Sa U Thu
ဘာကြောင့် ခင်ဗျား Blog ကို
လူကြိုက်နည်းတာလဲ
သူရ
(ရေစကြို)
၁၉၉၇ ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် ၀က်ဘ်ဆိုက်မှာ စတွေ့ရတဲ့
ဝေါဟာရတစ်ခုလို့ အဆိုရှိခဲ့တဲ့ Blog
ဆိုတဲ့ အသုံးအနှုန်းဟာ ဒီနေ့ မသိ့တဲ့သူ မရှိသလောက်ပဲ။
သူ့ကို စတင်အသုံးပြုခဲ့တဲ့ နာမည်က weblog
ပါ။ ဒါပေမဲ့ နောက်ပိုင်းတော့ အတိုချုံးခေါ်ရာကနေ
blog လို့ပဲ လူသိ့များလာခဲ့တယ် ဆိုပါတော့။ အဲဒီလိုနဲ့
blog ကိုရေးသားတဲ့ Blogger တွေဆိုတာ
ဒီနေ့ခေတ်မှာ မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။
မိုးပေါ်မှာ စာရေးတဲ့
blogger တွေ များလာလေ အောင်မြင်တဲ့ Blogger ကောင်းတစ်ယောက်ဖြစ်ဖို့
မလွယ်ကူလေပေါ့။
ဒီနေရာမှာ အောင်မြင်တဲ့ Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုလို့ စာဖတ်သူ
အမြင်မမှားစေချင်ပါ။
အွန်လိုင်းမှာ ပိုက်ဆံရှာနေတဲ့ Blogger တွေရှိသလို စေတနာ မေတ္တာ အပြည့်နဲ့
တက်သလောက်
သိ့သလောက် ပြန်လည်မျှဝေပေးနေတဲ့ blogger တွေလဲ ရှိပါတယ်။
ကျွန်တော်ဆိုလိုတဲ့ အောင်မြင်တဲ့
blogger ဆိုတာ ငွေကြေးဥစ္စာပစ္စည်းရရှိမှု ကို
ရည်ရွယ်ပြောဆိုခြင်းမဟုတ်ပါ။ ပရိတ်သက်
လက်ခံအားပေးမှုကို ဆိုလိုပါတယ်။ အများအားဖြင့်တော့
မိုးပေါ်မှာ စာရေးတဲ့ blogger တစ်ယောက်အနေနဲ့
ပီတိကို စားရပါတယ်။ စာဖတ်သူတွေ
လာရောက်လည်ပတ်ကြည့်ရှု့သူတွေရဲ့ စေတနာ မေတ္တာစကား ၊ အားပေးစကားတွေနဲ့
ပီတိ ဖြစ်ရပါတယ်။ “
ဒီနေ့ ငါ့ဆိုဒ်ကလေး လူဘယ်နှစ်ယောက်
ဝင်တယ်။ ဘယ်နှစ်ယောက် Commands ပေးသွားတယ်” ။
“ငါ့ Facebook Page လေးကို ဘယ်နှစ်ယောက်
Like ပေးသွားတယ်”။ စသည်ဖြင့် အွန်လိုင်းပေါ်က
ဘယ်သူဘယ်ဝါမှန်းမသိ့တဲ့လူတွေ ၊ ဘယ်ကလာပြီးဘယ်လို
စိတ်နဲ့ ကြည့်သွားမှန်း မသိ့တဲ့ သူတွေရဲ့
အားပေးထောက်ခံမှုကို အရသာ ခံရပါတယ်။ တစ်ချို့ကျပြန်တော့လဲ
ရယူလိုစိတ်
တစ်ခုကို ရှေ့တန်းတင်ပြီး ရေးကြပါတယ်။ Site မှာ လည်ပတ်တဲ့လူများဖို့၊ နာမည်ကြီးဖို့
စသည်ဖြင့်
ရည်ရွယ်ပြီး ရေးသားကြတာကိုလည်း တွေ့ရပါတယ်။ ဒီခေတ်ကြီးထဲမှာ ကိုယ်ပိုင်
website တစ်ခု ၊ blog
တစ်ခုမှ မရှိရင် နည်းပညာသမားဖြစ်ရတာ လူရာမ၀င်သလိုတောင် ခံစားလာရတယ်။
ဒါပေမဲ့ blog
တစ်ခုထောင်ပြီး စာရေးမယ်ဆိုပြန်တော့လဲ ကိုယ့် blog လေးကို အတိုင်းအတာ
တစ်ခုထိတော့ ကျေနပ်နှစ်သက်အားပေးမှုကို ခံချင်ကြတဲ့ လူမျိုးတွေကြီးပါပဲ။ ကျွန်တော် ပေးထားတဲ့
နာမည်က “ ဘာကြောင့် ခင်ဗျား blog ကို လူကြိုက်နည်းတာလဲ”
တဲ့ ။ ခေါင်းစဉ်ကိုက ကိုးလို့ကန့်လန့်
။ ရေးထားတဲ့ အချက်တွေနဲ့ ခင်ဗျား blog နဲ့ တိုက်ဆိုင်မှုရော ရှိရဲ့လား ဖတ်ကြည့်လိုက်ပါဦး
။