လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အိမ်ထောင်ပြုတော့မယ်ဆို သေချာစဉ်းစားတက်ဖို့

❤💚❤💚❤💚❤💚❤💚❤💚❤

💚 အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါ …
❤ ရာနှုန်းပြည့်ပျော်ရွှင်တဲ့ချစ်ခြင်းကိုရဖို့ …
💜 အချစ်က ၂၅%
💙 နာလည်မှု ၂၅%
💛 ငွေကြေးပြည့်စုံမှုက ၅၀% လိုပါတယ်၊၊


💚 တစ်ကယ်ချစ်ဖို့ပဲလိုတယ်…
❤ သစ္စာရှိဖို့ပဲ လိုတယ်ဆိုတာတွေက…
💜 ဟိုး....အဝေးကြီးမှာကျန်ခဲ့ပါပြီ၊၊

💙 အပေါ်မှာပြောခဲ့သလို လူနှစ်ယောက်ပေါင်းစည်းဖို့က ……
💛 ရာနှုန်းအချစ်တစ်ခုတည်းနဲ့ ဘဝကိုအတူဖြတ်သန်းဖို့ဆိုတာ
💚 ဟိုးအရင်ကတော့ ရှိရင်ရှိခဲ့ပါလိမ့်မယ်၊
❤ အခုခေတ်မှာတော့မရှိတော့ဘူး။

💜 ငွေတွေဂုဏ်တွေမလိုပါဘူးကိုရယ် ဆိုတာတွေက……
💙 အချစ်မူးတုန်း အချစ်ရူးတုန်းအချိန်ခဏပါ……
💛 အချစ်မှာမျက်စိမပါဘူး……
💚 ဦးဏှောက်မှာတော့မျက်စေ့ပါဖို့လိုတယ် တဲ့ …

❤ ဒီတော့ မိန်းကလေးဘက်ကလည်းစဉ်းစားပါ…
💜 ကိုယ်ယူမဲ့ယောက်ျားက ငွေမရှိသော်ငြားလည်း …
💙 ငွေရှာနိုင်တဲ့အရည်အချင်းပါရှိဖို့တော့လိုလိမ့်မယ်။

💛 မျက်စိတစ်ဆုံးကိုတွေး မျက်တောင်တစ်ဆုံးကိုမတွေးနဲ့…
💚 ကိုယ်တို့လက်ထပ်ပြီးရင် စက်ရုံတစ်ခုခုမှာ လခစားဘဝနဲ့
❤ လင်မယားနှစ်ယောက်အတူတူကြိုးစားပြီး …
💜 ဘဝကိုဖြတ်သန်းကြမယ် ဆိုတဲ့ အတွေးအခေါ်က…
💙 အရမ်းအရမ်းကိုမှားပါတယ် ။

💛 ဒီစကားပြောရတာက ဘယ်သူ့ကိုမှစော်ကားလိုခြင်းမရှိပါဘူး
💚 ကျွန်တော့်သွေးသားထဲမှာကို လခစားလင်မယားအတွဲတွေ…
❤ အများကြီးရှိပါတယ်၊ (ရိုကျိုးသောလေသံဖြင့် )

💜 ဆိုလိုတာက အခုခေတ်ကြီးမှာ မြန်မာပြည်မှာပေါ့ဗျာ…
💙 ဝန်ထမ်းလစာဆိုတာ လကုန်ရင် သားရေကွင်းပဲ…
💛 ကျန်တဲ့အခြေအနေမဟုတ်လား...?
💚 ရိုးရိုးဝန်ထမ်းဘဝနဲ့ ဘယ်သူများချမ်းသာတယ်ကြားဖူးသလဲဗျာ
❤ ရာထူးကြီးကြီးတွေကိုတော့ မဆိုလိုဘူးပေါ့ ( ပြုံးလျှက် )

💜 ဆိုလိုရင်းက အခုမှအဓိကအချက်ကိုပြောပြမှာ-

💙 ပြည့်စုံပြီးသားသူတွေ အိမ်ထောင်ပြုတာကို အားမကျနဲ့…
💛 ကမ္ဘာမှာ ဘိုးဘွာစဉ်ဆက်ချမ်းသာသူ …
💚 မိဘအမွေနဲ့ချမ်းသာသူက ၉၅%ရှိပြီး……
❤ ကိုယ်ပိုင်အရည်အချင်းနဲ့ချမ်းသာသူက ၅%ပဲရှိသတဲ့…

💜 ဒီတော့ ကျွန်တော်တို့က
❤ သူများတွေကိုအားကျနေဖို့အချိန်မရှိဘူး
💙 ၅%သော ချမ်းသာသူစာရင်းဝင်ဖို့ သူများတွေထက်…
💚 ပိုကြိုးစားကြရလိမ့်မယ်၊ သူများတွေထက် ……
❤ အမျှော်အမြင်ပိုကြီးရမယ် ။

💜 သူများတွေထက် မျက်စေ့တစ်ဆုံးကြည့်တတ်ရမယ်…
💙 လက်ရှိပစ္စုပ္ပန်နဲ့ အနာဂ္ဂါတ်ကိုပါ လှမ်းမြင်နိုင်စွမ်းရှိရမယ်…
💚 ဒါမှလည်း ကိုယ်ဖြတ်သန်းရတဲ့ဘဝက……
💛 လှပတော့မှာမဟုတ်လား ။

❤ ဒီတော့ တွေးလိုက်မိတယ်၊ သူများသားသမီးကို……
💜 ကိုယ့်ဘဝထဲခေါ်ပြီး နှိပ်စက်ရာများကျနေမလား-
💙 မိန်းကလေးဆိုတာကလည်း တစ်သတ်မှာတစ်ခါပဲ……
💛 မင်္ဂလာအရှိဆုံးအချိန်ဆိုတော့ သူ့အသိုင်းအဝိုင်းကြားမှာ
💚 သူ့မိဘဂုဏ်ရှိဖို့ တင့်တောင့်တင့်တယ်လေး …
❤ မင်္ဂလာပွဲလုပ်ချင်ကြမှာပဲလေ…
💜 ဒါက မိန်းကလေးတိုင်းရဲ့စိတ်ကူးအိပ်မက်ဆိုတာ
💙 ငြင်းပယ်လို့မရပါဘူး…

💛 ဘဝအာမခံချက် ဘာတစ်ခုမှမရှိပဲ……
❤ ဘာတွေလုပ်စားကြပြီး ဘယ်လိုတွေခရီးဆက်ကြမလဲ...?
💚 အနည်းဆုံးတော့ ကိုယ်ပိုင်လုပ်ငန်းလေးရယ်…
💜 ငွေရှာနိုင်တဲ့အရည်အချင်းရယ်…
💙 ဒီနှစ်ခုတော့ရှိသင့်တယ်မဟုတ်ပါလား...?

💛 စဉ်းစားပါ။

💚 အိမ်ထောင်ပြုမယ်ကြံတိုင်း …
❤ နှစ်ဦးနှစ်ဖက်စလုံး စဉ်းစားပါ ။
💜 ကလေးကစားစရာ မဟုတ်လို့ …
💙 လွယ်လွယ်တွေး လွယ်လွယ်ဆုံးဖြတ်ခဲ့ကြရင် …
💛 အနာဂ္ဂါတ်မှာ ပြဿနာရှိလာနိုင်ပါတယ်လို့ ပြောရင်း…

Crd>>>​မောင်​စွယ်​စုံ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>