အဖေ
Facebook ဆိုတာကို စသုံးတတ်တော့ ကျွန်တော့် အကောင့်ကို စပြီး Add တာ ...
အဖေ့ နာမည် နဲ့ အဖေ့ အကောင့်ကိုမြင်တော့ လန့်သွားတယ် ငါ့အဖေပါလား .. အံမယ်
အဖေက အင်တာနက်တောင်သုံးတတ်လို့ ... အဖေကကျွန်တော့်အကောင့်ကို Add ပြီး
ကျနော့်ညီမ အကောင့်ကိုလည်း ရှာပြီး Add တယ် ... သူက မောင်နှမ နှစ်ယောက်လုံး
ဘာတွေတင်ထားလည်း ဘယ်သူနဲ့ ဘာတွေပြောနေလည်း သိချင်ယုံသာ ...
ကျွန်တော်ကတော့ အဖေ့အကောင့်ကို လက်ခံပြီးမှ စဉ်းစားတယ် ငါပေါက်ကရတွေလျှောက်
တင်လို့အဖေမြင်ရင် ဆူခံနေရမလားဆိုပြီး ... သူက ကျနော်အချစ်အကြောင်းတွေလျှောက်ရေးလည်း ဖတ်တာပဲ ... ပြီးရင် အမေ့ကို ပြန်တိုင်သလိုလိုနဲ့ မင်းသားတော်မောင်က ဘာတွေရေးနေတာဆိုပြီး မိဘ အကြောင်းကျတော့မရေးဘူးလည်း ဆူသလိုနဲ့ ပြန်ပြောတတ်သေးတယ် ....
ကြာတော့မဖြစ်သေးပါဘူး ငါ့အကောင့်ထဲ အဖေရှိနေရင် ငါလုပ်ချင်တာလုပ်လို့ရမှာမဟုတ်ဘူးဆိုပြီး သူမသိအောင် ဘလော့လုပ်လိုက်တယ် ... ကျနော့်အကောင့်ကို ရှာမတွေ့တော့ လာမေးတယ် မင်းအကောင့်ငါ ရှာမတွေ့တော့ဘူး ဘယ်ရောက်သွားလည်းတဲ့ ... ကျနော်လည်း လိမ်လိုက်တယ် .... သိဘူးလေ ပျက်သွားတာနေမာပေါ့လို့ ... အသက်ကြီးတဲ့ အဖေက မသိရှာဘူး အော် ဟုတ်လားဆိုပြီး သူ့အကောင့်ထဲမှာပေါ်နေတဲ့ သီတင်းလေးတွေပဲ ဖတ်ရင်း ပျော်နေရှာတယ် ...
မကြာခင် သူ့သားတော် မောင်ကသူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်ကညီမက ပြောတော့ မှအကောင့် အသစ်လေးဖွင့်ပြီး ဘလော့ခံရမှာ စိုးလို့ထင့် ... Add လို့မရတဲ့ သားအကောင့်ကို တိတ်တိတ်လေး Follow လေးလုပ်ထားရှာတယ် ... ဒီလိုနဲ့ ကျွန်တော်က နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာရောဂါဖြစ်လာတယ် ... အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန် အဖေကတော့ Add လို့မရတဲ့ သားအကောင့်က ပုံကိုဆေးရုံမှာကြည့်ပြီး အလွမ်းဖြေနေရရှာတယ် ... ပါးစပ်ကလည်းတစ်ဖွဖွ ငါ့သားလေးစိတ်ပူနေမယ် ငါ့ရောဂါအကြောင်းမပြောပါနဲ့တဲ့ ....
သားတော်မောင်က ပင်လယ်ထဲမှာ သဘောင်္သားဘ၀ဆိုတော့ ကမ်းကပ်တဲ့ အချိန် အင်တာနက်သုံးလို့ရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ်လုပ်မှ သိရတယ် .. အဖေဆုံးပြီတဲ့ .... မသေခင် ကျနော့် အကောင့်မှာ တင်ထားတဲ့ စာလေးတွေ ပုံလေးတွေကိုဖတ်ရင်း ပြုံးနေရှာတာတဲ့ ... အခုကျနော် အဖေ့အကောင့်ကို လက်ခံလိုက်ပြီလေ အဖေ .... ကျနော် ဘလော့မလုပ်တော့ပါဘူး အဖေလို့ကတိတွေပေးရင်း ငိုနေမိလည်း ...

အဖေ့ Facebook အကောင့်လေးကတော့ မီးမစိမ်းတော့ပါ ....
~OMG~
No comments:
Post a Comment