သက်သာဖြစ်အောင်  လုပ်ဆောင်သည့် နည်းများဖြစ်သည်ဟုသိရသည်။  
    ယောဂကျင့်စဉ်သည်   အသက်ရှူအင်္ဂါအဖွဲ့အစည်းကို   အထောက်အကူပြုပေးနိုင်ပြီး အောက်ဆီဂျင်ကို ပုံစံမှန်သောအသက်ရှူနည်းဖြင့် ရှူစေသဖြင့် ခန္ဓာကိုယ်နှင့်   စိတ်ဓာတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်သည်ဟုဆိုသည်။ခန္ဓာကိုယ်ဖွဲ့စည်းမှုစနစ်ကိုလည်းကောင်းကျိုးပြုကာ အစာကောင်းစွာကြေညက်စေခြင်း၊ အာဟာရပြည့်ဝစေခြင်း၊   ကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ကောင်းမွန်စွာ အိပ်ပျော်စေသည်ဟု သိရသည်။
    “အိန္ဒိယနိုင်ငံမှာဆိုရင် အ များစုကယဉ်ကျေးမှုအရ  ယောဂ ကျင့်စဉ်နဲ့ပတ်သက်ပြီး  နားလည် ကြပါတယ်။ သာမန်လူတန်းစားတွေတောင် ကျန်းမာတဲ့ဘ၀ကို ရဖို့အတွက်    ယောဂကျင့်စဉ်ကိုလုပ်ဆောင်လာကြတဲ့အတွက်ကျယ်ပြန့်တဲ့ အနေအထားမှာရှိ နေပါပြီ။ မြန်မာနိုင်ငံမှာကတော့ယောဂနဲ့ ပတ်သက်ပြီးခံယူချက်နဲ့ လေ့ကျင့် ပုံတွေက အသစ်ဖြစ်နေတယ်လို့ထင်ပါတယ်။  မြန်မာအများစုကယောဂကို ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ ကျန်းမာဖွံ့ဖြိုးဖို့အဓိက လာကြတာကို တွေ့ရပါတယ်။ယောဂကို  များများလေ့ကျင့်ပေးမယ်ဆိုရင်  အကျိုးကျေးဇူးတွေ ဘယ်လောက်ရှိတယ်ဆိုတာ သိနားလည်လာမှာပါ” ဟု  အိန္ဒိယယောဂသင်တန်း နည်းပြမစ္စတာ ရာဂျာကပြောသည်။
    ယောဂကျင့်ရာတွင် အစာမစားခင်မနက်ခင်းပိုင်းနှင့် ညနေပိုင်းတို့တွင် လေ့ကျင့်သင့်သည်ဟုသိရသည်။ အစားစားခြင်းနှင့်လေးနာရီ ခန့်ကွာခြားပြီးမှလေ့ကျင့်ခန်းပြုလုပ်သင့်သည်ဟုသိရသည်။ တစ်နေ့လျှင် တစ်နာရီလေ့ကျင့်ပေးသင့်ပြီး  အချိန်ရလျှင်ရသလို နေရာမရွေးပြုလုပ်နိုင်သည် ဟုသိရသည်။
    လုပ်ငန်းခွင်တွင်  တစ်နေကုန်ထိုင်ကာ   အလုပ်လုပ်နေရသူများအနေဖြင့်လည်း   ထိုင်နေရင်းနှင့်ပင် ပြုလုပ်နိုင်သည့်ယောဂကျင့်စဉ်များ ကိုပြုလုပ်နိုင်သည်။
    “လူတိုင်းအတွက် သွေးလေမှန်ဖို့အရေးကြီးတဲ့အတွက် အသက်ရှူလေကျင့်ခန်းလုပ်ပေးခြင်း ဖြင့် သိသိသာသာကတော့ အာရုံကြောတွေ အားကောင်းလာမယ်။ အိပ်ပျော်စေတယ်။ အစာ အိမ်အူ လမ်းကြောင်းတွေ အားကောင်း စေတယ်။ စိတ်ဖိစီးမှုသက်သာ ပြီး ဓာတ်ကြီးလေးပါး ညီမျှစေတယ်။ ဒီခေတ်မှာဆိုရင်စိတ်ဖိစီးတာတွေ ပိုဖြစ်လာတဲ့အတွက် ယောဂသင် တန်းတွေများများရှိလာလေပို ကောင်းပါတယ်။ ပိုပြီးပျံ့နှံ့လာတာပေါ့” ဟု ယောဂကျင့်စဉ်ဆိုင်ရာစာအုပ်ပြုစုရေးသားထုတ်ဝေ ထားသူ၊ ယောဂနည်းပြဆရာမ နန်းဆုကေဆွမ်က ပြောသည်။
    ယောဂကျင့်စဉ်သည် စိတ်ခံ စားမှုဝေဒနာများအပြင် ကိုယ်ဝန် ဆောင်များ၊ ခါးနာသူများ၊ အရိုးကျီးပေါင်းရောဂါရှိသူများ၊ ဆီးချိုသွေးချို ဝေဒနာရှင်များ၊ ပန်းနာ ရင်ကျပ်ရှိသူများအနေဖြင့် ခံစားရသည့်  ဝေဒနာအလိုက် ယောဂနည်းပြနှင့်  တိုင်ပင်ကာ သီးသန့်လေ့ကျင့်မှုများပြုလုပ်သင့်သည် ဟု   မစ္စတာရာဂျာက  အကြံပြုပြောကြားသည်။

from -  http://7daynewsjournal.com/sites/default/files/imagecache/350x235_big_photo/2011/article/2011/08/29_3.jpg

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>