လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

၃၀ကျော်မမတွေပေါ့

ပု ရွက် ဆိတ်


၃၀ကျော်တွေပဲချစ်တယ် ငိငိ
နုဖတ်မနေတော့ပေမဲ့ အိုမင်းမနေဘူး
အတွေ့အကြုံနဲ့ ရင့်ကျက်မှု့က ၉လောက်ရှိ
အကြည့်ခံတယ် ရိုးမသွားဘူးဆိုတဲ့အလှ
၃၀ကျော်မမတွေမှာပဲရှိတယ်
မနွဲ့ဘူး ဂျီမကျဘူး
ကလေးကလားမဆန်ဘူး
တခါတလေ စိတ်ကောက်တတ်တာက လွဲရင်ပေါ့
အမေလိုဂရုစိုက်တယ်
အစ်မလို ထိန်းကျောင်းပေးတယ်
ဆရာမလို လမ်းပြတယ်
ချစ်သူလို ယုယတတ်တယ်
အပျော်အပျက်တော့ သွားမစနဲ့

မြွေပွေးခေါင်းပုတ်တာထက်ဆိုးသွားမယ်
တိုက်ဖန်များရင် လှုပ်ရအောင်
၃၀ကျော်မမက သစ်တုံးမဟုတ်ဘူး
နှလုံးသားက တည်တံ့အားကြီးလို့
၃၀ကျော်ထိ တစ်ယောက်တည်းဖြစ်နေတာ
ဟုတ်တယ်
ဝိုင်းဝိုင်းတော့လည်မနေဘူး
လည်နေတဲ့သူတွေကလဲ
လမ်းဘေးကတစ်ယောက်မှ မပါဘူး
အချစ်ရေး ကံကောင်းတယ်ဆိုတာ
အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတာမဟုတ်ဘူး
ရည်းစားအများကြီး ရှိတာမဟုတ်ဘူး
၃၀ကျော်မမတွေနဲ့ ရည်းစားဖြစ်ရတာကို ပြောတာ
ခေတ်ကိုလဲကြည့်ဦး
၁၃နှစ်မှာ ရည်းစားထားပြီး
၁၆နှစ်မှာ အိမ်ထောင်ပြုတဲ့ခေတ်
ရှားတော့ရှားသွားပြီ
တည်ငြိမ်တဲ့အလှပိုင်ရှင်
၃၀ကျော်မမတွေပေါ့
ဘယ်လိုပြောပြော
ရှားပါးပစ္စည်းက တန်ဖိုးကြီးစမြဲ
မရရင်လဲမယူတော့ဘူး
ယူမဲ့ယူတော့
၃၀ကျော်တန်ဖိုးကြီး မမတွေကိုပဲ ရှာယူတော့မယ်
မမတွေ ဝ ရင် ပိုတောင်လှသေး :D

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>