လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စီးပွါးရေးမှာ သိပ်အားကျရ သူ ပြောဖူးတဲ့ စကားကို ပြန် share ပါမယ်



လူတစ်ယောက်က တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့
တစ်လ ကို ၅ သောင်းသုံးတယ် သူတစ်လကို ဝင်ငွေ ၅သောင်းပဲ
ရတော့တဲ့အခါ ဘာလုပ်မလဲတဲ့ 


ကိုယ် ချက်ခြင်းဖြေခဲ့တယ် အသုံးစားရိတ်ကို တစ်ဝက်လျှော့ 
သုံးမှာပေါ့လို့

သူ ရီတယ် 

အာ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူးတဲ့ဟင်! ဒါဆိုဘယ်လိုတွေးရမလဲ ဆိုတော့ 

တစ်လကို ၅ သောင်း အသုံးစားရိတ်ရှိနေရင် 
ငါ အမြဲဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ တွေးပေါ့တဲ့

လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့

ဟင်! စောစောကပြောတော့ ဝင်ငွေက တစ်ဝက် ကျသွားတာဆို

ဆိုတော့ သူ ထပ်ရီတယ် 

အင်းလေ ဒီစီးပွါးက ငွေဝင်နဲရင် အခြားတစ်ခုနဲ့ ခုဖို့ကြံပေါ့

အချိန်တိုင်း ကြံစည်နေရမှာပဲလေ လူဆိုတာ မွေးစကနေ သေသည်အထိ 
ပြေးလမ်းပေါ်မှာပြေးနေသလိုပဲပူလောင်လိုက်တာ မပြောနဲ့နော် 

အေးချမ်းချင်ရင် တရားရိပ်ခိုလိုက်ပေါ့ တဲ့ 

အဲဒီ လူဟာ အသက် ၃၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့
Company ရဲ့ Director ဖြစ်နေပြီ သူငယ်စဉ်က သူ့မိသားစုဟာ 
စက်လှေ ၁ စီးထဲနဲ့ငါးဖမ်းလုပ်ငန်း လုပ်ခဲ့သူတွေပါ

သူ့ဘဝမှာ ရုပ်ရှင်ရုံလဲမသိဘူး ပန်းခြံလဲ မသိဘူး
အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူးအလုပ်ချိန် ချစ်သူကို သတိရမိ့ရင်တောင်
မင်းကြောင့် ငါအာရုံစိုက်မရ ဖြစ်တယ်ကွ
ဆိုပြီး လှမ်းဆဲတတ်တဲ့ သူမျိုး

သူ့မှာ လူငယ်ဘဝလဲ ဆုံးရှုံးတယ် 
ဒီတော့ပျော်စရာဆိုတာ မရှိသလောက်ပဲ

ဒီတော့ ...ကိုယ်ကမေးတယ် ဒီလို နေရတာ ပျော်ရဲ့လား
ဘဝက ဘာအဓိပ္ပါယ်ရှိမလဲဆိုတော့ .....

အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားပေးနိုင်တယ် 
ဆင်းရဲသူတွေကို ပေးနိုင်လှုနိုင်တယ် မကျန်းမာတဲ့အခါ ကုသပေးနိုင်တယ် 
ဆွေတွေမျိုးတွေကို ထောက်ပံ့ပေးနိုင်တယ် 
တစ်နေ့ သားသမီး ရှိလာရင်ပြည့်စုံမှု ပေးနိုင်တယ်လေ

ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို
အတ္တကြီးရာ ကျတာပေါ့တဲ့ ဘဝမှာ တခုပဲရမယ် ....

အောင်မြင်မှုလား?
အေးချမ်းမှုလား?
နှစ်ခုလုံးမလိုချင်နဲ့လေတဲ့

ဒီလူ့နှယ် အူကြောင်ကြောင်တွေးလိုက်တာလို့ ကိုယ်တွေးခဲ့ဘူးတယ် 
ဒါပေမယ့်  ကြာလာလေ သဘောပေါက်လာလေပဲ....

ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြသနာ မဟုတ်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ 
အတော့်ကို နာကျင်ရတယ်
သူများစားရင် ကျွေးချင်တယ်... 
သူများဝတ်ရင် ဆင်ချင်တယ်... 
သူများပေးရင် ကိုယ်လဲပေးချင်တယ်...
ဒါဟာ လောဘ ဆို,,,,, 
ဟုတ်တယ် ကိုယ် သိပ်လောဘကြီးတာပဲ....

ဒါဟာ..ကိုယ်​တိုင်​လုပ်​မှသာရတဲ့ တရားမျှတ​သော​လောဘ..လို့
ကိုယ်မြင်​ မိ့တယ်​​လေ...

ကိုယ်တိုင်ကြိုးစားမှရတဲ့ ငွေကိုပဲမြတ်နိုးတန်ဖိုးထားပါတယ်

အရာရာတိုင်းမှာမျှတတဲ့ give and take ရှိတယ်

နဲနဲ​ပေးရင်​ နဲနဲရမယ်​ များများ​ပေးရင်​ များများရမယ်​...
အယူကြီးရင်​ အ​ပေးကြီး​တော့တာပဲ​လေ

ဒါ​ကြောင့်​ ကိုယ့်အားနဲ့မျှတသော လောဘကိုယ့်မှာရှိတယ်...

ထပ်​ဆင့်​ copy
(ဒီစာစုလေးတွေကို ဖတ်ပြီး
နင်ဟာဘာလူမှုရေးမှ မရှိတဲ့ သူလို့ 
ပြောခဲ့မိ့တဲ စကားလေးတွေကို သတိ့ရနိုင်ကြပါစေ....
အလင်းထိန်တဲ့ ကမ္ဘာ တစ်ခြမ်းဘက်မှာ ရပ်ပြီး 
ပြုံးနေနိုင်အောင် အလင်းမှိန်နေတဲ့ 
ကမ္ဘာတစ်ခြမ်းဘက်မှာ မနားတမ်းအလုပ်လုပ်နေတဲ့ 
လူသားတစ်ယောက်ရဲ့ လူသားဆန်ချင်တဲ့ 
စိတ်ခံစားမှုကို နားလည်ခံစား ပေးနိုင်ကြပါစေ)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>