လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

“တို့ ... အဖေ”


မြန်မာဆန်ပါသည့် ပိုးကတ္တီပါ
လုံချည်မှာ ချည်ချောရယ်နဲ့
အပေါ်မှာ တိုက်ပုံဝတ်ပါလို့
ယဉ်ကျေးမှု ရိုးယဉ်သူ .....။
အထင်အမြင်ကလည်း မသေးပေဘု
မြန်တစ်ခွင် သာယာလှစေဖို့
မြန်စေချင် စိတ်ဓါတ်များရယ်ကြောင့်
နေ့ညမအား ထမ်းရွက်ကာဖြင့်
ကမ်းလက်များကိုလည်း လှမ်းကြိုဆို။
ပြည်သူ့အသံ တစ်ကယ်နားထောင်
ကြားယောင်ရင်ဖြင့် သူမနှေး
လက်တွေ့ များဖြင့် ချေပသူ ........ ။
ဟိုလူကအော် ဒီလူကဆော်
အော်သဲမစဲ ဆော်သံကွဲလည်း
အပြုံးလေးတစ်ခုဖြင့် အေးမြသူ ....။
အို ... သိပ်မဝေးတော့ပါဘူး
တိုးတက်ချင် ခဏတော့စောင့်ပါဘိ
သိပ်မကြာခင် ... သြ .. စရာ အံ့ကုန်မခန်းပေမို့
ရွက်ကုန်စွာဖွင့်လို့ အားရယ်နဲ့
ရှေ့ ဆက်ကာ ခရီးမှာလ

သွေးသားတွေ ... ပြုတ်ပြုတ်ပြုန်းစေတော့
မမှုပါ သူလေ ...။
ခုဆိုရင် ....
တို့တိုင်းပြည် ... အနာဂတ်ရေးမှာဖြင့်
သူဝင်လာ အားအင်တိုးတော့တယ်
အို ... ပြည်သူ ကြည်ဖြူလှတယ်လေး
သမိုင်းတွင်၍ မော်ကွန်းတင်စေတော့မည်
အိုယ့်ဘယ့် .. တို့အဖေ ....................။
(သမ္မတကြီးအား လေးစား၍ ဤကဗျာနှင့် ဂုဏ်ပြုပါသည်)
================================
///// Devil
မူရင်း - http://whitestrength.ning.com/profiles/blogs/6586231:BlogPost:44170

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>