လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မေတ္တာတရားတွေ ခေါင်းပါးနေကြပြီလား

 MyMedia

 ဒီပုံကိုတင်လိုက်လို့ ဓါတ်ပုံထဲမှအဘိုးအိုကို သိက္ခာချသလိုဖြစ်ခဲ့ရရင်
ဦးစွာတောင်းပန်လိုပါတယ်…
ဒီဓါတ်ပုံက လှိုင်းကားတစ်စီးပေါ်မှာ ကျနော် ရိုက်လိုက်မိတာပါ။
လိုင်းကားပေါ်မှာ လူရှင်းနေတယ်ဆိုတာ ပုံကိုကြည့်ရင် သိနိုင်မှာပါ။
အသက်ရှစ်ဆယ်ခန့်ရှိပြီဖြစ်တဲ့ ဒီအဘိုးအိုက သမိုင်းမှတ်တိုင်မှ တက်လာ
တာပါ။ တုန်တုန်ချိချိနဲ့ လွယ်အိတ်လေးကိုလည်းလွယ်ထား ပါသေးတယ်။
ထိုင်ခုံ နေရာမရှိသည်မို့ အဘိုးအိုက တုန်တုန်ချိချိနဲ့ ပထမတော့ မတ်တပ်ရပ်
နေပါသေးတယ် ။ နောက်တော့ မဟန်နိုင်တော့ဘဲ ကားရဲ့ကြမ်းပြင်ပေါ်မှာ
ထိုင်ချလိုက်ပါတော့တယ် ။
သူထိုင်နေတဲ့ဘေးက ထိုင်ခုံမှာက အသက်( ၁၈ )နှစ်အရွယ်
ကောင်လေးတစ်ယောက် အခန့်သားထိုင်နေပါတယ်။
အနီးအနားမှ ထိုင်ခုံတွေမှာလည်း လူရွယ်တွေ ထိုင်နေကြတာပါ။
လူရှင်းနေသည်မို့ ကားတစ်စီးလုံးမြင်နေကြပါတယ် အံ့သြဖို့ကောင်းစွာ
တုန်ချိနဲ့ နေတဲ့အဘိုးအိုအတွက် နေရာတစ်နေရာစာ ဘယ်သူမှမကူညီ
ကြပါဘူး ။ ကျနော်လည်း မတ်တပ်ရပ်နေရသူမို့ စိတ်မကောင်းစွာ
ကြည့်နေရပါတယ်။
အလှမ်းဝေးတဲ့ လူတွေကတော့ထားပါ။ အနီးအနားမှ လူများကမသိချင်
ယောင်ဆောင်နေကြပါတယ်။ မေတ္တာတရားတွေ ခေါင်းပါးနေကြပြီလား။
အဘိုးအိုတစ်ယောက်ကို နေရာတစ်နေရာစာ ပေးလှူဖို့ဆိုတာ ကိုးကွယ်ရာ
ဘာသာတွေနဲ့မဆိုင်ပါဘူး ။ ကိုယ်ချင်းစာနာတတ်တဲ့ မေတ္တာနဲ့ပဲဆိုင်တာပါ။
မေတ္တာမဲ့ကြသူများလို့ ဆိုချင်ပါတယ်။
တွေ့ဖူး…မြင်ဖူးကြမှပါ ။ ပိုက်ဆံချမ်းသာသောသူတွေ ရဟန်းတွေ သီတင်း
သုံးနေထိုင်ဖို့အတွက် နေရာဖြစ်တဲ့ ကျောင်းတွေ ဆောက်လှူကြ သိမ်တွေ
ဆောက်လှူနေကြတာကို မြင်ဖူးကြ ကြားဖူးကြမယ်ထင်ပါတယ်။
ကျနော်တို့တွေ သိန်းပေါင်းမြောက်များစွာအကုန်ခံပြီး အဲ့ဒီလိုနေရာမျိုး
မလှူနိုင်ကြပေမယ့် ကျနော်တို့ခရီးသွားလာရင်း လိုင်းကားတွေပေါ်မှာ
သံဃာတော်တွေအတွက် အသက်အရွယ်ကြီးရင့်တဲ့ အိုမင်းမစွမ်း အဘိုးအို
အဘွားအိုတွေအတွက် ကျန်းမာရေးမကောင်းရှာတဲ့ လူတွေအတွက်ကိုယ်ထိုင်
နေတဲ့ နေရာလေးတစ်နေရာစာကို ကုသိုလ်ပြုလှူဒါန်းကြမယ်ဆိုရင်
ကျောင်း သိမ် ဆောက်လုပ်လှူဒါန်းကြသူများလိုပဲ ကုသိုလ်ထူးတွေကို ရကြမှာပါ ။ အဓိက မေတ္တာထားနိုင်ဖို့ ကြင်နာတတ်ဖို့ပဲ လိုအပ်ပါတယ်
==========


Aung Myo Htet

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>