လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သမီးလေးဖတ်ဖို့....ငွေအကြောင်း



ဒီနေ့ သမီးတို့ရှေ့တင် လွှဲငွေပို့သူရောက်လာတာလို့ အဖေပို့တဲ့ငွေကို သမီးတို့ သိနေပါပြီ။
အဖေ ငွေရှာသည်။ ငွေပို့သည်။ အမေသိမ်းသည်။
ဗီဒိုထဲ ထည့်ချိန်မှာ သမီးကြီးက အာပြဲအောင်ငိုပါသည်။

အရင်တစ်ခါကလည်း ငိုသည်။ ချော့၍မရဟုဆိုသည်။ သူဘာကြောင့်ငိုတာလည်း အမေဘယ်လိုချော့လည်း မေးမြန်းပြီး သမီး မေမေဆီကတဆင့် ပြောပြလိုက်ပါတယ်။

မေး။ သမီးဘာလို့ငိုတာလဲ
ဖြေ။ မေမေက ဖေဖေပို့လိုက်တိုင်း သိမ်းဘဲသိမ်းနေတာ။ ဘာမှလည်း ဝယ်မပေးဘူး။
ဖြေ။ သမီးတို့ကို ဝယ်ကျွေးတယ်လေ။ အမေသုံးတာဘာရှိလည်း။ ကျူရှင်လခ၊ ကျောင်းလခ၊ ကားဆီဖိုး။ ဟင်းစား။ ဈေးဖိုး....


မေမေရှင်းတာက သမီးချော့တာနဲ့မတူ အဖေကို စရင်းရှင်းတာနဲ့တူနေသည်။ သမီးဘဝင်ကျမယ်မထင်။

သမီးက သူကိုယ်တိုင် ငွေသုံးချင်တယ်။ သူ့အိပ်ထဲကို ငွေ တစ်ထုပ်ထည့်ပေးထားပါ။ သူမသုံးဘူးလို့ ဂတိပေးတယ်။ နားလယ်မိတာက သမီး ငွေရဲ့ အသုံးဝင်မှု တန်ဖိုးကို သဘောကျနေတယ်။ ဒါကြောင့်ကိုင်ထားချင်တယ်။ သူပူစာတာ မဝယ်ပေးလည်း ငွေရှိရင် ကိုယ်လိုချင်တာ ဝယ်လို့ရတယ်ခံစားမိနေတယ်။ သိပ်မကြာခင်မှာ ကိုယ်ဖာသာ ငွေရှာနိုင်ရင် ကိုယ်ဝယ်ချင်တာ ဝယ်မယ်ဆိုတဲ့ အတွေးတွေ။ အောင့်အီးသီးခံမှုတွေ အဲ့ဒီကနေတဆင့် အကြောင်းသင့်လို့ ငွေရနိုင်ချေနည်းလမ်းတွေ့ရင် စိတ်ဝင်စားမယ်။ အခွင့်သာရင် လုပ်မယ်။ အဲ့လို မဖြစ်ခဲ့ရင်တောင် မိဘ အများစု ဖြစ်တတ်တဲ့ ကိုယ့်တုန်းက မလုပ်ခဲ့ရတာတွေ သားသမီးလက်ထပ်မှာ လုပ်ပေးမယ်ဆိုတဲ့ ငယ်ငယ်က အလို မပြည့်မှု ဝမ်းတွင်း စိတ်ရူးကို သွင်းသွားတတ်တာပါဘဲ။ ကိုယ်တိုင်ရှာဖွေနိုင်ချိန်မှာလည်း ငွေအသုံးမတတ်။ မိဘအပေါ် ငြိုငြင်မှုတွေဖြစ်လာမယ်။

အဖေတို့ဟာ ရှင်းပြဖို့ သွန်သင်ဖို့ ပျက်ကွက်တဲ့ မိဘတွေ မဖြစ်ချင်ဘူး။ သမီးအနေနဲ့ ထောင်၊ သောင်း၊ သိန်းဆိုတဲ့ ကိန်းဂဏန်းတွေလည်း အများကြီးနားလယ်ချင်မှ နားလယ်မယ်။ ရေတွက်နိုင်ချင်မှ ရေတွက်နိုင်မယ်။ လက်ထဲမှာ ငွေရှိရင် ခွန်အားတစ်ရပ်နဲ့ ယုံကြည်မှုရှိစေတဲ့ အရသာကိုတော့ သမီးနားလယ်နေလောက်ပြီ။ ဒါကြောင့် ပေးကိုင်ရမယ်။ သမီးအတွက် သပ်သပ်ဘဏ်စာရင်း ဖွင့်ပေးထားတယ်။ ဒါကိုလည်း ကိုယ်ပိုင်လို့ သိပ်မခံစားရဘူး။ လက်နဲ့ထိတွေ့နေတာမဟုတ်လို့။ ဒါဖြင့် သီးခြား ဗီဒို အံဆွဲတစ်ခုမှာ စတိသဘော ငွေထားရာနေရာပေးဖို့ ကိုယ်ပိုင်သော့နဲ့ ကျကျနန ဒါဆို သမီးကျေနပ်လောက်မယ်။
သုံးတတ်စွဲတတ်အောင်သင်ရမယ်။ ဖိနပ်၊ အင်္ကျီ၊ အစားအသောက်က အစ မိဘက လိုက်ဖက်တာ၊ ရောဂါကင်းဝေးတာ အကောင်းဆုံးစီမံပေးတယ်ဆိုတဲ့ ပုံစံနဲ့ သမီးအပေါ်မှာ မကွပ်ကဲဖို့။ ကိုယ်တိုင်ရဲ့ လိုအပ်ချက်၊ လိုချင်မှု တွေကို စီမံခန့်ခွဲတတ်အောင်ဘဲ သင်ပေးရမယ်လို့ သမီးမေမေကို မှာလိုက်တယ်။ ကလေးပဲ ဘာနားလယ်မှာလဲ၊ ကလေးက ကလေးအရာနေဆိုတာမျိုး စိတ်မထားဖို့။ ကလေးကို လူကြီးဖြစ်အောင် လမ်းပြဖို့ သမီးမေမေကို ပြောထားပါတယ်။ ငွေရဲ့ အသုံးဝင်မှုတွေ၊ အသုံးချနည်းတွေ အပြင် ငွေကြောင့်ဖြစ်မယ့် အန္တရာယ်၊ ဆိုးကျိုးတွေ၊ ကာကွယ်နိုင်မယ့်နည်းလမ်းတွေပါ သမီးမေမေ သင်ကြားရှင်းပြပါလိမ့်မယ်။

သမီးဟာ မကြာခင် ဆယ်ကျော်သက်အရွယ်ရောက်လာမယ်။ သူငယ်ချင်းတွေနဲ့ ရှော့ပင်းမောတွေ၊ ဆူပါမားကပ်တွေ၊ စားသောက်ဆိုင်တွေ မိဘ သိသိ မသိသိသွားလားတော့မယ်။ ငွေမပါရင် အားငယ်စိတ်၊ သူများအားကိုးတဲ့စိတ်တွေဖြစ်လိမ့်မယ်။ သုံးတတ်အောင် သင်မပေးပဲ ငွေထည့်ပေးရင် မလျော်ညီတာတွေဖြစ်မယ်။ ဒါကြောင့် ပေးသုံးရမယ်။ သုံးတတ်အောင် သင်ရမယ့်အချိန်မှာ တတ်အောင်သင်ပေးရမယ်။ သောင်း၊ သိန်း၊ သန်းပေးသင့်တဲ့အထိ၊ စီမံခန့်ခွဲနိုင်ရမယ်။ ငွေက အားဖြစ်ပေမယ့် အဲ့ဒီအားကို သူများကို ဖိနှိပ်ရာမှာ မသုံးဖို့ ဒါတွေကိုလည်း သမီးမေမေက သင်ပေးပါလိမ့်မယ်။

တိတ်...တိတ်... မငိုနဲ့တော့ သော့ယူထားလိုက်။

Thet Htwe Aung

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>