လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဒေါ်စုကို သူတို့ထောက်ခံသတဲ့လား




ကနေ့ ဒေါ်စုထိရင် ဆတ်ဆတ်ထိမခံ အကဲဆတ်နေသူတွေ အမေချင်းမိုးမွှန်နေသူကိုမြင်တော့ တချိန်က ဒေါ်စုအင်းစိန်ထောင်ကျနေတဲ့ကာလကို ကျုပ်တိတိကျကျ ပြန်သတိရမိတယ်


ယက်ထောပြဿ နာရှာလို့ ဒေါ်စုအင်းစိန်ထောင်ရောက်နေတာ မတရားအချုပ်ခံရတာဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဒေါ်စုအတွက် အသက်ပင်ပေးရပေးရဆိုတဲ့ ထောက်ခံသူတွေဟာ အင်းစိန်ထောင်မှာ ဒေါ်စုမတရားအချုပ်ခံနေရတာကို မခံချင်လို့ အဲဒီအချိန် ထောင်ရှေ့လာပီး ဆန္ဒပြတာ ဘယ်နှစ်ယောက်ရှိပါသလဲ။


အင်းစိန်ထောင်ရှေ့မှာ အဲဒီအချိန်က လာပီးဆန္ဒပြတာ သေသွားတဲ့ ဦးဝင်းတင်တယောက်ဘဲ ရှိပါတယ်။ ကျန်တော်ကိုယ်တိုင် ဦးဝင်းတင်ကို အင်တာဗျူးပီး အသံလွှင့်ခဲ့ပါတယ်။ အင်းစိန်ထောင်ရှေ့မှာ ဒေါ်စု
ကိုထောက်ခံတဲ့သူ ဘယ်နှစ်ယောက်လာပါသလဲ ဆန္ဒပြသူဘယ်နှစ်ယောက်ရှိပါသလဲမေးတော့ ကျန်တော်တယောက်ဘဲရှိပါတယ်လို့ ဦးဝင်းတင်က ပြန်ဖြေပါတယ်။


ရန်ကုန်ထဲကလူမပြောနဲ့ ယုတ်စွအဆုံးနီးနီးနားနား လမ်းလျှောက်လာလို့ရတဲ့ အင်းစိန်ကတောင် တယောက်မှ မလာပါဘူး။ ဒေါစုအတွက် အသက်ပေးမယ်ဆိုသူတွေ အမေချင်းမိုးမွှန်အောင်ခေါ် ထောက်ခံသူတွေဟာ ဒေါစုတကယ်ထောင်ကျပီဆိုတော့ အမြီးတောင်မလှုပ်ရဲပါ။ သင်ကိုယ်တိုင် ဒေါ်စုထောက်ခံသူဆိုရင် အဲဒီအချိန်မှာ ဘယ်ရောက်နေလဲ ဘာကြောင့် အင်းစိန်ထောင်ရှေ့လာပီး ဒေါ်စုအတွက် ဆန္ဒမပြခဲ့သလဲ ပြန်စဉ်းစားပါ။ ဒေါ်စုဘက်ကပြန်ကြည့်ရင် သူထောင်ကျပီဆိုတော့ မိတ်ဆွေတယောက်မှ မရှိပါလားလို့ နားလည်သွားမှာ အမှန်ဖြစ်ပါတယ်။


ဒါတွေဟာ သတင်းထောက်ဘဝ ကျန်တော့ ကိုယ်တွေ့တွေဘဲဖြစ်ပါတယ်။ ဒီမှာတင် ဘာသင်္ခန်းစာ ရလိုက်လဲဆိုတော့ ဒေါ်စုထောက်ခံတယ်လို့ ပါးစပ်ဖျားကပြောနေသူအများစုဟာ အချောင်သမားတွေပါလားလို့ နားလည်လိုက်တယ် ဒေါ်စုအကျယ်ချုပ်ကလွတ်တိုင်း ဟေးလား
ဝါလားအော်ပီး ခြံရှေ့သွားထောက်ခံမယ်။ ဒေါ်စုလွတ်ပီး ၂ ပတ် ၃ ပတ်ကြာလို့ ဘာမှမထူးရင် အသာငြိမ်နေမယ်။ ဘယ်သူမှ ဒေါ်စုခြံရှေ့မသွားတော့ဘူး။ အရေးကြုံလာရင် ဒေါ်စုအတွက် အနစ်နာခံမယ်ဆိုသူ တယောက်မှ မတွေ့ခဲ့ပါ။


ခုလဲ ဒေါ်စုပါတီနိင်တယ် အစိုးရဖွဲ့နိင်ပီဆိုတော့ ဖော်လံဖားတဲ့ကောင်တွေ အလျိုအလျိုပေါ်လာတယ် အမေစုချင်းမိုးမွှန်အောင်အော်လာတယ်။ ကျုပ်ရီချင်တယ်။ အချောင်သမားတွေ ပိုများလာတယ်။ သည်မယ် ကျုပ်ပြောလိုက်မယ်။ နက်ဖြန်ဒေါ်စုအဖမ်းခံရကြည့် အဲဒီလူတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်
ကုန်မယ်။


Sein-kyaw Laing


No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>