လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အညာဒေသ ပျော်စရာလေး အရောက်လာလို့ပေး.........



မကွေးတံတားဖြတ်ကာလာ မင်းဘူးမြေသို့ရောက်အောင်သာ
ရှင်ပင်စက္ကိန်းတဲစေတီလေး ဖူးမြှော်မ၀နိုင်သေး
 
ဘုရားပေါ်ကကြည့်မယ်နော် ဧရာဝတီမြစ်အလှအလွန်ထင်ပေါ်
တစ်ဖက်ကမ်းကိုမြင်နိုင်သေး မြသလွန်စေတီလေး

 
ထိုမှတဖန်လျှောက်လို့နော် နဂါးပွတ်တောင်တော်
တောင်းဆုတွေပြည့်ချင်သေး ကြီးကြီးပွတ်လို့ပေး
 
မင်းဘူးအနောက် အလှမ်းဝေးသနော်
မန်းရွှေစက်တော်ဘုရားပွဲတော် အရောက်လာကြနော်

ရောက်ရင်ဖြင့်ကွယ် ရေချိုးမယ်
မုန်းချောင်းလေးမှာကွယ်
မုန်းချောင်းရေ ကြည်ကြည်လေး
ဘယ်ခါချိုးလို့ မ၀နိုင်သေး
 
အထက်စက်တော်ရာ အရောက်သွား
မုဆိုးဒူးထောက် တခေါက်နား
ရဟန်းခြေတော်ရာ အလှမ်းဝေးတယ်
ကျောက်ဘီလူးကြီး တွေ့အုံးမယ်
 
ဇီးကွက်ကြီး မဘို့မယ်
ရောက်ရင် ၀င်ကြည့်ကွယ်
သမိုင်းအကြောင်း သိချင်သေး
ဒန်းစီးမောင်နှမ ၀င်ကာပေး

အောက်စက်တော်ရာ ဖူးအုံးမယ်
ကြည်ညိုစရာ အလွန်ကောင်းတယ်
ကျောက်တုံးကြားက ရေတွေထွက်
ထူးခြားလှသကွဲ့
ထိုရေကို သောက်လို့ပေး
ရောဂါဘယ အလွန်ကင်းဝေး
 
ညဘက်မှာ လည်အုံးမယ်
ပွဲဈေးတန်းတွေ လျှောက်လို့ကွယ်
ပျော်စရာ ဘုရားပွဲလေး
မေ့လို့ မရနိုင်သေး .......................

ပျော်စရာကောင်းတဲ့ ခင်တို့ အညာ
ရောက်အောင်လာကြပါ
အခွင့်အခါ ကြုံကြိုက်သေး
လိုက်လို့ပို့ချင်သေး...........................

ကိုယ်ပိုင်အတွေးလေးနဲ့ ရေးခြင်းပါ မှားတာလေးတွေပါရင် ဖြည့်ပေးပါနော်.............
 

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>