လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ငွေ ဘယ်လို ရှာကြသလဲ … ဘယ်လို ရှာကြ မလဲ…?

ငွေ ဘယ်လို ရှာကြသလဲ … ဘယ်လို ရှာကြ မလဲ…?

· လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ…အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်…ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်…

( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)

ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှံ- သူ တစ်ယောက် အဖြစ် ( Investor )


( 1 ) ဝန်ထမ်းအဖြစ် (Employee)

ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့…သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အ လုပ်လုပ် ကြရပြီ…ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာသူတို့ ဘဝ ချမ်းသာမြင့်မား ဖို့ ထက် …သူတို့ကို အ လုပ်ပေးထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင်လုပ်ပေးနေကြရတယ်…သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ …ရပ်တည်နိုင်ရုံလောက်ပဲ ရကြတာများတယ်…ဒါကြောင့် JOB ကို အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခု ရှိတယ် …Just Over Broke တဲ့ ….မမွဲရုံ တမယ်ပေါ့….

( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)

သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့…ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေစရာမလိုဘဲ…ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်…ကိုယ် ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့… ဒါပေမဲ့ ငွေရှာဖို့ … ကိုယ်တိုင် အလုပ် လုပ်ကြရတယ်…အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုမှာတွယ်ငြိ နစ်မြုပ်သွားတတ်တယ်…ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့ဒီထက်ပို မတတ်နိုင်တော့တော့ပဲ တန့်သွားတာမျိုး ဖြစ်သွားတတ်တယ်…..

***E နဲ့ S တွေဟာ ငွေကြေးလွတ်လပ်မှူ  , အချိန်လွတ်လပ်မှူ တွေကိုရရှိ ပိုင်ဆိုင်နိုင်ပါ့မလား…?ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား…?

 ( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )

သူကတော့ စနစ် တစ်ခုကို ပိုင်ဆိုင်တယ်…( System )ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့ အစားအလုပ်တွေ အများကြီးလုပ်ခိုင်းတယ်…သူကတော့ သေချာ စောင့်ကြည့်ရင်း သူ့စနစ်ကိုကောင်းသထက်ကောင်းအောင် ပြင်နေတယ်…သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ…စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှဝင်ငွေတွေ တိုးလာ… အချိန်လွတ်လပ်မှူတွေ ပိုရလာတာပေါ့…

( 4 ) ရင်းနှီးမြှုပ်နှံ သူ တစ်ယောက် အဖြစ် ( Investor )

သူကတော့ အရမ်းရိုးရှင်းပါတယ် …သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ..- .ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်အတွေ့အကြုံ နဲ့ ပညာတွေ ရှိနေပြီလေ….ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့…

    ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ … ?
    ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ … ?
    ပြောင်းလဲ ချင်ပြီလား …?
     ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလာ- … ?
     မပြောင်းလဲနိုင်တော့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုး နဲ့ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား … ?
     ကျွန်တော်တို့က တော့ ကြိုးစားနေပါတယ် …B နဲ့ I ကို ရောက်ဖို့ပေါ့ …( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့ S ကို လုပ်ရင်းB သမား တစ်ယောက်ဖြစ်အောင်ကြိုးစား နိုင်ဖို့ … ကြိုးစားနေဖို့ ….ကျွန်တော် ဝေမျှပေးတာပါ…. ) မိတ်ဆွေလည်း တကယ် ကြိုးစားချင်တယ် ဆိုရင်ကျွန်တော်တို့နဲ့ လက်တွဲနိုင်ပါတယ်..- .အတူတကွ ကြိုးစားကြတာပေါ့..- .

           ကိုဇင်ဇေ (STG)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>