ငွေကြေးဆိုင်ရာ စီမံခံ့ခွဲမှု :(၄)မျိုး
လူတစ်ယောက်တွင်ရှိသင့်သော ငွေကြေးဆိုင်ရာစီမံခံ့ခွဲမှုပုံစံများရှိကြလေ၏။၎င်းတို့မှာ စား၊ ရင်း၊ စု၊ လှု ဟူ၍ဖြစ်ကြလေ၏။၎င်းတို့၏အဓိပ္ပာယ်များမှာ...
၁။စားအသက်ရှင်သန်ရန်လိုအပ်ချက်အတွက် နေ့စဉ်စားသုံးရန်တစ်စုခွဲဝေထားခြင်း...
၂။ရင်းလုပ်ငန်းစတင်ချိန်က အသုံးပြုခဲ့သောအရင်းအနှီး(သို့)လုပ်ငန်းတဖန်ပြန်လည်ရင်းနှီးမြှုတ်နှံရန် အတွက်တစ်စုခွဲဝေထားခြင်း...
၃။စုနေ့စဉ်စားသုံးမှု၌လိုအပ်လာလျင်လည်းကောင်း၊ပြန်လည်ရင်းနှီးရန်လိုအပ်လာလျင်လည်းကောင်း၊ မိမိအလိုရှိသောအချိန်တွင်အသုံးပြုရန် တစ်စုခွဲဝေထားခြင်း...
၎။လှူမိမိ၌စားသောက်ရန်၊ ပြန်လည်ရင်းနှီးရန်၊ အလိုရှိကအသုံးပြုရန် ငွေကြေးပြည့်စုံနေပါက သီလ၊ သမာဓိ၊ပညာ၊ ဝိမုတ္တိ တို့နှင့်ပြည့်စုံသော ပညာရှိသူတော်ကောင်းအပေါင်းတို့အားလည်းကောင်း၊ မိမိကဲ့သို့မရှိရှာသော လူဟူသောအမျိုးနွယ်တူ ဒုက္ခသည်အပေါင်းတို့အားလည်းကောင်း၊ အဟိတိရိစ္ဆာန်တို့အားလာ်းကောင်း လှူဒါန်း၊ ပေးကမ်း၊ ကျွေးမွေးရန်တစ်စုခွဲဝေထားခြင်း...
ဤ (၄) ချက်ဖြင့်ထိမ်းသိမ်းသင့်ပေ၏။
ကံကောင်း
No comments:
Post a Comment