လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နှစ်ယောက်လုံးကိုချစ်မိရင် ဘယ်လိုရွေးချယ်မလဲ

  အချစ်ဆိုတဲ့အရာက တခါတလေ ဆန်းကြယ်စွာရှိနေတတ်ပါတယ်။ ရှာဖွေနေသူတွေအတွက် မှန်ကန်တဲ့အချစ်ကို မတွေ့နိုင်ကြသေးပေမယ့်  တချို့တွေကတော့ အချစ်ကို မလိုချင်လောက်အောင်ပေါများနေတတ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်းအပေါ်ထားလို့ရပေမယ့် ကိုယ့်ရဲ့တစ်သက်တာလက်တွဲသွားမယ့် ဘ၀လက်တွဲဖော်ကတော့ တစ်ယောက်တည်းပဲ ဖြစ်သင့်ပါတယ်။ဒါပေမယ့် ကိုယ့်မှာ ချစ်သူရှိနေပေမယ့် တခြားတစ်ယောက်ကိုချစ်မိသွားတာကလည်းမြှားနတ်မောင်ကို အပြစ်တင်ရမလား၊ ကံကြမ္မာကိုပဲ အပြစ်ဆိုရမလားပဲ။

သင့်ချစ်သူကိုလည်း ချစ်တယ်။တခြားတစ်ယောက်ကိုလည်း ချစ်မိနေတယ်။ဒီလို အခြေအနေတွေက သင်တစ်ယောက်တည်းပဲ ဖြစ်နေတာတော့မဟုတ်ပါဘူး။ဒါပေမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာအရတော့ မဖြစ်သင့်ဘူးပေါ့။

ဒီလိုအခြေအနေမှာ ဘယ်သူမှနစ်နာမှုမရှိအောင် ကိုင်တွယ်ဖြေရှင်းဖို့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ခံစားတတ်တဲ့ နှလုံးသားရှိတဲ့ လူသားတွေဖြစ်နေလို့ပါပဲ။

လူနှစ်ယောက်ကို တပြိုင်တည်းချစ်နိုင်လို့လားလို့မေးရင် ချစ်နိုင်တယ်လို့ပဲသင်ဖြေပါလိမ့်မယ်။ချစ်လည်းချစ်နိုင်မှာပါ။  ဒါပေမယ့် သင့်အနေနဲ့  ကြုံတွေ့လာရမယ့် ပြသနာ အခက်အခဲတွေကိုတော့ ရင်ဆိုင်ဖို့ပြင်ဆင်ထားရပါလိမ့်မယ်။

တကယ်တော့ လူတစ်ယောက်ကို ချစ်ရတဲ့အလုပ်က မလွယ်လှပါဘူး။လူနှစ်ယောက်ကို တပြိုင်တည်းချစ်ဖို့ဆိုတာ ကတော့ ပိုတောင်မလွယ်ပါဘူး။ဒါပေမယ့် ကိုယ်တိုင်က ချစ်မိသွားပြီဆိုရင်တော့ မလွှဲမရှောင်သာ ပြသနာတွေကိုအမြန် ဆုံးရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်။

သူတို့နှစ်ယောက်ကိုမနှိုင်းယှဉ်ပါနဲ့

သင့်ချစ်သူနဲ့သင်ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေ ချင်းခြင်းမေတ္တာတွေနဲ့ ချစ်နေကြပြီး၊ ဘ၀လက်တွဲဖော်အထိတောင်ရည်ရွယ်ထားတာမျိုးဖြစ်နေမှာပါ။တခြားတစ်ယောက်ကိုလည်း အဲဒီလိုခံစားချက်မျိုးနဲ့ချစ်နေမိ သလို သူကလည်းသင့်ကို ထပ်တူကျတဲ့အချစ်မျိုးနဲ့ပြန်ချစ်နေပြီဆိုရင် သင့်အတွက် ရွေးချယ်ရခက်နေမှာပါ။ဒါကြောင့် သူတို့ကို တစ်ယောက်အားနည်းချက်၊အားသာချက်တွေကို မနှိုင်းယှဉ်ပါနဲ့သူတို့ကသင်ချစ်သလို သင့်အပေါ်မှာပြန်ချစ်နေကြ တဲ့အတွက် တစ်ဖက်ဖက်ကို ဘက်လိုက်တွေးပေးမိမယ်ဆိုရင် စိတ်မကောင်းစရာအဖြစ်တွေနဲ့ ကြုံလာရနိုင်ပါတယ်။

လူနှစ်ယောက်ကို တပြိုင်တည်းချစ်မိပြီဆိုကတည်းက ပြသနာကရှိနေပါပြီ သင့်ရဲ့မသိစိတ်ထဲမှာ တစ်ယောက်ယောက်ကို တော့ပိုချစ်နေမိကောင်းချစ်မိနေပါလိမ့်မယ်။ဒါကြောင့် နှစ်ယောက်စလုံးရဲ့
အချစ်တွေကို လေးစားတဲ့အနေနဲ့ သင့်ကိုယ်သင်ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။

နှစ်ယောက်လုံးက လက်ခံရဲ့လား

သင့်ရဲ့ ပါတနာနှစ်ယောက်လုံးက ဒီအဖြစ်အပျက်ကို လက်ခံပါရဲ့လား။ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ထက် တခြားတစ်ယောက်ကို ပိုချစ်နေတာမျိုးကို လက်ခံနိုင်မှာမဟုတ်ပါဘူး။သ၀န်တိုမှုကင်းတဲ့ အချစ်စစ်ဆိုတာ မရှိပါဘူး။သင့်အနေနဲ့နှစ်ယောက်လုံးကို ညီတူမျှတူချစ်နေပေမယ့်လည်း  သူတို့အနေနဲ့ တစ်ယောက် ယောက် ကိုပို ချစ်တယ်လို့ခံစားရမှာအသေအချာပါပဲ။အဲဒီအခါ အားလုံးနာကျင်ကြရမှာပါ။။ဒါကြောင့် သင်ကိုယ်တိုင် အဲဒီလို အရွေးချယ်ခံဖြစ်နေပြီဆိုရင် ဘယ်လိုခံစားရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ကျင့်ဝတ်ပိုင်းကိုလည်းစဉ်းစားသင့်

အခုခေတ်မှာတော့ စစ်မှန်တဲ့အချစ်တွေက ရှိတော့ရှိတယ် ဒါပေမယ့် ရှားတယ်လို့ပြောလို့ရတဲ့အတွက် သင်ကိုယ် တိုင် အရွေးချယ်ခံထဲမှာ ပါခဲ့မယ်ဆိုရင်အချစ်စစ်ကို ပိုင်ဆိုင်ဖို့ နည်းလမ်းမျိုးစုံကို သုံးမိကောင်းသုံးမိပါလိမ့်မယ်။ဒါကြောင့် relationshipတစ်ခုကို အမြန်ဆုံးဖြတ်တောက်လိုက်သင့်ပါတယ်။ သင့်ရဲ့ပါတနာနှစ်ယောက်လုံးက ကျေနပ်လက်ခံ တယ်ဆိုရင်တောင် သင်တို့ရဲ့ဆက်ဆံရေးမှာ မသိသာတဲ့  ပွန်းပဲ့မှုလေးတွေရှိနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ဖော်ပြချင်တာကတော့ အချစ်ဆိုတာ ရှုပ်ထွေးဆန်းကြယ်တာမှန်ပါတယ်။တစ်ယောက်တည်းကို သင် စိတ်ကြိုက်ချစ်နိုင်ပါတယ်။ဒါပေမယ့် နှစ်ယောက်ကိုတော့ ပြိုင်တူမချစ်လိုက်ပါနဲ့။ရှုပ်ထွေးမှုထဲမှာ သင်ရုန်းမ ထွက်နိုင် ဖြစ်နိုင်လို့ပါ။


ခြူးသစ်နွယ်@ChoChoThan(Shwemom)
 http://www.onlineywa.info/

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>