လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဘာကြောင့်ဆန္ဒပြတာလဲ တဲ့




အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲတုန်းက ။ ဓနုဖြူခံတပ်မှာ ။ မြန်မာတွေပစ်တဲ့အမြောက်က အင်္ဂလိပ်
သင်္ဘောဆီကိုမရောက် ။ အင်္ဂလိပ်ရဲ့နှစ်ဆင့်ကွဲ အမြောက်တွေကခံတပ်ထဲတစ်ဝုန်းဝုန်းကျကွဲနေတယ်။
အဲဒီအချိန်မှာ မြန်မာ့ထန်းလုံးအမြောက်ကြီးတစ်ခုကို ပစ်စင်ပေါ်တွန်းတင်လိုက်။

တစ်ချက်ပစ်လိုက် ။ ကျည်ထိုးတဲ့နေရာကိုလျောချလိုက် နဲ့ ပစ်နေခဲ့တယ် ။ရန်သူ့ဗုံးဒဏ်သင့်ပြီး
အမြောက်သားတွေကုန်တဲ့ထိကျဆုံးကြတယ် ။

အမြောက်သားတွေသေတော့ ။ကျည်သယ်သားတွေက ဆက်တွန်းတင်ပြီးပစ်ကြတယ် ။
ကျည်သယ်သာတွေလည်းသေကြပြန်တယ် ။

ကျည်သယ်သားတွေသေတော့ထမင်းအိုးထမ်းတွေက ဆက်တွန်းတင်ပြီးပစ်ကြတယ် ။ ထမင်းအိုး
ထမ်းတွေလည်း အမြောက်နားမှာပဲရန်သူ့ဗုံးဆံမှန်ပြီးသေကြတယ် ။ရန်သူက ဓနုဖြူခံတပ်ကိုသိမ်းပြီး
မြန်မာတွေ အလွန်အကြတယ် ။

ဗုံးဆံတွေကြားမှာ အဓိပ္ပါယ်မရှိအသေခံကြတယ်လို့ပြောတယ်တဲ့။အဲဒီအခါမှာ အရှင်မိထားတဲ့
မြန်မာစစ်သုံ့ပန်းတစ်ယောက်ကပြောတယ် ။

အေ့းမင်းတို့အင်္ဂလိပ်ကောင်တွေမင်းတို့က ကမ္ဘာလှည့်ပြီးလက်နက်အားကိုးအနိုင်ကျင့်လာ
တဲ့ကောင်တွေ့ဒို့မြန်မာတွေမင်းတို့အမြောက်ပစ်လို့ထွက်ပြေးရင် မြန်မာဆိုတာလည်း တစ်ခြားလူမျိုးတွေလိုပါပဲ။

အမြောက်တစ်ချက်ပစ်တာနဲ့ထွက်ပြေးကြတာပါပဲလို့မင်းတို့သမိုင်းမှာရေးကြမယ်။ မင်းတို့အဲဒီလိုအရေးခံရရင် မြန်မာ့သမိုင်းရိုင်းမယ် ။

မြန်မာ့သမိုင်းအရိုင်းမခံရအောင်၊မြန်မာလူမျိုးရဲ့သတ္တိကိုမင်းတို့သမိုင်းမှာရေးရအောင်
ငါတို့အားလုံးအသေခံကြတာကွမိစ္ဆာရလို့ ပြောသတဲ့။

အဲဒီတော့မှအင်္ဂလိပ်စစ်ဗိုလ်က သူ့ဦးထုတ်ကိုချွတ်လိုက်တယ်တဲ့ ။


အခုမျိုးချစ်တွေဆန္ဒပြတာအရာမရောက်ပါဘူးဆိုတဲ့သူတွေကိုပြောပါမယ် ။

အမေရိကန် ဆိုတာ ကမ္ဘာလှည့်ငပွကြီးလုပ်နေတဲ့ကောင်တွေ ။IS ကို တာလီဘန်တို့ကို မွေးခဲ့တယ်။

အခုရိုဟင်ဂျာကို မြန်မာပြည်မှာမွေးဖို့ ကြံတာ။ ချက်ချင်းမဆန့်ကျင်ရင့့်မြန်မာပြည်ကိုဖျက်ရတာလဲ ဟိုနိုင်ငံတွေဖျက်ရသလိုလွယ်ပါတယ်လို့ သူတို့သမိုင်းမှာရေးကြလိမ့်မယ် ။

ရှေးဘိုးဘတွေဓနုဖြူမှာပြောခဲ့သလိုပဲ ။ မြန်မာ့သမိုင်းမရိုင်းအောင် မျိုးဆက်တာဝန်ကျေကြရမှာပေါ့။
မြန်မာဆိုတာ ဒီလိုလူမျိုးလို့မြန်မာ့ဇာတိစိတ်ကိုအထင်အရှားပြကြရမှာပေါ့ ။

မျိုးချစ်စိတ်မရှိတဲ့သူဟာသစ်ဆွေးတုံးနဲ့တူတယ် ။

ကျန်းမာရေးကြောင့်မျိုးချစ်ညီကို သားသမီးတွေနဲ့အတူ မြန်မာ့ဇာတိသွေးကိုမပြနိုင်ပေမယ့် ဒီပို့စ်နဲ့
ဂုဏ်ပြုလိုက်ပါတယ် ။

မြန်မာပြည်ကိုတကယ်ချစ်တဲ့သူရဲကောင်းများထွန်းပြောင်တဲ့သမိုင်းကမ္ပည်းရေးထိုးနိုင်တဲ့နေ့တစ်နေ့
မော်ကွန်းဝင်ခဲ့ပါပြီ ။
.
အမတ်ဒိန်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>