လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ရှယ်ယာ ဘာအန္တရာယ်ရှိမလဲ

ရှယ်ယာ ဘာအန္တရာယ်ရှိမလဲ

ရှယ်ယာ ထုတ်ရောင်းခြင်း၏ အဓိက ရည်ရွယ်ချက်သည် လုပ်ငန်း တိုးချဲ့ရန်အတွက် လိုအပ်သော ငွေကြေး အရင်းအနှီး ရရှိနိုင်ရန် ဖြစ်သည်။ရှယ်ယာ ဝယ်ယူခြင်းသည် ဘဏ်တွင် ငွေစုဆောင်းခြင်းနှင့် ပုံစံ တူသယောင် ရှိသော်လည်း ကွဲပြားခြားနားသည်။

ဘဏ်တွင် ငွေစုဆောင်းလျှင် အဆိုပါ ဘဏ်လုပ်ငန်း ရှုံးခြင်း၊ မြတ်ခြင်းကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ဘဲ သတ်မှတ်ချိန် ကာလအတွင်း ပုံမှန်အမြတ် (အတိုး) ရရှိနိုင်သည်။အများအားဖြင့် ကုမ္ပဏီတစ်ခု၏ ရှယ်ယာကို ဝယ်ယူမည်ဆိုလျှင် ယင်းကုမ္ပဏီ၏ လုပ်ငန်း အမြတ်ရမှသာ ရှယ်ယာ ဝယ်ယူသူလည်း ပိုမိုအကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။ထို့အပြင် အများပိုင် ကုမ္ပဏီကြီးတစ်ခု ပြိုကွဲသည်နှင့် တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံ ထားသူများ (ယင်းကုမ္ပဏီ၏ ရှယ်ယာ ဝယ်ယူထားသူများ) လည်း ဆုံးရှုံးနစ်နာမည် ဖြစ်သည်။

ဘဏ်တွင်ငွေ စုခြင်းထက် ရှယ်ယာ ဝယ်ယူခြင်းသည် အကျိုးအမြတ် ပိုမိုရရှိသည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သော်လည်း
ပို၍ စွန့်စားရသည်။ ယင်းရှယ်ယာကို ထုတ်ဝေ ရောင်းချသည့် ကုမ္ပဏီ၏ ငွေကြေးအင်အား တောင့်တင်းမှု၊ ဈေးကွက် မဟာဗျူဟာ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားမှုနှင့် ကုမ္ပဏီ၏ သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရှယ်ယာရှင်များကို အသိပေးနိုင်မှု တို့ကို အခြေခံ၍ အကျိုးအမြတ် ရနိုင်ခြေကို တွက်ချက် ရင်းနှီးမြှုပ်နှံရခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းနေသည့် ပုံစံမှာ မရှိသေးသော အိမ်အတွက် မြေကွက်ဝယ်ရန် ငွေလိုက်စုနေ သကဲ့သို့ ဖြစ်နေကြောင်း အမေရိကန် ကြော်ငြာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Young & Rubiciam ၏ အစုရှယ်ယာဝင် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးကျော်မျိုးထွန်း ရေးသားသည့် ခေတ်ပေါ် ငွေကြေး စီမံခန့်ခွဲမှု၏ အခြေခံ သဘောတရားများကို နားလည်ခြင်း စာအုပ်တွင် ဖော်ပြထားသည်။ယင်းအချက်သည် ရှယ်ယာဝယ်ယူ စုဆောင်းလိုသူတိုင်း သတိထားသင့်သည့် အချက်တစ်ခုလည်း ဖြစ်သည်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>