ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၆)
အပိုင်း (၁) (၂) (၃) (၄) (၅) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။
အပိုင်း (၁) (၂) (၃) (၄) (၅) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။
ချမ်းသာကြွယ်ဝခြင်း
အခုပြောမယ့်ဟာက အခန်း(၄) ပဲ။ ဒီအခန်းဟာ သိဒ္ဓိကျင့်စဉ်အတွက် အရေးကြီးတဲ့အခန်းပဲ။ ဒီအခန်းရဲ့ ခေါင်းစဉ်က ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိနည်းဖြင့် ရယူခြင်းတဲ့။ သိဒ္ဓိကျင့်စဉ်နဲ့ ချမ်းသာကြွယ်ခြင်းကို ရယူမယ်။ တချို့ ဒါကို မယုံကြပါဘူး။ ယုံတာမယုံတာ အကြောင်းမဟုတ်ဘူး။ ကျင့်စဉ်ရဲ့ သဘောထားကို ပြောပြမှာ။ တန်ခိုးသိဒ္ဓိ ရရာရကြောင်းကြံစည်တာ ဒါ လူသာမာန်ရဲ့ အလုပ်ပဲ။ တော်တော့်ကို စွန့်စွန့်စားစားလုပ်တတ်တဲ့ သဘာဝရှိမှသာ ဖြစ်နိုင်ပါတယ်။ ယုံလည်း ယုံကြည်ရမယ်။
အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို လိုက်မယ်ဆိုရင် ပထမဦးဆုံး သိထားဖို့က
လု့လောကကြီးမှာ ဘာလုပ်လို့မှမဖြစ်၊ ဘယ်နေရာသွားသွား လူရာမ၀င် စီးပွားရေးအရလည်း ကျရှုံး၊ ဘာမှ ကြံလို့စည်လို့မရတော့မှ ဘုန်းကြီးဝတ်တဲ့ လူတို့၊ ရသေ့လိုလို လုပ်တဲ့လူတို့၊ ယောဂီလုပ်တဲ့လူတို့၊ ဂန္ဓာရီထွက်တဲ့လူတို့ တွေ့ဖူးပါတယ်။ အဲဒီလမ်းစဉ်မှာလည်း သူတို့ မအောင်မြင်ပါဘူး။ စထွက်လာကတည်း ကိုကလည်း သူတို့က ဒီဘက်က ရုပ်လောကမှာ ကျဆုံးပြီး၊ ဒုက္ခရောက်ပြီးတော့မှ ကြံရာမရ တော့လို့ . . . . . ။
သိဒ္ဓိလမ်းစဉ်ဟာ ကြံရာမရတဲ့ လူတွေလုပ်တဲ့ လမ်းစဉ် မဟုတ်ဘူး၊ အကြံ ဥာဏ်ရှိတဲ့လူတွေ၊ ဇွဲသတ္တိရှိတဲ့ လူတွေ လုပ်တဲ့ အလုပ်ဖြစ်တယ်။ အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို တကယ် ယုံယုံကြည်ကြည်နဲ့ လိုက်မယ်ဆိုရင် လူတစ်ယောက်ဟာ ဆင်းရဲမွဲတေမှ လိုက်လို့ မဖြစ်ဘူး။ ချမ်းချမ်းသာသာ၊ ချောင် ချောင်ချောင် လည်လည် ၊ကြွယ်ကြွယ်၀၀ အဆင်ပြေနေတဲ့ အချိန်ကနေ၊ တကယ်လို့ စည်းစိမ်ဥစ္စာကို စွန့်စရာရှိရင်လည်း သူ့မှာရှိမှ စွန့်တယ်လို့ ပြောလို့ရမှာပေါ့။ စားစရာမရှိတဲ့လူက သူက ဘာစွန့်ပြီး ထွက်လာတယ်ဆိုတာ၊ ဒါဟာ အဓိပ္ပာယ်မရှိဘူး ။ တစ်ပြားမှမရှိတဲ့လူ စွန့်လို့ မရဘူး။ ပထမ ရှိအောင်လုပ်ရမယ်။
ဒီလမ်းစဉ်မှာ သိဒ္ဓိကျင့်စဉ်ကို လုပ်တဲ့လူဟာ ပထမဦးဆုံး ချမ်းသာကြွယ်ဝခြင်းကို မရမနေ ရှာမှီးရမယ်။ ဒါဟာ လမ်းစဉ်ရဲ့ သဘောထားပဲ။ ချမ်းသာကြွယ်ဝအောင် ပထမလုပ်ရမယ်။ အများကြီး မဟုတ်တောင် လူ့လောကထဲမှာ ဒီလူဟာ မွဲတေနေတဲ့လူ မဟုတ်ဘူး။ ချောင်ချောင်လည်လည် ရှိတယ်၊ စားနိုင်သောက်နိုင်တယ်။ ပြည့်ပြည့်စုံစုံ ရှိတယ်။ နေစရာအိမ်၊ စီးစရာ ယာဉ်ရထား၊ နောက် သူ့မှာ အပိုအလျှံ ငွေတွေ၊ ရွှေတွေရှိနေတဲ့ လူတွေလုပ်ပါ။ အဲဒီလို လုပ်မှလည်း တင့်တယ်တယ်။ ဒီကျင့်စဉ်ဟာ အဲဒီလို သွားရတယ်။
ရှေးတုန်းကတော့ ဒီလိုရအောင်လုပ်တာကို ရသေ့ရိက္ခာ ထောက်လို့ခေါ်တယ်။ ဘာပဲခေါ်ခေါ် ခေါင်းစဉ်က ချမ်းသာ ကြွယ်ဝခြင်းကို လုပ်ရမယ်။ အဲဒီကျင့်စဉ် ကျင့်နေတဲ့အတွင်းမှာ ဟိုနားလေးထွက်ပြီး အလှူခံလိုက်၊ ဒီနားလေးကို ဘုရားတည်မယ်လို့ အကြောင်းပြပြီး အလှူခံလိုက်၊ ဘာလုပ်မယ်ဆိုပြီး အကြောင်းပြပြီး အလှူခံလိုက်၊ အလှူခံပြီး စားနေလို့ မပြီးဘူး ကိုယ်ကလည်း လှူရဦးမှာ။ ကိုယ်က ကြွယ်ဝဖို့လိုတယ်။ ချမ်းသာဖို့လိုတယ်။
အဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိကျင့်စဉ်မှာ အတိအကျ ဖော်ပြထားတယ်။ အဲဒါဘာလဲ၊ သိဒ္ဓိကျင့်စဉ်နည်းနဲ့ ချမ်းသာကြွယ်ဝခြင်းကို ရယူခြင်း . . . . ။ လောကကြီးမှာ ကိုယ်ရမယ်ထင်တဲ့ အရာတွေ မရယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေလည်း ရထားကြတာ၊ ရမှာလည်း မဟုတ်ပါဘူး၊ ဖြစ်မှာလည်း မဟုတ်ပါဘူးလို့ ဆိုတဲ့ အရာတွေဟာ ကိုယ့်ဆီ ရောက်မလာပါဘူး။
တကယ်လို့ ဆိုးတဲ့ အရာတွေ ကိုယ့်ဆီရောက်နေရင်လည်း ဒါ နဂို ကတည်းက မသိလို့ ကိုယ်မျှော်လင့်ထားတာ ကိုယ်နဲ့ထိုက်တန်လို့ ရောက်လာတာ၊ ကောင်းတဲ့ အရာတွေဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့ ထိုက်တန်လို့ ရောက်လာတာပါ။ အဲဒီတော့ သဘောထားကိုက ရောက်လာတဲ့ပစ္စည်း တွေဟာ ကိုယ်က လက်ခံထားတာ။ စိတ်သဘောထား အရ ကိုက ဒါတွေရမယ်လို့ မျှော်လင့်ထားတယ်။ လက်ခံထား သလောက်ပဲရတယ်။
ဒဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိလမ်းနဲ့ လိုက်တဲ့အခါမှာ ဆန္ဒဓာတ် ပြင်းထန်ဖို့လိုတယ်။ စောစောကပြောတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ . . . ၊ ဒါမှမဟုတ်ရင်လည်း စိတ်အမူအရာ၊ နှုတ်အမူအရာ၊ ကိုယ် အမူအရာတွေနဲ့။ မရဘဲမနေဘူး၊ ဒါကို ရအောင်လုပ်မယ်။ ဘာလဲအခုဟာ သိဒ္ဓိနည်းနဲ့ ဘာကိုလုပ်မှာလဲ။ ချမ်းသာ ကြွယ်ဝခြင်းကိုလုပ်မှာ။ ဒါပေမဲ့ ကိုယ့်မှာတော့ ၀င်ငွေနဲ့မပြည့်စုံဘူး၊ ချမ်းသာကြွယ်ဝအောင် အရင်လုပ်ရမယ်။ သိဒ္ဓိထက် အရေးကြီးသေးတယ်။
လူ့လောကကြီးမှာ တင့်တင့်တယ် တယ်နေပြီးမှ သိဒ္ဓိလမ်းကိုသွားပြီးတော့ တကယ်လို့ပေါက် မြောက်သွား လည်း ပေါက်မြောက်တဲ့ အတိုင်း ဆက်ပြီးချီတက် သွားဖို့ပါပဲ။ အဲဒီတော့ ဗမာစကားမှာ အယူသည်းတယ်ဆိုတဲ့ စကားရှိတယ်။ အဲဒီစကားတော့ ကြားဖူးကြတယ်။ အယူ သည်းတယ်ဆိုတာ ယူထားတဲ့ အယူကို ခပ်သည်းသည်းလေး ယူထားတာ အယူသည်းတာ။
အခုပြောမယ့် စကားဟာ အထင်သည်းတယ်လို့ ပြောတာ။ ဒီစကားကတော့ သုံးတာ နည်းပါတယ်။ စိတ်နဲ့ ပတ်သက်လို့ တန်ခိုးရှိတယ်။ အဲဒီစိတ်ဆို တာလည်း အခုနက ဝေဒနာ . . . ၊ဝေဒနာ နားမှာ ရှာမယ်။ ဝေဒနာနားမှာ ခံစားဖို့ဆန္ဒ၊ အဲဒါတွေဖော်စပ်ရင် သိဒ္ဓိတွေဖြစ် တယ်ဆိုတာကို အထင်သည်းထားရတယ်။ အယူသည်းတာထက် ပိုတာပေါ့။ ထင်ထားတာကိုး။ စိတ်က ဖြစ်မယ်လို့ တစ်ဖက်ကနေ တွေးပြီး မြှောက်ပင့် ပေးထားမှလည်း သူက လုပ်လို့ရတယ်။ အဲဒီတော့ အလွန်ဝီရိယကောင်းတယ်။
အဲဒါ ဘာဖြစ်လာလဲဆိုတော့ ဝေဒနာတွေ ထပြီးတော့ မျှော်လင့် ချက်တွေဖြစ်လာတဲ့အခါမှာ သူဟာ ၀ီရိယကောင်းလာတာ ပေါ့။ ဟာ . . . ဒီလူတစ်ယောက်က လုပ်လိုက်တာ အံ့မခန်းပဲ၊ ၀ီရိယတွေ ကောင်းနေတာ။ ဒါပေမဲ့ သူ့အတွက်တော့ သာမန်ပါပဲ။ သူ့မျှော်လင့်ချက်နဲ့ သူ လုပ်နေတာ။ သိပ်အကြီးအကျယ် ကြီး လုပ်ရတာ မဟုတ်ပါဘူး။ အဲဒီတော့ အထင်သည်းစိတ်ပေါ့။
ကိုယ့်စိတ်ကို ကိုယ်လည်း မကြာခဏ စေ့စော်ပေးရတယ်။ ဝေဒနနာတွေ၊ ပေါ်ထလာရင် ငါလိုချင်တဲ့အရာတွေ ရပြီ၊ ရွှေလည်းရမယ်၊ စိန်လည်းရမယ်၊ အောင်မြင်မှုတွေလည်း ရမယ်။ ချမ်းသာကြွယ်ဝခြင်းဆိုတာလည်း အကြောင်းမဟုတ် တော့ဘူး။ ရမယ်လို့ နားလည်ထားရမယ်။ ဒါ ကျိန်းသေကြီးလို့ကို နားလည်ထားရမယ်။
ချမ်းသာကြွယ်ဝခြင်းကို ထုတ်လုပ်မယ့်စက်ရုံကြီး တစ်ခုရှိတယ်။ ခန္ဓာကိုယ်မှာ။ အဲဒီစက်ရုံကြီးဟာ ဝေဒနာတွေ ကို စုဝေးပြီးတော့ ပြင်းထန်အောင် လုပ်တဲ့ နေရာကြီး။ ညှို့ ဓာတ်တို့ရဲ့တည်ရာလည်းပဲဖြစ်တယ်။ အဲဒါ ဘယ်နားမှာလဲဆို လူရဲ့အစာအိမ်၊ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အောက် နံရိုး၊ အစွန် ဆုံးနံရိုးအောက်မှာ ကျောရိုးရဲ့အတွင်းဘက်မှာ၊ အဲဒါ တချို့ ကတော့ ဦးနှောက်ထွေးလို့ခေါ်တယ်။ တချို့ကလည်း သံလိုက်ဓာတ်လို့ခေါ်တယ်။ တချို့ကလည်း ဝေဒနာထရာလို့ ခေါ်တယ်။ အဲဒါဟာ တကယ့် စက်ရုံကြီးပါပဲ။ ချမ်းသာ ကြွယ်ဝခြင်းကို ထုတ်လုပ်ပေးမယ့် စက်ရုံကြီးလို့ နားလည်ပါ။
အဲဒီမှာ ဘာတွေလုပ်သလဲလို့ဆိုရင် ဒီနေရာကနေ ဝေဒနာတွေကို အကြောအချဉ်ပေါင်းစုံ သူကနေ ဒိုင်ခံဖြန့်ပေးတဲ့ ဖြန်ဖြူးရေး ဌာနကြီးပဲ။ ဝေဒနာဓာတ်ရုံကြီးလို့ပဲ နားလည်လိုက်ပါ။ အခြားသူရဲ့ ဦးနှောက်ကိုလည်း ဒီဓာတ်ရုံကြီးကနေ ထုတ်လုပ်တဲ့ ဝေဒနာတွေကနေ လွှမ်းမိုးအောင် သူက အမြဲ တမ်းကြိုးစားတယ်။
လက်ဝဲဘက် ၀မ်းဗိုက်ရဲ့ အစာအိမ်ရဲ့ အောက်နားမှာရှိတဲ့ သရက်ရွက်ကနေပြီးတော့ လှုပ်ရှားလာတာနဲ့ ဒဲဒီဓာတ်ရုံကို အလုပ်လုပ်ဖို့ပေးတာပဲ။ အဲဒီသရက် ရွက်ဆိုတာဟာ ဘာလုပ်သလဲဆိုရင် ဝေဒနာတွေကို လှုပ်ခတ်အောင်လုပ်ပေးတဲ့ အရာလို့ခေါ်တယ်။ အင်္ဂလိပ်လို စပလင်းလို့ခေါ်တယ်။ ကျုပ်တို့လူမှာ အသက်ရှင်တဲ့ ဓာတ်ပေါ့။ လှုပ်ရှားစေတဲ့ ဓာတ်ဟာ အဲဒီသရက်ရွက်နားမှာ ရှိတယ်။ အဲဒါ အသက်ဓာတ်ပဲ။ အသက် ဘယ်နားမှာရှိလဲလို့ အကြမ်းဖျင်းပြောရင် သရက်ရွက်လို့သာပြော။ အဲဒီသရက်ရွက်ဟာ အသက်ဝင်တဲ့ ဓာတ်ပဲ။
အဲဒါ ပြင်းထန်တဲ့ အရှိန်နဲ့ အသက်ဝင်လာပြီးတော့ ဦးနှောက်ကို ကူးလာပါတယ်။ ဝေဒနာအဖြစ်နဲ့ ကူးသန်းသွား ပြီးတော့ အဲဒီဝေဒနာဓာတ်ဟာ တစ်ကိုယ်လုံးကို အဲဒီသရက် ရွက်နေရာကနေ ဖြန့်တယ်။ အဲဒီမှာ သရက်ရွက် လှုပ် ခတ်မှုနည်းလာပြီ၊ လှုပ်ခတ်မှုနှေးလာတယ်ဆိုရင် အသက် ရှင်တဲ့ဓာတ်လည်း နည်းလာတယ်။
အဲဒီအခါမှာ ဝေဒနာ လည်း မကူးလျှောက်တော့ဘူး။ မကွန်မြူးတော့ဘူး။ ဦးနှောက် က ကျစ်သွားတယ်။ မလှုပ်ရှားတော့ဘူး။ အဲဒီအခါမှာ လူဟာ မအီမသာဖြစ်တယ်၊ ပျင်းရိလေးလံတယ်။ ရောဂါဖိစီး သလို ခံစားရတယ်။ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်တယ်ဆိုတာ အဲဒီဝေဒနာဓာတ်ရုံကြီး သို့မဟုတ် ဝေဒနာအလုပ်ရုံကြီး နားက သရက်ရွက်ရဲ့ အခြေအနေပေါ်မှာဖြစ်တယ်။
Posted in: မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ် , အဘမင်းသိင်္ခအလွမ်းပြေ
No comments:
Post a Comment