လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နိုင်ငံတကာဖွဲ့စည်းပုံ အခြေခံဥပဒေများ အွန်လိုင်းတွင် တစ်နေရာတည်း ကြည့်နိုင်ရန် Google စီစဉ်

 
The Voice Weekly


နယူးယောက်၊ စက်တင်ဘာ ၂၄

အင်တာနက်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Google သည် ကမ္ဘာ့နိုင်ငံများ၏ ပဋိပက္ခများနှင့် နိုင်ငံရေးပြဿနာ များကို လွယ်ကူစွာ ဖြေရှင်းနိုင်ရန် ရည်စူးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ များကို အွန်လိုင်းတွင် တစ်နေရာတည်း၌ စုံလင်စွာ ရယူဖတ်ရှုနိုင် ရန် စီစဉ်ပေးထားကြောင်း AFP သတင်း တွင် ရေးသားထားသည်။

နိုင်ငံတကာဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါင်းစုံကို Google သည် www.constituteproject.org
 
ဆိုသည့် Website အသစ်တစ်ခု ဖွင့်လှစ်ကာ စီစဉ်ပေးထားခြင်း ဖြစ်သည်။

အွန်လိုင်းတွင် ထိုသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို စုစည်းပေး ထားရခြင်းသည် နိုင်ငံတကာအစိုးရ များအနေနှင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် မည်သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို ရေးဆွဲ ပေးထားကြောင်းကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်ကြောင်း Google Ideas ဒါရိုက်တာ ဂျရတ်ခိုဟင်က ပြောကြားသည်။

ထို Website ကို CCP (Comparative Constitutions Project) အနေနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့က တာဝန်ယူပြီး စီစဉ်ရေးဆွဲပေးထားခြင်း ဖြစ်သည်။

ကမ္ဘာတစ်လွှားရှိ နိုင်ငံတိုင်းတွင် တစ်နှစ်လျှင် ပျမ်းမျှဥပဒေမူကြမ်း ၅ ခုမှ ၇ ခုအတွင်း ချမှတ်ရေးဆွဲလေ့ ရှိကြောင်း ခိုဟန်က ထောက်ပြထားသည်။

ယခုထွက်ရှိလာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအွန်လိုင်း Website နှင့်ပတ်သက်ပြီး တူနီးရှားနိုင်ငံ သမ္မတ မွန်ကာ့ဖ်မာဇိုကီက လည်း မိမိတို့လို ၂၀၁၁ ခုနှစ် တော်လှန်ရေးကာလ ပြီးကတည်းက ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်နေရသည့် နိုင်ငံများအနေနှင့် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း၊ မိမိအနေနှင့် ယခုလို ဆောင်ရွက်ပေးထားမှုကို အထူး စိတ်ဝင်စားကြောင်း၊ နိုင်ငံများအတွက် အလွန် အသုံးဝင်နိုင်သည့် Website ဖြစ်ပါကြောင်း ချီးကျူးပြောကြားခဲ့သည်။

ထို Website တွင် နိုင်ငံတကာ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို နိုင်ငံအလိုက်၊ ခုနှစ်အလိုက် ရှာနိုင်ပြီး အခြားသိမှတ်စရာ များအနေနှင့် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံခြားရေး မူဝါဒ၊ တရားစီရင်ရေးနှင့် အာဏာ စသည့် အခန်းများကိုလည်း ထည့်သွင်းစီစဉ် ထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>