လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဆင်းရဲနည်း၊ ချမ်းသာနည်း

" ဒီလိုရှိတယ် သူငယ်ရဲ့ ဆငိးရဲတဲ့အခါမှာ မချွေတာနဲ့ကွ၊ အလုပ်များများလုပ် ငွေများများရှာ ခပ်ရှုပ်ရှုပ်ခပ်ပွေပွေနေ လောင်းကစားသမားနဲ့ပေါင်း အရက်သမားနဲ့လဲပေါင်း အပျော်အပါးသမားနဲ့လဲပေါင်း ရှိတာလဲခြိုးခြံမနေနဲ့ သုံးသာသုံးပေတော့ ချမ်းသာတယ်ဆိုတာချွေတာလို့မဟုတ်ဘူးကွ တစ်လမှ အိမ်သုံးစရိတ်နှုတ်ပြီး ငွေကလေးငါးကျပ်လောက်ပိုတဲ့လူအဖို့ စုဆောင်းလို့ကော ဘယ်လောက်များ ချမ်းသာလာမှာလဲကွာ တနှစ်မှ ငွေ ၆၀ စုမိတယ် ဆယ်နှစ်မှ ငွေလေး ၆၀၀ ဟဲ..ဟဲ ငွေကလေးခြောက်ထောင်လောက် ချမ်းသာဖို့ဆိုရင် အနှစ်တစ်ရာလောက် စုရမယ် အနှစ်တစ်ရာဆိုသူလဲမရှိတော့ဘူး သေပြီ ဒါကြောင့် ဆင်းရဲ ရင် မချွေတာနဲ့ကွ ချမ်းသာတဲ့သူတွေဟာ ချွေတာလို့ချမ်းသာလာတာ မဟုတ်ဘူး၊ ငွေဝင်များလို့ချမ်းသာလာတာ ငါတို့ရွာမှာ ကိုချစ်တီးဆိုတာ သိပ်ချွေတာပြီး သိပ်ပြီးရိုးရိုးကုပ်ကုပ် နေတာပေါ့ကွာ သူသေတော့ အိပ်ရာ ခေါင်းရင်းက ၀ါးကျည်တောက် စုဗူးကိုခွဲကြည့်တော့ ငွေကလေး ၇၀၀ ပဲတွေ့ရတယ်
အဲဒီကိုချစ်တီးရဲ့ အသုဘမှာ ဖဲကစားတဲ့မြဖေဆိုတဲ့ကောင်ကတော့ ငွေကလေး ၁ ကျပ်နဲ့ဝင်ကစားတာ မသာရက်လည်တဲ့နေ့မှာပဲ ငွေ ၇၀၀၀ လောက်နိုင်သွားတယ်။ ဖဲကစားတာလုပ်ဖို့မြှောက်ပေးတာ မဟုတ်ဘူး ကံကြမ္မာလှည်းဘီး လှည့်တတ်သူနဲ့ မလှည့်တတ်သူရဲ့ကွာခြားခြင်းကိုသိစေချင်လို့ကွ ကိုချစ်တီးဟာ ငါသိရသလောက် သူ့တသက် ငွေ ၁၀၀၀ ပြည့်အောင်တောင် မကိုင်ခဲ့ရှာဘူးကွ အေး ..ထမင်းလဲမငတ်ခဲ့ဘူးကွ မြဖေကျတော့ .ထမင်းလဲငတ်ဘူးတယ် ထောင်မကဘူး သောင်းနဲ့ချီပြီးလဲ ကိုင်ခဲ့ဘူးတယ် ငါပြောချင်တာက ရေလဲလုံချည်စုတ်ကို ၀တ်ထားတဲ့ အခါ ထိုင်ဖို့နေရာမရွေးနဲ့ကွ ဖုန်ပေပေ ရွံ့ပေပေ ထိုင်ချင်ရင်ထိုင်ပေတော့ အေး...ဘန်ကောက်လုံချည်ဝတ်ရပြီဆိုရင်တော့ နေရာရွေးပြီး ထိုင်ပေတော့၊ ၊"

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>