လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မလှပသော အဖွင့်ကစားကွက်များကို ကာကွယ်တားဆီးရေး(၂)





နောက်တစ်ချက်မှာ ဒု သမ္မတ တစ်ဦးနှင့်တကွ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များအပါ အဝင် ကိုးဦးတိတိကို အရေးပါသော ရာထူးများ ဘာသာခြားတို့အား ပေးအပ်ခြင်းခဲ့ခြင်းကိစ္စဖြစ်သည်။ ထိုအရေးကိစ္စသည် စကားဖြင့် ထုတ်ပြောသင့်သော ကိစ္စမဟုတ်။ မပြောသော်လည်း နားလည်ရမည့် ကိစ္စဖြစ်သည်။ ဘာသာခြားတို့အား ရာထူးမပေးရဟု မဆိုလို။ သင့်တင့်စွာပေးနိုင်သည်ပင်ဖြစ်သည်။ သို့သော် ယခုကဲ့သို့ စုပြုံပေးအပ်ခြင်းကား မသင့်။ ဘာသာယဉ်ကျေးမှု အားပြိုင်ပွဲတို့တွင် နိုင်ငံရေးစင်မြင့်သည် အဆုံး
အ ဖြတ်ပေးတတ်သော နေရာဖြစ်သည်မဟုတ်ပါလား။နိုင်ငံရေးရှုထောင့်အရ အနောက်၏ လက်ခုပ်သြဘာသံကို ရနိုင်သော်လည်း ဘာသာရေးရှုထောင့်မှတော့ အတော်သတိထားဖွယ်ဖြစ်သွား
သည်။တနည်းအားဖြင့် နိုင်ငံတော်တိုးတက်ရေးကို ဘာသာရေးနှင့်အလဲအလှယ်လုပ်ခြင်း၊ ဘာသာရေး
ကိုထိုးကျွေးခြင်းကစားကွက်ဟု ယူဆဖွယ်ဖြစ်နေသည်။တနည်းအားဖြင့် ဘာသာလူမျိုးမရွေး အားလုံးသည်အတူတူဟူသော တန်းညှိသော စိတ်ထားသည် အခြေခံအဖြစ်ရှိနေသည်။


တန်းညှိမှုသည် သာမန်အားဖြင့် မှန်ကန်သည်ဟု ယူဆဖွယ်ဖြစ်သော်လည်း ကမ္ဘာလူဦးရေနှင့် နှိုင်း
ယှဉ်သော် အနည်းစုဖြစ်နေသော ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသေးသော အားပြိုင်မှုများစွာရှိ
နေသော ဗုဒ္ဓဘာသာဝင်များအတွက် ရေရှည်တွင် မကောင်းပါ။ ထိုထက်ဆိုးသည်မှာ ဆရာတော်သံဃာ
တော်များ ၊ ဘာသာသာသနာ ချစ်မြတ်နိုးသူများ အဘယ်သို့ မြင်လာမည် ခံစားရမည်ကို လုံးဝထည့်မတွက်
ခဲ့သော စိတ်ထားဖြစ်သည်။ ထည့်တွက်ခဲ့လျှင် ထိုသို့မည်သည့်နည်းနှင့်မျှ ဆောင်ရွက်မည် မဟုတ်။ ဆရာတော်သံဃာတော်များ၏ ခံစားချက်ကို ထည့်မတွက်ခြင်းသည် ရေရှည်တွင် မကောင်းပါ။ အဖုအထစ်များသော လမ်းကြောင်းများကို ဆက်လက်လျှောက်လှမ်းနိုင်ဖွယ် ရှိပါသည်။

နိုင်ငံတော်တိုးတက်ရေးအတွက် ဘာသာရေးကို ဘာမှခွဲခြားစရာမလိုဘူး ၊ အားလုံးဟာ အတူတူပဲဟု ဘာသာတရားအားလုံးကို တန်းညှိခြင်းသည် ဘာသာတရားအားလုံးက ငြိမ်းချမ်းရေးကို လိုလားသော ဘာသာတရားချည်းပဲဆိုလျှင် ပြဿနာမရှိသော်လည်း လူယဉ်ကျေးမှုကို ဖျက်ဆီးနိုင်စွမ်းသော အယူအဆများကို ဘာသာရေးအဆုံးအမအဖြစ် တရားဝင်လက်ခံသင်ကြားနေသည့် ဘာသာများနှင့် တန်းညှိခြင်း ဆိုလျှင် အတော်ပင် အန္တရာယ်ကြီးသွားပြီဖြစ်သည်။ မိမိတို့ ဗုဒ္ဓဘာသာကို ကျန်ဘာသာတို့နှင့် တန်းညှိသည်ဆိုလျှင်ပင် အတော်လွန်သွားပြီဟု ဆိုချင်သည်။ ကျန်ဘာသာဝင်တို့ကား ဗုဒ္ဓဘာသာနှင့် အမြဲတန်းညှိနေလို ပေသည်။ ကျန်သူတို့က ညှိချင်ညှိ။ မိမိတို့က လိမ္မာပါးနပ်စွာ တန်းညှိခြင်းကို ကာကွယ်ထားရမည်။ ထိုကိစ္စတို့သည်လည်း ထုတ်၍ မပြောလည်း နားလည်ရမည်ကိစ္စဖြစ်သည်။

ဘာသာသာသနာ၏ အနှစ်သာရကို တကယ်သိလျှင် သာသာနာတော် ရေရှည်တည်တံ့ရေး
အတွက် နိုင်ငံရေးစင်မြင့်သည် အရေးကြီးလှကြောင်း ၊ နိုင်ငံတော်၏ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်သည် အရေးကြီးလှသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သတိပြုမိလျှင် ထိုအကွက်မျိုးကို ရွေ့မိမည်မဟုတ်။နိုင်ငံတော်တိုးတက်ရေးအတွက် (ဘာသာရေးရှုထောင့်ကို လုံးဝထည့်မစဉ်းစားဘဲ)ကိုးကွယ်မှုဘာသာ သည် အရေးမကြီး အားလုံးဟာ အတူတူပဲ ဟု နှလုံးသွင်းမှု အခြေခိုင်မြဲခဲ့သော် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကွယ်ပျောက်ရန်အတွက် အဓိကကျသော မျိုးစေ့တစ်မျိုးကို စိုက်ပျိုးပြီးဖြစ်သည်ဟု မှတ်ယူရတော့မည်ဖြစ် သည်။

ဘာသာသာသနာကို အထူးကြည်ညိုသော သာသနာပြုမင်းများ လက်ထက်တွင်သာ သာသနာတော် ထွန်းလင်းတောက်ပခဲ့သည့် သမိုင်းကြောင်းကို အမှတ်ရစေလိုသည်။

အိမ်ထောင်ပြုမှု၌ ဘာသာလူမျိုး နိုင်ငံခွဲခြားစရာမလို ဟူသော အယူအဆသည် အမျိုးအနွယ်ကို ပျက်စီးသွားစေနိုင်သကဲ့သို့ နိုင်ငံတော်တိုးတက်ရေးအတွက် ဘာသာလူမျိုး ခွဲခြားစရာမလိုဟူသော အယူအဆ သည် အနှစ်သာရပြည့်ဝလှသော အဆုံးအမတော်များ နိုင်ငံအတွင်းမှ ကွယ်ပသွားရန် အားကြီးသော အထောက်အပံ့ တစ်ရပ်ဖြစ်လာနိုင်ပါသည်။ ထိုအချက်သည် အထူးသတိပြုသင့်သော အချက်ဖြစ်သည်။

ရာစုသစ်တွင် ဘာသာယဉ်ကျေးမှု အားပြိုင်မှုစီးကြောင်းတို့သည် အရှိန်အဟုန်နှင့် တစ်ကျော့ပြန် စီးဆင်းလာပြန်ပါပြီ။ ထိုအချက်ကို သတိပြုလျက် ကာကွယ်သင့်သည်ကို အဘက်ဘက်မှ စနစ်တကျ ကာကွယ် တတ်ပါမှ စနစ်ကျသော စီမံချက်များနှင့် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော အခြားစီးကြောင်းတို့၏ တိုက်စားဝါးမျိုမှုကို ခုခံနိုင်မည်ဖြစ်သည်။ သို့မဟုတ်က အနာဂတ်သာသာနာအတွက် မလွယ်ပါ။ ထိုအချက်များကို အစိုးရသစ်က ကောင်းစွာ သတိပြုသင့်ပါသည်။

နိုင်ငံတော်တိုးတက်ရေးကို လက်ညှိးထိုး၍ ဘာသာရေးကို ထိုးကျွေးသော ကစားကွက်များကို မသိမမြင်နိုင်လောက်အောင် မိမိတို့ မအ မနသေးပါ။ ထိုအချက်ကို သည်းခံနိုင်လောက်အောင်လည်း ခန္တီအားမကောင်းသေးပါ။သည်းခံနေသင့်သော အရာလည်းမ ဟုတ်ပါ။

ဘာသာခြားတို့အား ရာထူးခန့်ထားခြင်းကို ကန့်လည်းမကန့်ကွက်လို။ ထောက်လည်း မထောက်ခံ ။ သဘောမကျ သည်တော့ အမှန်ဖြစ်သည်။ ထိုအချက်ကို ပြန်ပြင်ရန်လည်း မတောင်းဆိုလို။

သို့သော် ဗုဒ္ဓအဆုံးအမများကို သတင်းစာ၌ ပြန်ထည့်ရန်တော့ တောင်းဆိုလိုသည်။ ထိုအချက်ကို လွန်စွာ မျော်လင့်မိပါသည်။ ပြည်သူအသံ နားထောင်မည့်အစိုးရမှန်လျှင် ပြန်ထည့်လိမ့်မည်ဟုလည်း မျှော်လင့် နေမိသည်။ ဝန်ကြီးဆရာဖေမြင့်သည်လည်း ဆရာတော်သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်ထု တရပ်လုံးကို ပြန်လည်တောင်းပန်သင့်သည်။

အကယ်၍ ပြန်မထည့်ပါလျှင် ထိုအချက်သည် မည်သို့မျှ သည်းခံမနေသင့်သော အချက် ၊ ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓဘာသာထုတရပ်လုံးကို မထီမဲ့မြင်ပြုသော စော်ကားသော အချက် ၊ သာသာနာကို ပညာရှိနည်းနှင့် ဖျက်ဆီးသော အချက်ဖြစ်သဖြင့် ပြန်ထည့်နိုင်ရေးအတွက် လိုအပ်သော မည်သည့်ဆောင်ရွက်မှုမျိုးမဆို ဆောင်ရွက်ရ လိမ့်မည်ဖြစ်သည်။ မ ဘ သ အဖွဲ့ကြီးသည် ထိုကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်မနေသင့်တော့ဟု ထင်ပါသည်။

ဗုဒ္ဓအဆုံးအမများကို ပညာရှိနည်းဖြင့် ပယ်ရှားဖျောက်ဖျက်လာခြင်းကို ကာကွယ်ရန်မှာ ဘာသာသာသနာ ချစ်မြတ်နိုး သူတိုင်း၏ တာဝန်ပင်ဖြစ်ပါတော့သည်။ ထိုသို့ ကာကွယ်ခွင့်သည် မိမိတို့၏ လွတ်လပ်စွာကာကွယ်ခွင့်ပင် ဖြစ်ပါသည်။ (သတိပြုရန်မှ ယခုရေးသားခဲ့သော အချက်တို့သည် အစိုးရသစ်ဆောင်ရွက်သော ကိစ္စအားလုံးကို ဆန့်ကျင်သည်မဟုတ်။ ဘာသာရေးနှင့် ပတ်သက်သော သတိထားဖွယ်အချက်များကိုသာ ဆန့်ကျင်ခြင်းဖြစ်ကြောင်း သတိပြုပါလေ။ အားပေးသင့်သော ကိစ္စတို့ကို အားပေးရန်တော့ အဆင်သင့်ရှိပါ၏။)

အစိုးရသစ်သည် ဘာသာရေးမျက်နှာစာကို သတိကြီးစွာ ကိုင်တွယ်လျှက် နိုင်ငံတော်ယန္တရားကြီးကို အဖုအထစ် ကင်းရှင်းစွာ မောင်းနှင်နိုင်ပါစေသတည်း။
အရှင်ပညာဗလ
ဓမ္မအေးရိပ်တောရ
ဟုမ္မလင်းမြို့နယ်
၂၁.၄. ၂၀၁၆

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>