လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပန်းဝါ၀ါနှဲ့ ကျမ :)


 ပန်းဝါ၀ါနှဲ့ ကျမ :)

3 September 2013 at 23:00
ရုံးဆင်းပြီးရထားဂိတ်ကိုလမ်းလျှောက်သွားတော့လမ်းထိပ်မှာ ဘုရားပန်းရောင်းတဲ့အဒေါ်ကြီးတယောက်ကိုတွေ့ တယ်။သေချာကြည့်တော့မှ
 ပန်းတွေတော်တော်များများကအ၀ါတွေချည်းပဲဖြစ်နေတယ် အဲ့ဒီပန်းဝါ၀ါတွေ ကျမမျက်စိထဲတော်တော်လေးကိုလှနေတယ်။
မ၀ယ်မနေနိုင်လောက်အောင်ပဲ ပန်းဝါ၀ါလေးတွေကသိပ်လှနေလို့ လွန်သွားပြီးမှပြန်လှည့်ပြီး တစည်းဝယ်လိုက်တယ်။  ပန်းအ၀ါလေးတွေကိုရွက်လှပန်းအစိမ်းနှစ်ခက်လောက်နဲ့ရံပြီးစည်းထားတာတော်တော်လှတယ်။
ကျောပိုးအိတ်ထဲထည့်ရင်ကြေကုန်မှာဆိုတော့ တလမ်းလုံး ကိုင်ပြီးပြန်လာရမှာပေါ့ အလုပ်ရှုပ်တယ်မထင်ပါဘူးနော်။ ကျမက အရမ်းဝယ်ချင်နေတာကိုး။ ကျမတို့ အခန်းမှာတင်ထားတဲ့
ဘုရားပန်းတွေက အရမ်းကြီးမနွမ်းသေးပေမယ့်လည်း ကျမ ၀ယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပန်းဝါ၀ါလေးတွေပိုက်ပြီး ကျမအိမ်ပြန်ရမှာ ပျော်ဖို့တောင်ကောင်းနေသေးလို့တွေးမိတယ်။ တလမ်းလုံးပန်းဝါ၀ါတွေ ကြညြ့်ပီး ပြန်လာရတာကြာတယ်လို့တောင်မထင်ပါဘူး။ ဒါနဲ့နေဦး တွေးမိတာတခုက ကျမဘယ်တုန်းက ပန်းဝါ၀ါကြိုက်တတ်သွားတုန်း။ ကြိုက်နေတာတော့ကြာပြီ ဘယ်တုန်းကလည်းဆိုတာ ကျမကိုယ်တိုင်တောင်မသိလိုက်ဘူး ။
ကိုယ်က နဂိုအသားမဲတော့ ငယ်ငယ်ကဆို ဆန့်ကျင်ဘက်အရောင်တောက်တောက်တွေဆို
လုံးဝမကြိုက်ဘူး။ အဲ့ဒီအထဲမှာအ၀ါရောင်က ထပ်ဆုံးကပါခဲ့တယ်။ အင်း ....... ကျမထင်တာတော့ကျမပန်းဝါ၀ါကြိုက်တတ်သွားတာ ဖိလစ်ပိုင်မှာကျောင်းတက်တုန်းကထင်တယ်။ အဲဒီတုန်းက အတန်းထဲမှာ သဘာဝပါတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ အကြောင်းဆွေးနွေးကြတာထင်ပါတယ်။  အယောက်စီတိုင်းကို ကျောင်းဝင်းထဲက အပင်တခုခုကို ကိုင်၊ တိုင်တည်ပြီး ပါတ်ဝန်းကျင်အတွက်အသုံးတည့်မယ့် ကတိတခုပေးရမည်လို့ ဆရာမကခိုင်းပါတယ်။အဲ့ဒီတုန်းက  ကျမေ၇ွးလိုက်တဲ့ မြက်ပန်းပင်လေးက အ၀ါရောင်လေး ပြီးတော့ မြက်ခင်းစိမ်းစိမ်းလေးတွေကြားမှာပေါက်နေတာ။ အဲ့ဒီအညတရမြက်ပန်းလေးကို ကိုင်ပြီး ကျမတသက်ဘယ်တော့မှသစ်ပင်မခုတ်ပါဘူးလို့ ကတိပေးခဲ့တဲ့ဖူးတာ ဘယ်မေ့ပါ့မလဲ။
ဒါလည်းမသေချာပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ အခု ကျမ ပန်းဝါ၀ါကြိုက်တတ်နေပြီ။

မတွေးတော့ပါဘူး ရထားစီးပြီးကားဆက်စီးရမှာမို့ ကားဆက်စောင့်တယ်။ ကားကတော်ရုံနဲ့မလာပါဘူး လာပြန်တော့လည်းလူတွေကတော်တော်ကြပ်နေတာ စောင့်နေတဲ့သူတွေထဲက
တ၀က်လောက်ပဲတက်လို့ရတယ်လေ ကျမလည်းတိုးပြီးမတက်ပါဘူး နောက်ကားတစီးစောင့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပန်းတွေကိုကြည့်နေရတာ မပျင်းပါဘူးစောင့်ရလဲ ခဏပေါ့။ ဒီလိုနဲ့မကြာပါဘူး နာက်ကားတစီးထပ်ရောက်လာတယ် ဒီကားက လူတော်တော်လေးချောင်တယ်။ အလုအယက်တက်စရာတောင်မလိုဘူး။ လူ ၃။ ၄ ယောက်လောက်ကလွဲရင်အားလုံးထိုင်ခုံအသီးသီးရကြတယ် ကျမလည်း တခါးပေါက်နဲ့နီးတဲ့ ဒုတိယ အတန်းက ထိုင်ခုံတခုံမှာနေရာရတယ်။ ကျမရှေ့ ကခုံမှာအမျိုးသမီးတယောက်နဲ့အထက်တန်းကျောင်းသားလေးတယောက်ထိုင်တယ်။
မကြာပါဘူးရှေ့မှတ်တိုင်တခုမှာရပ်တော့လူတချို့ထပ်တက်လာကြတယ် အသက်၅၀ကျော်အရွယ်အဒေါ်ကြီးတယောက်ပါတယ် ကျမရှေ့ကကောင်လေးကခပ်သွက်သွက်ပဲအဒေါ်ကြီးကိုနေရာဖယ်ပေးတယ်။ အဒေါ်ကြီးက ကျေးဇူးတင်ပါတ်ာသားရယ်ဆိုပြီးကောင်လေးရဲ့ခုံမှာဝင်ထိုင်တယ် ကောင်လေးကတော့ အဒေါ်ကြီးထိုင်တဲ့ထိုင်
ခုံကျောမှီတန်းလေးကိုကိုင်ပြီးမတ်တပ်ရပ်စီးတာပေါ့။ ဒါနဲ့မပြီးသေးပါဘူးအဒေါ်ကြီးကကောင်လေးကိုလက်တို့ပြီးလှမ်းပြောတယ် သားကျောပိုးအိတ်လေးအဒေါ့်ကိုပေးပါ တဲ့ လေးတယ် အဒေါ်ကိုင်ထားပေးမယ်ပေါ့။ ကောင်လေးကလည်းငြင်းတယ် ဘာမှမဖြစ်ဘူး သိပ်မလေးပါဘူးဆိုပြီး အဒေါ်ကြီးကိုကျေးဇူးတင်စကားပြန်ပြောတယ်။ အဖြစ်အပျက်အားလုံးကို အစအဆုံးကြည့်နေတဲ့ကျမလည်းမပြုံးပဲမနေနိုင်အောင်အလိုလိုပြုံးမိနေတယ်။ မြင်ကွင်းက ပီတိဖြစ်ဖို့ တော်တော်ကောင်းတာကိုး။
ပြုံးပြီး ပန်းတွေကိုဆက်ကြည့်နေတာ နောက်မှတ်တိုင်တခုအရပ်မှာ အိတ်၂အိတ်နဲ့အဒေါ်ကြီးတယောက်ထပ်တပ်လာတယ်
ကျမထိုင်တဲ့ထိုင်ခုံနားမှာလာရပ်တော့မှသတိထားမိတယ် ကျမလည်းချက်ချင်းနေရာဖယ်ပေးလိုက်တယ်။ အရင်အဒေါ်ကြီးလိုပဲ
ကျေးဇူးတင်စကားပြောပါတယ်။ ကျမလည်း အဒေါ်ကြီးကို ဖော် ဖော်ရွေရွေပဲပြန်ပြုံးပြလိုက်တယ်။ ကျမကကျောပိုးအိတ်တဖက်နဲ့ပန်းစည်းတဖက်နဲ့ ထိုင်ခုံလက်တန်းကိုကိုင်ရာတာနဲ့ဆိုတော့နဲနဲတော့
ဟန်ချက်မညီဘူးပေါ့။ အဒေါ်ကြီးလည်းသူ့ မှာအိတ်၂အိတ်ပါတာကြောင့်ကျမပန်းကိုကူမကိုင်ပေးနိုင်ဘူးပေါ့။ အဲဒီအချိန်မှာပဲ ကျမတို့အနောက်မှာထိုင်နေတဲ့ကောင်လေးတယောက် (ကျမထက်ငယ်မယ်ထင်တယ်) ကသူထိုင်တဲ့ထိုင်ခုံပေါ်ကထပြီး ကျမကို သွားထိုင်ဖို့ လက်တို့ပြီးခေါ်တယ်။ ကျမ မငြင်းပါဘူး ကျမလည်းသူ့ ကိုနှစ်နှစ်ခြိုက်ခြိုက် ပြုံပြပြီးသူ့ ထိုင်ခုံမှာသွားထိုင်လိုက်ပါတယ်။

ကျမပန်းဝါ၀ါလေးတွေကိုဆက်ကြည့်ပြီး ထိုင်လိုက်လာတယ် မျက်နှာကတော့ပြုံးနေမယ်ထင်တယ်။ဟုတ်တယ်ကျမပြုံးနေတယ်ပန်းတွေကြောင့်လား ကောင်လေးနဲ့ အဒေါ်ကြီးကြောင့်လား ဘာ့ကြောင့်လား ကျမသေချာမသိဘူး
သေချာတာတခုက ကျမပြုံးနေတယ်။ ပြီးတော့ အခန်းပြန်ရောက်ရင် ပန်းတွေကိုဘုရားလှူမယ်လို့ တွေးမိတော့တယ် အခန်းမြန်မြန်ရောက်ချင်လှပြီ။ ဗိုက်ကလည်းဆာလှပြီး။ မနေ့ ညက အိပ်ရေးပျက်ထားတာ ပြီးတော့ မနက်က အစာမရှိပဲ ကော်ဖီတွေ၂ခွက်ဆင့်သောက်တာ ဆန်ပြုတ်စားတာ ပြီးတော့ ရင်ပြည့်ပြီး ကြက်ဆီထမင်းပါ ထပ်စားလိုက်တော့စားပြီးသားတွေအန်ထွက်ကုန်တာ။ အိပ်ရေးမ၀လို့ခေါင်းမူးနေတာအားနည်းနေတာ အဲ့ဒါတွေအားလုံး ခုတော့ဘာမှမဟုတ်သလိုပါပဲ။  ကျမအခန်းပဲမြန်မြန်ပြန်ရောက်ချင်နေမိတော့တယ်။ အခန်းရောက်တော့ ချက်ချင်းရေမိုးချိုးပြီး ကျမ ဘုရားပန်းလဲတယ်။ ဆုတောင်းတယ်။ အခုဆို ပန်းတွေအားလုံး ထဲမှာအနာပါနေတဲ့ တပွင့်ကလွဲရင်ကျန်တဲ့ပန်းပွင့်တွေအားလုံး ဘုရားစင်လေးပေါ်မှာကျက်သရေရှိလို့ ပေါ့။ မယုံမရှိနဲ့ နော် ကျမ ဒီစာကိုရေးနေရင်းဘု၇ားစင်က ပန်းဝါ၀ါတွေကိုလှမ်းကြည့်မိတာ ဘယ်နှစ်ခါမှန်းတောင်မသိတော့ဘူး။ :D
ကျမပြောချင်တာက ကျမတို့ တွေတော်တော်များများ အလှအပတွေနဲ့ စိတ်ချမ်းသာခြင်းတွေကို ရဖို့ အဝေးကြီးကိုလှမ်းကြည့်ပြီး ရှာဖွေနေကြတယ် တကယ်ဆို အဲဒီ အလှအပတရားတွေနဲ စိတ်ချမ်းသာခြင်းတွေကို ၇ဖို့ အဝေးကြီးကို လှမ်းမျှော်ကြည့်နေစရာမလိုဘူး။ ။ ကျမတို့ နေ့စဉ်လှုပ်ရှားသွားလာရင်းနဲ့လည်းခွန်အားတချို့  ပီတိတချို့ စားသုံးလို့ ရတယ်ဆိုတာကိုကျမပြောပြချင်တာ။

အခုပဲကြည့် တကယ်ဆို ကျမ ညနေစာ မစားရသေးဘူး  ဆာလည်းမဆာဘူး ကျမရင်တွေပြည့်နေတယ်။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပါပဲနဲ့ ကျမရင်တွေပြည့်နေတယ်။
ဟုတ်တယ် ကျမရင်မှာ ပီတိတွေပြည့်နေတယ်။
အဲ့ဒါ ပန်းဝါ၀ါတွေကြောင့်ပဲဖြစ်မယ်ထင်ပါတယ်။
:) :) :)
်from - https://www.facebook.com/OnlineBurmaLibrary

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>