လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း


““အင်ပိုင်ယာပြည့်ရှင် ဘုရင်မကြီး ၏အမိန့်အရ ယနေ့မှစ၍ ကြေညာလိုက် သည်မှာ သီပေါဘုရင်အုပ်ချုပ်ခဲ့သမျှသော နယ်ပယ်အားလုံးတို့သည် ပြည့်ရှင်ဘုရင် မကြီး၏ နိုင်ငံတော်နယ်ပယ်များအတွင်း သို့သိမ်းသွင်းပြီးဖြစ်ကြောင်း၊ထိုသိမ်းသွင်း ပြီး နယ်ပယ်များကို ယနေ့မှစ၍ ဘုရင် ခံနှင့်ဘုရင်ခံချုပ်တို့က သဘောအရခန့် အပ်လိုက်သော အရာရှိများနှင့်ဆက် လက်အုပ်ချုပ်စေ””
၁။ ဗြိတိသျှလက်အောက်ကျရောက်ခြင်း
တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး တွင် မြန်မာတစ်နိုင်ငံလုံး လူမျိုးခြားလက် အောက်ရောက်ရှိခဲ့သည်။သူ့ ကျွန်မခံလို သော တိုင်းရင်းသားအာဇာနည်ပုဂ်္ဂိုလ် များက (၁၅)နှစ်မျှ ခုခံသေးသော်လည်း အားမတန်၍ မာန်လျှော့ခဲ့ရသည်။
၂။ အိန္ဒိယပြည့်လက်အောက်ခံဘဝ
ထိုစဉ်က အိန်္ဒိယနိုင်ငံသည် ဗြိတိ သျှကိုလိုနီနိုင်ငံဖြစ်ပြီး
မြန်မာပြည်အား အိန္ဒိယနိုင်ငံနှင့်တွဲကာ အိန္ဒိယနိုင်ငံ၏ လက်အောက်ခံအဖြစ်ထားရှိခဲ့သည်။မြန်မာနိုင်ငံတွင်နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်နိုင်အောင် နည်းမျိုးစုံဖြင့် နှိပ်ကွက်ခဲ့သည်။သို့သော် ၁၉၀၆ခုနှစ်တွင် ဘာ သာရေးအသွင် ( YMBA)နယ်ချဲ့ဆန့်ကျင် ရေးအသင်းပေါ်လာခဲ့သည်။
၃။ ဂျီ.စီ.ဘီ.အေ
၁၉၁၈ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှား မှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် ဂျီ.စီ.ဘီ.အေ အမျိုးသားအသင်းကြီး ကို ဖွဲ့စည်းခဲ့သည်။
၎။ ပထမကျောင်းသားသပိတ်
၁၉၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများကန့် ကွက်ဆန္ဒပြရာမှ ပထမကျောင်းသား သပိတ်ပေါ်ပေါက်ခဲ့သည်။
၅။ ဒိုင်အာခီအုပ်ချုပ်ရေး
ဗြိတိသျှနှင့်မြန်မာပူးတွဲအုပ်ချုပ်ရေး ဖြစ်သည့် ဒိုင်အာခီအုပ်ချုပ်ရေးကို လက် ခံရေးမခံရေးကိစ္စကြောင့် ဂျီစီဘီအေ နှစ် ခြမ်းကွဲခဲ့သည်။
၆။ ခွဲရေးတွဲရေးပြဿနာ
မြန်မာပြည်နှင့်အိန္ဒိယပြည် ဆက် လက်တွဲထားရေး သို့မဟုတ် ခွဲထွက်ရေး ကိစ္စပေါ်လာ ပြန်ရာ ပြည်သူများက ခွဲ ထွက်လိုသော်လည်း၊ငွေရှင်ကြေးရှင်တို့ ၏ အရှိန်အ၀ါကြောင့် မဲဆန္ဒပေးပွဲတွင် တွဲရေးဘက်က အနိုင်ရရှိခဲ့လေသည်။ ဗြိတိသျှနယ်ချဲ့ကလည်း ပြည်သူတို့၏ ဆန္ဒကိုရိပ်မိကာ ယင်းတို့၏အကျိုးစီးပွား ကလည်း ခွဲလျှင်ပိုကောင်းဖွယ်ရာရှိသ ဖြင့် မြန်မာပြည်အား အိန္ဒိယပြည်မှခွဲ ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံတောင်သူလယ်သမား အရေးတော်ပုံပေါ်ပေါက်ခဲ့သည်။
၇။ဒုတိယကျောင်းသားသပိတ်
ထိုအချိန်က တက္ကသိုလ်ကျောင်း သားသမဂ္ဂဥက္ကဋ္ဌ ကိုနုနှင့်အမှုဆောင် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်း တို့အား ကျောင်းထုတ်သည်ကို အကြောင်း ပြု၍ ဒုတိယကျောင်းသားသပိတ်ပေါ် ပေါက်ခဲ့သည်။
၈။ လို့ဗမာအစည်းအရုံးခေတ်
ဝိုင်အမ်ဘီအေနှင့်ဂျီစီဘီအေအသင်း များကို ခေါင်းဆောင်သော တိုင်းရင်း သားအရင်းရှင်လူတန်းစားများ နောက် ပိုင်းတွင် ရာထူးလုလာမှုကြောင့် နာမည် ပျက်လာခဲ့သည်။၁၉၃၀ပြည့်နှစ်တွင် ဆို ရှယ်လစ်အသိရှိသူများနှင့်တိုးတက်သော အင်အားစုများပါဝင်ခေါင်းဆောင်သော ဒို့ဗမာအစည်းအရုံးကို ဖွဲ့စည်းတည်ထောင် ခဲ့သည်။
၉။ ၉၁ ဌာနအုပ်ချုပ်ရေး
၁၉၃၇-ခုနှစ်တွင် မြန်မာနိုင်ငံအား (၉၁)ဌာနအုပ်ချုပ်ရေးပေးပြီး အိန္ဒိယနိုင်ငံ မှခွဲထုတ်လိုက်သည်။ဗြိတိသျှပါလီမန်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ရောက်ရှိ ခဲ့သည်။
၁၀။ တတိယကျောင်းသားသပိတ်
ကျောင်းသားခေါင်းဆောင်ကို ဗဟိန်း နှင့်ဗဆွေတို့ကို ဖမ်းသဖြင့် ကျောင်းသား များကန့်ကွက်ဆန္ဒပြရာမှ ဗိုလ်အောင် ကျော်ကျဆုံးရသည်။မန္တလေးတွင်လည်း အာဇာနည်(၁၇)ဦးကျဆုံးသည်။
၁၁။ တော်လှန်ရေး၏အစ
တို့ဗမာအစည်းအရုံးဝင် သခင်အောင် ဆန်းသည် ပြည်ပအကူအညီရရန်အတွက် ၁၉၄၀ပြည့်နှစ် သြဂုတ်လ(၈)ရက်တွင် မြန်မာပြည်မှထွက်ခွာခဲ့သည်။ရဲဘော်သုံး ကျိပ်ကို ဂျပန်ပြည်သို့ပို့၍ စစ်ပညာသင် ကြားပြီး ဘန်ကောက်မြို့တွင် ဗမာ့လွတ် လပ်ရေးတပ်မတော်ဖွဲ့စည်းခဲ့သည်။
၁၂။ ဒုတိယကမ္ဘာစစ်နှင့်မြန်မာနိုင်ငံ
ဝင်ရိုးတန်းနိုင်ငံဖြစ်သော ဂျပန်သည် မြန်မာ့လွတ်လပ်ရေး တပ်မတော်နှင့်ပူး ပေါင်း၍မြန်မာနိုင်ငံရှိ ဗြိတိသျှနယ်ချဲ့ တို့အား တိုက်ထုတ်ခဲ့သည်။
၁၃။ ဂျပန်ခေတ်မြန်မာနိုင်ငံ
ဗမာ့လွတ်လပ်ရေး (B.I.A) တပ် မတော်ကို ဗမာ့ကာကွယ်ရေး တပ်မတော် အဖြစ် ပြန်လည်ဖွဲ့စည်းသည်။ ၁၉၄၃ခုနှစ် သြဂုတ်လ(၁)ရက်တွင် ဂျပန်က လွတ် လပ်ရေးပေးသော်လည်း အတုအယောင် လွတ်လပ်ရေးဖြစ်ကြောင်း ပြည်သူတစ်ရပ် လုံးသဘောပေါက်ခဲ့သည်။ပြည်သူတစ် ရပ်လုံး ဂျပန်၏နှိပ်စက်မှုကို ခံခဲ့ရသည်။
၁၄။ ဖက်ဆက်တော်လှန်ရေး
ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို လျှို့ ၀ှက်စွာ ဖွဲ့စည်းပြီး ဂျပန်ကိုတော်လှန်ရန် မဟာမိတ်တို့နှင့်ပူးပေါင်းကြံစည်သည်။ ၁၉၄၅ခုနှစ် မတ်(၂၇)ရက်တွင် စတင် တော်လှန်သည်။ဂျပန်လက်နက်ချ၍ ဗြိ တိသျှတို့ပြန်လည်ရောက်ရှိလာသည်။
၁၅။ ဖဆပလ အဖွဲ့ချုပ်
၁၉၄၅ခုနှစ် သြဂုတ်လ(၁၉)ရက် တွင် နေသူရိန်ညီလာခံကျင်းပက၍ အဆို ပါညီလာခံမှ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ ကိုဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ် လပ်ရေးအဖွဲ့(ဖဆပလ)ဟု ပြောင်းလဲခေါ် တွင်ခဲ့သည်။
၁၆။ ပြည်လုံးကျွတ်အထွေထွေသပိတ်
ဘုရင်ခံ ဆာဒေါ်မန်စမစ်၏အစိုးရ အဖွဲ့တွင် လူထုကိုယ်စားလှယ်မဟုတ် သော ပုဂ်္ဂိုလ်များ ရာထူး ယူမှုကို ဖဆပလ နှင့်အခြားလူထုအသင်းအဖွဲ့များက ဆန့် ကျင်ကန့်ကွက်ဆန္ဒပြကြသည်။ပုလိပ်အဖွဲ့ နှင့်အမှုထမ်းသမဂ်္ဂလည်း နေသူရိန်ဆုံး ဖြတ်ချက်ကို ထောက်ခံ၍ သပိတ်မှောက် ကြသည်။ သပိတ်မှာ မြန်မာတစ်ပြည်လုံး ပျံ့နှံ့သွားခဲ့သည်။
၁၇။ ဖဆပလအစိုးရ
ဘုရင်ခံ ဆာဟူးဘရန့် ရောက်လာ ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်လုပ်ဖော် ကိုင်ဖက် ဖဆပလမှ ပုဂ်္ဂိုလ်များအား အမှု ဆောင်ဝန်ကြီးအဖွဲ့တွင် ပါဝင်ရန်ဖိတ်ခေါ် သည်။ ပြည်သူတို့က ယာယီအစီအစဉ် အနေဖြင့် လက်ခံသဘောတူပြီး သပိတ် လှန်ကြသည်။ဗိုလ်ချုပ်အောင်ဆန်းခေါင်း ဆောင်၍ လန်ဒန်သို့သွားရောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆို ခဲ့ရာ နောက်ဆုံးတွင် အောင်ဆန်း-အက် တလီစာချုပ်ဖြင့်ပြေလည်မှုရရှိခဲ့သည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက် တွင် ပင်လုံညီလာခံကျင်းပ၍ တိုင်းရင်း သားသွေးစည်းညီညွတ်မှုကို တည်ဆောက် ခဲ့သည်။ ၁၉၄၇ခုနှစ် ဧပြီလတွင် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန် တိုင်း ပြုပြည်ပြုလွှတ်တော်အမတ်ရွေးကောက် ပွဲပြုလုပ်ခဲ့သည်။
၁၉၄၇ခုနှစ် ဇူလိုင်လ(၁၉)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အပေါင်းပါဝန်ကြီး များ လုပ်ကြံခံခဲ့ရသည်။ ၁၉၄၈ခုနှစ် ဇန် န၀ါရီလ(၄)ရက်တွင် ဗိုလ်ချုပ်ရယူပေးခဲ့ သောလုံးဝလွတ်လပ်ရေးအကောင်အထည် ပေါ်လာခဲ့သည်။ဤသည်တို့မှာ မြန်မာ တို့၏လွတ်လပ်ရေးပြန်လည်ရရှိမှု ကြိုးပမ်း ချက်သမိုင်းပင်ဖြစ်သည်။လွတ်လပ်ရေး တည်တံ့ခိုင်မြဲမှုနှင့်နိုင်ငံတော်တိုးတက်ဖွံ့ ဖြိုးမှုတို့အတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရမည့်တာဝန်သည် ကျွန်ုပ်တို့အားလုံးနှင့်အနာဂတ်မျိုးဆက် သစ်လူငယ်တို့၏ တာဝန်ပင်ဖြစ်ပါသတည်း။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>