* "စနစ်" ကို ယိုးမယ်ဖွဲ့
မျိုးနွယ်ရဲ့ မြှာ်ကဝေ ။
မြန်မာ့ဂုဏ် ရွံ့နဲ့ပက်
သတ်ပုံဖျက်နေ ။
ငါးခုံးမ ဆယ်လီမေ
မြာပွေတဲ့ တဏှာရူး ။
ရေအိမ်နှယ် ဟန်မရှိ
အန်မိလို့မူး ။
* ဖော်ချွတ်ကာ အစာပြ
ငါးစာချ သားကောင်မျှော် ။
မာယာကွန် ဂယက်ဝဲ
ညှို့ဆွဲလို့ခေါ် ။
ရှက်ကြောပြတ် မြင်မတော်
စင်ပေါ်က စရိုက်ဆိုး ။
အနောက်ဟန် ထိပ်ကိုတက်
မျိုးဖျက်တဲ့ပိုး ။
* ရမ္မက်ဘုံ ငရဲပန်း
အသည်းနန်း သူမှတ်ထင် ။
လူငယ်ကို ကျားကွက်ရွှေ့
ဆိပ်ငွေ့ချ ချင် ။
ကန္တာရ ခယောင်းပြင်
ခေါ်ချင်တဲ့ ဥာဏ်တစောင်း ။
ရေပေါ်ဆီ ပေါက်ပန်းမ
မျောက်ပြဆန်တောင်း ။
* အိုင်တီခေတ် ယဉ်ကျေးမှူ
စဉ်တွေးရှု ဘဝင်ဆူ ။
အမှားကြာ အမှန်ပျက်
ချင့်တွက်လို့ပူ ။
ထိန်းသိမ်းကြ မြန်မာ့မူ
များပြည်သူ ကူညီပေါင်း ။
သြော်....
ကညာထွေး မြစံပယ်ငုံရယ်
မြန်မာသွေး လှကြွယ်စုံဖို့
အရေခြုံ လှေကြုံ မလိုက်ပါနဲ့
ငွေဂုဏ်ကြိုက်တာ ပြုပြင်ပါကွဲ့
အနုပညာ စဉ်မညှိုး အောင်
ဥာဉ်ဆိုးတွေ ပါသမျှ
ခဝါချဖို့ကောင်း ။
ရေးစပ်သူကဗျာရှင်အား လေးစားလျှက်ပါ..
👍👍👍👍👍👍👍👍
Credit:ဆန်းလွင်(မြန်မာစာ)
No comments:
Post a Comment