လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဘဏ္ဍာရေးပြဿနာ၏ သဘောတရား

ဘဏ္ဍာရေးပြဿနာ၏ သဘောတရား

နိုင်ငံတစ်ခု၏ စီးပွားရေးကို သက်ဆိုင်ရာ အစိုးရများက စိမံခန့်ခွဲကြရာတွင် အခြေခံသဘောတရားမှာ
ထိုနိုင်ငံရှိ ရောင်းစရာ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုအရ (GDP) နှင့် ၀ယ်စရာငွေ (လှည့်လယ်ငွေ Money in Circulation) တို့၏ မျှခြေကို ထိန်းသိမ်းပေးသည့် သဘောဖြစ်သည်။
တစ်နည်းအားဖြင့် ရောင်းစရာပစ္စည်း၊ ၀န်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေကာ ၀ယ်စရာငွေ (လှည့်လယ်ငွေ) ကိုလည်း ဈေးနှုန်းများ မပြောင်လဲဘဲ လိုက်ပါတိုးတက်အောင် ထိန်းသိမ်းပေးသည့် သဘောဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးနှုန်းများတည်ငြိမ်မှုကို တစ်ပြိုင်နက် အကောင်အထည် ဖော်သည့် သဘောဖြစ်သည်။
ဤနေရာတွင် ဘဏ်လုပ်ငန်းများ ပေါ်ပေါက်လာသောအခါ ၀ယ်စရာငွေ (လှည့်လယ်ငွေ Money in Circulation) မှာ ရိုက်နှိပ်ထုတ်ဝေ ထားသော ငွေကြေးသက်သက်မဟုတ်တော့ဘဲ  ဆပွားသုံးစွဲနိုင်သည့် သဘောဖြစ်လာခဲ့ရာ ရောင်းစရာပစ္စည်းနှင့် မျှခြေမပျက် လိုက်ပါတည်ရှိရမည့် ၀ယ်စရာငွေ (လှည့်လယ်ငွေ Money in Circulation) ကို ထိန်းသိမ်းရေးမှာလည်း ခက်ခဲလာခဲ့သည်ကို တွေ့ရသည်။
ဘဏ်စနစ်ဖြင့် ရိုက်နှိပ်ထားသည့် ငွေကြေးကို ဆပွားသုံးစွဲပေးသည့် ပုံသဏ္ဍာန်ကို နားလည်နိုင်ရန် အောက်ပါ ဥပမာကို ကြည့်နိုင်ပါသည်။



1.    ဒေါ်လှသည် ၎င်းအမွေရသော ကျပ်သိန်း (၁၀၀) ကို “ဘုန်းရင်းနှီးမြှုပ်နှံမှုဘဏ်” တွင်စုငွေအဖြစ် အပ်နှံလိုက်သည်။

2.    “ဘုန်းရင်းနှီးမြှုပ်နှံမှုဘဏ်” သည် အဆိုပါအပ်ငွေ သိန်း (၁၀၀) အနက်မှ ကျပ်သိန်း (၉၀) ကို ဦးခင်အား ထုတ်ချေးလိုက်ပါသည်။

3.    ဦးခင်က မြေပိုင်ရှင်တစ်ဦးထံမှ မြေတစ်ကွက်ကို ၀ယ်ယူလိုက်ရာ မြေပိုင်ရှင်က အဆိုပါငွေကို “ဘုန်းရင်းနှီးမြှုပ်နှံမှုဘဏ်” သို့လာ၍ ငွေအဖြစ် အပ်နှံပြန်သည်။

4.    “ဘုန်းရင်းနှီးမြှုပ်နှံမှုဘဏ်” သည် အဆိုပါ အပ်ငွေ သိန်း (၉၀) အနက်မှ ကျပ်သိန်း (၈၀) ကို ဦးမြင့်အား ထုတ်ချေးပြန်သည်။

5.    ဦးမြင့်သည် အဆိုပါ ကျပ်သိန်း (၈၀) ဖြင့် ဂျစ်ကားတစ်စင်း ၀ယ်ယူရာ ဂျစ်ကားပိုင်ရှင်က “ဘုန်းရင်းနှီးမြှုပ်နှံမှုဘဏ်” သို့ စုငွေ အဖြစ်လာအပ်ပြန်သည်။ အထက်ပါ ဥပမာအရ “ဘုန်းရင်းနှီးမြှုပ်နှံမှု ဘဏ်” သို့ အပ်နှံသူ (၃) ဦးမှ အပ်နှံငွေ စုစုပေါင်း ကျပ်သိန်း (၂၇၀) အပ်နှံထားသည်ကို တွေ့နိုင်ပါသည်။
                အမှန်တကယ်ရှိနေသော ငွေကြေးမှာ ကျပ်သိန်း (၁၀၀) သာဖြစ်ပါသည်။ ကျန်သော ကျပ်သိန်း (၁၇၀) မှာ ဘဏ်လုပ်ငန်း စနစ်ရှိနေသောကြောင့် ပွာသုံးထားသောငွေ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ၌  ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရာတွင် ၀ယ်စရာ ငွေရှားပါးသွားပြီး ကျပ်သိန်း (၁၀၀) မှ (၂၇၀) ဖြစ်စေသော ဘဏ်စနစ် ရပ်ဆိုင်းသွားသောကြောင့် ဒေါ်လာဈေး အပါအ၀င် ငွေကြေးဈေးကွက်၌ ဈေးနှုန်းများ ကျဆင်းသွားသည်ကို တွေ့ခဲ့ကြရပါသည်။
ယနေ့ဖြစ်ပေါ်နေသော ဘဏ္ဍာရေး ပြဿနာသည် အလားတူ သဘောတရား ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားသောကြောင့် ၀ယ်စရာငွေ (လှည့်လယ်ငွေ)နှင့် ၀ယ်လိုအား ရှားပါးသွားပြီး တစ်ကမ္ဘာလုံး ဈေးနှုန်းများ ကျဆင်းကုန်ခြင်း ဖြစ်ပါသည်။

      leader biz

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>