Ohn Mar Oo
ပအိုဝ်းသမိုင်း -Pa oh
ပအိုဝ်းတိုင်းရင်းသားတို့သည် သထုံပြည်မှနေ၍ ထွက်ခွါလာရာတွင် တောင်အရပ်မှ မြောက်အရပ်သို့ထွက်ခွာလာခြင်းဖြစ်၍အခြားတိုင်းရင်းသားများ

ပအိုဝ်းတိုင်းရင်းသားတို့ကိုတောင်သူ
ပအိုဝ်းဘာသာစကားဖြင့်တောင်စုအသံထွက်၏အဓိပ္ပါယ်မှာ
ရိုးသားခြင်းလူရိုးလူဖြောင့်
ရိုးသားဖြောင့်မှန်သူဟူ၍ဖြစ်သည်။ယင်းကိုမြန်မာကတောင်သူ ဟု သ နှင့်
အသံထွက်လိုက်သောကြောင့် တောင်သူ၊ယာခုတ်၊တောသား၊တောင်သူဆို
သည့်အဓိပ္ပါယ်မျိုးဖြစ်လာသည်။ပအိုဝ်းဘာသာနှင့် ပပေးယို တောင်စူမှတောင်စူ ဟုပြောလိုက်သောအခါဒီကလေးရိုးမှရိုး ဟူသောအဓိပ္ပါယ်မျိုးဖြင့် ရှေးမြန်မာများက ပအိုဝ်းတိုင်းရင်းသားတို့ကို တောင်စူ (လူရိုး) ရိုးသားဖြောင့်မတ်သူဟုဆိုလိုသော်လည်း သ သံကြောင့်အဓိပ္ပါယ်တစ်မျိုးဖြစ်သွားလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ပအိုဝ်းဟုခေါ်ဝေါ်ကြခြင်းမှာ ယခုမှသာမဟုတ်ဘဲ လူမျိုးပေါ်ပေါက်လာစကတည်းကခေါ်ဆိုခဲ့ကြဟန်တူပေသည်။ပအိုဝ်းဘာသာဖြင့်ရေးသားထားသော

သုဝဏ္ဏပကာသနီကျမ်းတွင်
ပအိုဝ်းကို ပအူ၊ပအို၊တောင်သူ ဟူ၍ဖော်ပြထားလေသည်။
ဦးဘသန်း မြန်မာရာဇ၀င် (စာမျက်နှာ ၂၃) တွင် ဆာဂျွန်ဂျာဒင်း၏ အလိုအရ မွန်လူမျိုးတို့မြို့ပြတည်ထောင်ရန်အတွက်ရှိနှင့်ပြီးသားတောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်။ သထုံမြို့ကားယခုအခါတောင်သူလူမျိုးတို့၏အချက်အချာဖြစ်သည်။ သထုံရွှေစာရံဘုရားကြီးသမိုင်းတွင် သထုံ၌ တောင်သူပအူလူမျိုးများ စိုးစံကြောင်းနှင့်ဆိုသည် ဟုရေးသားဖော်ပြထားသည်။
မွန်ရာဇ၀င်နှင့်စေတီတော်သမိုင်း ပေါင်းချုပ်တွင်လည်းသထုံတွင်ခြင်း၏
အကြောင်းကားယခင်သုဝဏ္ဏဘုမ္မိပြည်ဘွဲ့အမည်မဖြစ်မည်ကပြည်စောင့်နတ်၊မြို့စောင့်နတ်ဟု ရှိ၏တန်ခိုးက္ကဒ္ဓိပါတ်မကြီးကျယ်သေး၊သာမညသာရှိသေးသည်။၎င်းနောက်သုဝဏ္ဏဘုမ္မိပြည် တည်ထောင်ဖြစ်ပွားစည်ကားသာယာရှိပြီး မှရှေးကထက် သာလွန်၍ ပြည်စောင့်နတ် မြို့စောင့်နတ်ဟု ပြည်သူ ပြည်သားမွန်လူမျိုး ပအူလူမျိုးတို့အလွန်လိုလား အားစိုက်ကြကုန်၏ ဟုဖော်ပြထားလေသည်
သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး လေးမျက်နှာဘုရား
ကျောက်စာခေါ် မင်းနန္ဒသူ ကျောက်စာ ကြောင်းရေ ၄၃ တွင်လည်း ပအိုဝ်း ဟူသော စကားကိုတွေ့ရှိရ၏ဦးဘန်း၏မြန်မာရာဇ၀င်နှင့်မွန်ရာဇ၀င်နှင့် စေတီတော်သမိုင်းပေါင်းချုပ်တွင်လည်း ပူ၊ပအို၊တောင်သူ ဟူ၍
ဖော်ပြထားလေသည်။ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားကိုရှေးကပင် ပအူဟူ၍လည်းကောင်း ၊ပအိုဝ်း ဟူ၍လည်းကောင်းခေါ်ခဲ့ကြပေသည်။
အချို့ကလည်းတောင်သူဆိုသည်မှာ တောင်ယာလုပ်ကိုင်စားသောက်သူများကိုခေါ်ကြောင်းဖြင့်လည်း
ဆိုကြပါသည်။ပညာရှင်များနှင့်သုတေသနများက တောင်ပေါ်တွင်နေသောကရင်တစ်မျိုးဖြစ်၍ တောင်သူ
ခေါ်ကြောင်းဖြင့်ထက်မြင်ချက်ပေးကြသည်။ ဥပမာအားဖြင့်ကရင်နီတို့သည်ကရင်တစ်မျိုးဖြစ်သော်လည်း
ကယားဟုခေါ်သကဲ့သို့ တောင်သူမှာလည်း တောင်ပေါ်တွင်နေသောကရင်တစ်မျိုးဖြစ်၍ တောင်သူဟုခေါ်
ကြောင်းဖြင့်ဆိုကြသည်။
အခြားတိုင်းရင်းသားများကလည်းပအိုဝ်းတိုင်းရင်းသားများကို တောင်သူ ဟူ၍ခေါ်ကြလေသည်။တောင်
သူအခေါ်အဝေါ်နှင့်ပက်သက်၍ မြန်မာတို့သည် မိမိတို့ထက် တောင်ဘက်ကျသော သထုံနယ် ကုန်းမြေမြင့်ရှမ်းပြည်ဆီသို့တတ်ခဲ့ကြရာ တောင်လူ ဟုခေါ်ရာမှ ကာလရွေ့လျောလာသည်နှင့်အမျှ တောင်သူ ဟူ၍ပြောင်းလဲလာသည် ဟုလည်း ဆိုကြပေသည်။ သုတေသနသရုပ်ပြအဘိဓါန်ကလည်းလူမျိုးတစ်ရာ့တစ်ပါးတွင်တစ်မျိုးအပါအ၀င်ဖြစ်ကြောင်းဖော်ပြနေ၏

ဇဗ္ဗူဆံဆိပ်ကျမ်းကလည်းမြန်မာခုနှစ်မျိုးထဲတွင်သက်နှင့်ရခိုင်နှိုင်းပြိုင်တောင်သူ၊ပျူကမ်းယံလည်း
တောင်သူလူမျိုးဟူ၍တွေ့ရ၏
ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားတို့ကိုပုဂံခေတ်ကပင် ပအူ ဟူ၍လည်းကောင်း ၊ တောင်သူဟူ၍လည်းကောင်းပအိုဝ်းဟူ၍လည်းကောင်း ခေါ်ခဲ့ကြကြောင်းထင်ရှားသည်။
သတင်းထောက်ချစ်လွင်၏တို့ပြည်ထောင်စုဆောင်းပါးတွင်တိုင်းရင်းသားလူမျိုးစုများအနက် ပအိုဝ်းတိုင်းရင်းသားကို အမှတ်စဉ် ၂၂ တွင် ပအိုဝ် (တောင်သူ)ဟု ဖော်ပြထား၏ စ၀်ခွန်ကြည်၏ မှတ်တမ်း
အရလည်း အောက်မြန်မာပြည်သထုံပျက်၍ ရှမ်းပြည်သို့ပြောင်းရွေ့လာစဉ်ကပင်တောင်သူ ဟုခေါ်ခဲ့ကြောင်း
ထင်ရှား၏ရှေးစာဟောင်းပေဟောင်းတွင်လည်းတောင်သူဟုသာအခေါ်များခဲ့ကြ၏စ၀်ခွန်ကြည်၏ ရှမ်းပြည်နယ်အမှားတော်ပုံတွင် တလိုင်း၊ကရင်၊တောင်သူ၊ရခိုင်၊ချင်း၊ကချင်၊အစရှိသည့်နယ်ပယ်လူမျိုးများကို
ဟုရေးသားဖော်ပြထားသည်ကိုလည်းကောင်း၊သုဝဏ္ဏသျှံသူဌေးခန်းပျို့(စာ၅၆)တွင်ကုန်သည်တရုတ်၊ လယ်လ

No comments:
Post a Comment