လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပြောင်းလဲလိုသူ တစ်ယောက်အတွက် (ဗဟုသုတ)


အင်္ဂလိပ်လို အပြောင်းအလဲအား Change ဟု ခေါ်လေသည်။

လက်ရှိ အနေအထားတစ်ခုမှ ပိုမိုတိုးတက်ကောင်းမွန်သော အခြေအနေသစ် တစ်ခုကို အလိုရှိသူသည် ပြောင်းလဲလိုစိတ် (The Will to Change) ရှိရမည် ဖြစ်သည်။ အရာရာသည် စိတ်သာ ဦးဆောင်ဖြစ်သည့် အတွက် ပြောင်းလဲလိုစိတ်သာ မရှိခဲ့လျှင် ပြောင်းလဲရန် လမ်းသစ် ရှာဖွေလိုစိတ်၊ လုံ့လ၀ီရိယစိတ် ဆိုသည်တို့လည်း ရှိလာမည် မဟုတ်ပေ။ ဤအတွက် အောင်မြင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ခွင့်လည်း ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ပြောင်းလဲလိုသူသည် ပြောင်းလဲလိုစိတ် ဦးစွာရှိရမည် ဖြစ်သည်။

ပြောင်းလဲလိုသောသူသည် မိမိကိုယ်မိမိ တာဝန်ယူရမည်။ ကိုယ့်လမ်းကိုယ်ဖောက်ကာ၊ ကိုယ့်ခရီး ကိုယ် လျှောက်ရမည်။

ဂျပန်စကားပုံတစ်ခု ရှိသည်။ Don't be afraid of going slowly. But be afraid of standing still ဟူ၍ ဖြစ်ပါသည်။ ထိုစကားပုံလေးအတိုင်းဆိုလျှင် ကျွန်တော်တို့သည် နှေးနှေးလျှောက်ရခြင်းကို မကြောက်သင့်ပဲ ရပ်နေရခြင်းကိုသာ ကြောက်ရွံ့သင့်လှသည်ဟု ဆိုလိုရင်း ဖြစ်ရာ ပြောင်းလဲလိုသူတို့အနေဖြင့် တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ဟူသော ထုံးကိုလည်း အမြဲမပြတ် ဆင်ခြင်နှလုံးမူသင့်လေသည်။

ပြောင်းလဲလိုသူသည် ယုံကြည်ချက်ခိုင်မာရန် လိုအပ်သည်။ လောကဓံတွင် ကဲ့ရဲ့ခြင်းတည်းဟူသော လှိုင်းတံပိုးကို ကျော်ဖြတ်လိုသူသည် ယုံကြည်ချက်တည်းဟူသော လှေဖြင့်သာ ကျော်ဖြတ်ရမည် ဖြစ်သည်။

သီအိုဒီ ရုစဗဲ့လ် ပြောသောစကားအရဆိုလျှင် မလုပ်ခင်ကတည်းက ငါတို့ လုပ်နိုင်တယ်ဟု ယုံကြည်ခြင်းသည် လမ်းခရီးတစ်ဝက်ကို ရောက်ရှိစေပြီး ဖြစ်သည်။

Ref : ဦးတင်ဦး(ကျူရှင်)၏ ပြောင်းလဲရင်းဖြင့် ရင့်ကျက်လာပါစေ , wunzinn

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>