လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စိတ်ဖြေနည်း

Tun Kyaw

၁။ သင့်ကို ပျော်ရွှင်စေတဲ့ message တစ်ခုခု ရပါက သင် ပြုံးဖို့မမေ့ပါနဲ့။ ပြီးရင် အဲ့ဒီ့ message ကို ဖျက်ပစ်လိုက်ပါ။.

၂။ ပိုက်ဆံကို ဘယ်လို ရှာရမလဲဆိုတာ စဉ်းစားပါ။ ပိုက်ဆံကို ဘယ်လိုချွေတာရမလဲဆိုတာ မစဉ်းစားပါနဲ့။.

၃။ ဒေါသထွက်တဲ့အခါ ၁ ကနေ ၃၀ အထိ စိတ်ထဲကရေတွက်ပါ။ ပြီးမှ စကားဆက်ပြောပါ။.

၎။ လိုချင်ရင် ကိုယ့်ကိုကိုယ်ကြိုးစားပြီး ၀ယ်ပါ။ တခြားသူကို မ၀ယ်ခိုင်းပါနဲ့။
.
၅။ အချိုရည် တွေလျော့သောက်ပါ။ ရေများများသောက်ပါ။
.
၆။ ၂၄ နာရီလုံးကို အသုံးပြုပြီး လူ တစ်ယောက်တည်းကို မလွမ်းနေပါနဲ့။ အချိန်တချို့ကို မိသားစုနဲ့ သူငယ်ချင်း တွေကို ခွဲပေးလိုက်ပါ။.

၇။ မစားနိုင်တော့မှ အန်ထုတ်ပစ်ဖို့ မကြိုးစားပါနဲ့။ မစားခင်ကတည်းက သေချာစဉ်းစားပါ။
.
၈။ အထီးကျန်တဲ့ အခါ သီချင်းဆွေးတွေနားထောင်ပြီး အင်တာနက်စာမျက်နှာပေါ်မှာပဲ ပတ်ချာလည်မနေပါနဲ့။ အားကစားတစ်ခုခုလုပ်၊ ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေပြောပစ်ပါ။ ပိုပြီး နေလို့ကောင်းသွားပါလိမ့်မယ်။
.
၉။ လိုချင်တဲ့ ပစ္စည်းကို ၀ယ်ပါ။ ပိုက်ဆံတော့ ချေးပြီး မ၀ယ်ပါနဲ့။ သေချာစဉ်းစား၊ ဆုံးဖြတ်ပြီးပြီဆို နောင်တ မရမိပါစေနဲ့။
.
၁၀။ ကောင်းမွန်တဲ့စာတွေ များများဖတ်ပါ။ သင့်ဦးနှောက်ကို သင်ထွန်ယက်ပါ။ ဘ၀ကို မြင့်တင်ပါ။


No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>