လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အမျိုးသားရေးလုပ်သင့်သလား




== နေဇင်လတ်==
***********************************
ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမှ မထိပါးပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက်ကတော့ အားလုံးတာဝန် ရှိကြတယ်လို့ ယူဆတယ်။ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီးပြင်းပြီး၊ ဒီနိုင်ငံရေကို သောက်ခဲ့ကြသူတွေ အနေနဲ့ တော့ ဒီနိုင်ငံရဲ့ ကျေးဇူးသစ္စာတရားကို စောင့်ထိန်းသင့်တယ်။

တစ်ဦးနဲ့တစ်ဦး အင်အားချင်းမတူ၊ နောက်ခံ တွေ မတူကြတဲ့အတွက် ကိုယ်နိုင်သမျှအားနဲ့တော့ ကိုယ့်နိုင်ငံအတွက် တစ်စုံတစ်ရာ တာဝန်ကျေသင့်တယ်လို့ လည်း ယူဆရပါတယ်။

ကုန်းဘောင်ခေတ် နောက်ဆုံးအချိန်တုန်းကလည်း နယ်ချဲ့တွေက သူ့အလုပ် သူလုပ်သွားခဲ့ကြတယ်။ မြန်မာတွေ ကိုယ့်အလုပ်ကိုယ် မလုပ်ခဲ့ကြလို့၊ လုပ်ရကောင်းမှန်းမသိလို့ အထူးသဖြင့် အုပ်ချုပ်တဲ့ လူတန်းစား တွေ အမြင်ကျဉ်းမြောင်းခဲ့ကြလို့ တစ်ပါးကျွန်ကို နှစ်(၁ဝဝ)ကျော် ခံလိုက်ခဲ့ကြတာကို မမေ့သင့်ဘူး။ ကျွန် အဖြစ် ခံခဲ့ရတာ နှစ်(၁ဝဝ)ကျော်၊ လွတ်လပ်ရေးရတာ နှစ်(၇ဝ)ကျော်ပဲ ရှိသေးတာကို သတိထားဖို့ကောင်း တယ်။

ကိုလိုနီဘဝက လွတ်လပ်ရေး တိုက်ယူရတာကတစ်မျိုး၊ ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ကိုယ်တော် မှိုင်းလိုလူမျိုး ထပ်ပေါ်လာခဲ့ရင် တစ်ကျော့ပြန်လို့ရသေးတယ်။ ကိုယ့်လူမျိုးပျောက်၊ ဘာသာပျောက်ကွယ် သွားရင်တော့ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးလည်း ထပ်ပေါ်လာတော့မှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆို တော့ လူမျိုးနဲ့ ဘာသာကိုယ်တိုင်က ပြောင်းသွားခဲ့လို့ပဲ။

အကျိုးစီးပွားကို မမေ့ကြပါနဲ့။
================
နိုင်ငံတိုင်း၊ လူမျိုးတိုင်းက သူတို့ အကျိုးစီးပွားအပေါ် အခြေခံပြီး ဆောင်ရွက်နေကြတာချည်းပဲ။ မတိုးတက်သေးတဲ့နိုင်ငံတွေမှာ အမြင်မကျယ်သေးကြတဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး နိုင်ငံကြီးတွေ က ''လူ့အခွင့်အရေး'' ''ဒီမိုကရေစီ''ဆိုတဲ့ သကာလောင်း၊ သူတို့လိုရာပုံကိုသွင်း ယူတတ်ကြတာ သူတို့ရဲ့ အလုပ်၊ သာမန်ပြည်သူတွေ အသိမမြင်သေး
တဲ့အချိန်မှာ သာမန်လူတွေထက် အသိမြင့်၊ တာဝန်ရှိကြတဲ့ အစိုးရတွေ၊
နိုင်ငံခေါင်းဆောင်တွေက ရေရှည် အမျိုးသားအကျိုးစီးပွားတွေအတွက်
မှန်ကန်တဲ့လမ်းကြောင်း ကို ချပြသင့်တယ်။ အစိုရတစ်ရပ်ဆိုတာ သက်တမ်းတစ်ခု၊ နှစ်ခု နိုင်ငံရေးအာဏာဆိုတာလည်း ရွေပွက်တစ်ခု ပမာသာပါ။ လူမျိုးနှင့်နိုင်ငံရဲ့ အနာဂတ်အကျိုးစီးပွားကိုပဲ ရေရှည်ကြည့်သင့်တယ်။

ဦးနုလက်ထက်က မဲ,ရဖို့အတွက် ဆုံးဖြတ်ချက်အမှားတစ်ခုအတွက် အနာဂတ်ဆိုးကျိုးကို အခု မျိုးဆက်တွေ မျှဝေခံစားနေရပြီ။ လက်ရှိမျိုးဆက်တွေရဲ့ ဆုံးဖြတ်ချက်အမှားကို နောက်မျိုးဆက်တွေက ဆက်ပြီးခံစားကြရဦးမယ်ဆိုရင် ပြင်လို့ရတဲ့အမှားမျိုးမဟုတ်တော့ဘူး၊ တစ်သက်လုံးကြဆုံးသွားပြီမှတ်။ အဖတ်ဆယ်မရတဲ့ အမှားမျိုးတွေ ဖြစ်သွားကြပြီမှတ်။

အိန္ဒိယဟာ ဗုဒ္ဓဖွားမြင်ရာ၊ ဗုဒ္ဓထွန်းကားရာဒေသ၊ အိန္ဒိယခွဲထွက်ခံလိုက်ရတယ်။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အခုဘင်္ဂလားဒေ့ရှိမှာ လူဦးရေပေါက်ကွဲနေတယ်။ ပထဝီအနေအထားအရ နောက်အနှစ်နှစ် ဆယ်မှာ တစ်ချို့နေရာတွေ ရေမြုပ်တော့မယ်။ နယ်ပယ်အသစ်လိုလာပြီ။ (လူမျိုးနှင့် ဘာသာကိုမပြောဘူး) နိုင်ငံတစ်ခုအနေနဲ့ပဲ စဉ်းစားပြတာပါ။

ဘင်္ဂလားဒေ့ရှ်ကလူတွေ ပါကစ္စတန်ဘက်ဖောက်ဝင်မလား၊ အိန္ဒိယ ဘက်သို့ တိုးဝင်မလား၊ မြန်မာဘက်သို့ ကျော်ဝင်မလား။ ပထဝီအခြေအနေအရရော နိုင်ငံရဲ့ အခြေအနေ အရရော မြန်မာနိုင်ငံက သူတို့အတွက် အကောင်းဆုံးဖြစ်နေတယ်။ အတိတ်ကိုပြန်ကြည့် တစ်ချိန်ကရခိုင် (၉၈)ရှိတဲ့နေရာတွေမှာ လူဦးရေတိုးပွားနှုန်းမတူလို့ အခု ရခိုင်(၂)ပဲရှိတဲ့နေရာတွေအများကြီး၊ နယ်မြေတစ်ခု မှာ အများစုဖြစ်လာရင် ဘယ်လိုလုပ်ကြမလည်း။

အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂ္ဂန်နစ္စတန်တွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာ အဓိကနိုင်ငံတွေ။ အခု လုံးဝပြောင်းလဲသွားပြီ၊ အရှေ့အလည်ပိုင်း တစ်ချို့ဟာလည်း ခရစ်ယာန်အားကောင်းတဲ့နိုင်ငံတွေ၊ အခု ပြောင်းလဲသွားခဲ့ပြီ၊ နောက်ထပ်ပြောင်းလဲသွားရဦးမယ့် နိုင်ငံတွေလည်း ရှိနေသေးတယ်။ ပြင်ပသက်ရောက် မှုမပါသေးဘဲ လူမျိုးတစ်စုအနေနဲ့ သူလူမျိုး မပျောက်ပျက်သွားအောင် ထိန်းသိမ်းနိုင်ဖို့ (၂.၁) မွေးဖွားနှုန်း လိုအပ်တယ်။ အနောက်နိုင်ငံတွေရဲ့ မွေးဖွားနှုန်းက ပျမ်းမျှ (၁.၅) မပြည့်တော့ဘူး။

အကောင်းဆုံးက(၁.၈)နဲ့ အဆိုးဆုံးက (ဝ.၈)၊ အဲ့ဒိတော့ ပျမ်းမျှလူဦးရေ မွေးဖွားနှုန်း (၄)ကျော်တဲ့ လူမျိုးရဲ့ ဝါးမျိုးခြင်းကို တစ်ဖြည်းဖြည်းခံလာရကြာရာမှာ နောက်ထပ် (၁၅)နှစ်ကနေ (၂ဝ)နှစ်အတွက် ပြင်သစ်၊ ဂျာမဏီ စတဲ့ အထင်ကရနိုင်ငံတွေမှာ လူမျိုးရော ဘာသာရောပါ အဓိက (Majority)ကနေ အနည်းစု (Majority) အဖြစ် ပြောင်းလဲသွားကြတော့မယ်။ ဒီမိုကရေစီကို သူပြိုင်ငါပြိုင် လိုတာထက်ပိုပြီး အတတ် အဆန်း ထွင်ခဲ့ကြတဲ့ အကျိုးကျေးဇူးပဲ။ အဲ့ဒီလို ဆိုးကျိုးတွေကို ခံစားနေရတာတောင်မှ တတိယနိုင်ငံတွေ ကို ပစ်ပစ်ခါခါ မီးလောင်တိုက်သွင်းနိုင်ခဲ့တာ သူတို့အကျိုးစီးပွား အခြေခံကြလို့ပဲဆိုတာ မြန်မာနိုင်ငံသားတွေ သိဖို့ကောင်းတယ်။

ပေါ့ပေါ့မတွေးနဲ့
=========
မြန်မာလူဦးရေ သန်း(၅ဝ)ကျော်
တရုတ်၊ သန်း(၁၄ဝဝ)နီးပါး
ဘင်္ဂလားဒေ့ရှ် သန်း(၁၆ဝ)ကျော်
နယ်မြေချင်းတွေ ထိစပ်နေတယ်။ အချက်အလက်တွေရှာဖွေရင်း`` Rescuet boat passengers using Myanmar flags were mostly Bangladeshi Citizies ´´ဆိုပြီး ဖတ်လိုက်ရတယ်။

(၂၅.၁၁.၁၄)နေ့ထုတ် ပြည်ပကထွက်တဲ့ စာစောင်မှာ မြန်မာအလံကိုတပ်ပြီး လှေစီးဒုက္ခသည်ဆိုသူတွေ အများစုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဆိုတာပါပဲ။

ဦးသိန်းစိန်လက်ထက်မှာတုန်းက ပြတ်ပြတ်သားသား ပြောခဲ့သေး
တယ်။ ကမ္ဘာက ဖိအားပေးဖို့ ကြိုးစားခဲ့သေးတယ်။ မကြာခင်မှာပဲ အဲ့ဒီနိုင်ငံတွေကို လှေစီးဒုက္ခ သည်တွေ ရောက်သွားတော့ အသံတွေတိတ်သွားခဲ့ကြတာ မှတ်မိသေးတယ်။

တရားမဝင် ရွှေ့ပြောင်းလာသူ တွေ များလာလို့ တက်နေရတဲ့ဒုက္ခတွေ အဲ့ဒီဒုက္ခသည်တွေနဲ့အတူ အကြမ်းဖက်တွေကို ရောလွှတ်ပြီး အကြမ်း ဖက်ခံခဲ့ရတဲ့ ဒုက္ခတွေဟာ ကမ္ဘာအနှံ့ အတော်ပြန့်လာခဲ့တယ်။

အခုအချိန်မှာ မြန်မာနိုင်ငံက အကြံအဖန် နည်းနဲ့ရောက်လာမယ့် ဒုက္ခသည်တွေကို ငြင်းဆိုခဲ့ရင် အသံနည်းနည်းပါးပါး ထွက်တာလောက်ကိုပဲ ရင်ဆိုင် ရမှာဖြစ်ပြီး ဖိအားတွေကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။အတတ်ကြူးခဲ့တဲ့ အနောက်အုပ်စုကိုယ်တိုင် အဲဒီဒုက္ခသည်တွေကို မချိအောင် ခံနေကြလို့ပါဘဲ။

ဂျာမဏီ အဓိပတိအိန်ဂျလာမာကဲယ်လ်ဟာ လူထုထောက်ခံမှု ကြီးကြီးမားမားရထားတဲ့ ခေါင်းဆောင်တစ်ဦးပါ။ ဒုက္ခသည်တွေကို တစ်ပိုင်းတစ်စ တာဝန်ယူမယ်လို့ ပြောလိုက်တဲ့နောက်ပိုင်း
''နိုင်ငံရဲ့သစ္စာဖောက်ဆိုတဲ့ စွဲချက်ကြီးကြီး အတင်ခံလိုက်ရတယ်။

ကမ္ဘာ့နိုင်ငံတွေမှာလည်း သူ့ဒုက္ခနဲ့သူတို့။ မြန်မာမှာလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါ။ ကိုယ့်ဒုက္ခကို ဘယ်သူ မှ လာရှင်းပေးမှာ မဟုတ်ဘူး။ အစိုးရ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေပဲ တာဝန်ယူ
ဖြေရှင်ပေးကြရမှာ ဖြစ်ပါတယ်။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို သစ္စာမဖောက်ဖို့ပဲ လိုတယ်။

အမျိုးသားရေး
========
အမျိုးသားရေးဟာ လုပ်ကိုလုပ်ကမယ့်အရာပါ။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဟစ်တလာလို တစ်ဖက်အစွန်းမကြဖို့ပဲ လိုတယ်။ အချို့မသိတဲ့သူတွေက အမျိုးသားရေးကို အစွန်းတစ်ဖက် (Etremism) နဲ့ ရောချတတ်တယ်။ ဘာမှမဆိုင်ပါဘူး။ သူများကို ကျူးကျော်တာမဟုတ်ဘူး။

ကိုယ့်ကိုယ်ကို ကာကွယ်တာ၊ ခုခံတာ၊ လိုအပ်ရင်တိုက်ထုတ်တာ
၊Internationalisn နဲ့ (Etremism) က တစ်ခြားစီပါ။ အဓိက အချက်ကို ကွဲပြားအောင် ကြည့်တက်ဖို့ နှစ်လုံးသွင်း မှန်ဖို့လိုတယ်။

နိုင်ငံတွေကျဆုံးသွားတာ လူမျိုးပျောက်ပြီး ဘာသာပြောင်းသွားတာ ''အမျိုးသားရေးစိတ်ဓာတ်'' အားနည်းခဲ့လို့ပဲ၊ အစိုးရတွေ နိုင်ငံရေးခေါင်းဆောင်တွေ တစ်လွဲဆံပင်မကောင်းသင့်ဘူး။ သံဃာတွေ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ကြတာ ဆန့်ကျင်ဘက်က မမြင်သင့်ဘူး။

သံဃာလည်း သူတို့ ဘာသာ ပျောက်သွားမှာ စိုးတာပေါ့။ ကိုယ့်သံဃာက ကိုယ့်ဘာသာကို ကာကွယ်တာကြတော့ အပြစ်မြင်ကြ ပြီး တစ်ခြားဘာသာရေးခေါင်းဆောင်တွေသူ့ဘာသာ
ကာကွယ်တာ၊ ပြန့်ပွားရေး ဆောင်ရွက်နေတာကြတော့ နှုတ်ဆိတ်နေကြတယ်။ အတော့်ကို စိတ်မကောင်းစရာလို့ ယူဆတယ်။

နှုတ်ဖြားကပြောတော့ ''အခွင့်အရေးတန်းတူ'' ''လွတ်လပ်စွာထုတ်ဖော်ခွင့်'' လက်တွေ့မှာ ညီမျှခြင်း ရှိ/မရှိ စီစစ်ဖို့ကောင်းတယ်။ တစ်ခြားဘာသာရေးခေါင်းဆောင်တွေ ''မဲ''ပေးခွင့် ရှိသူလား၊ တစ်ခြား ဘာသာရေးခေါင်းဆောင်တွေ မဲပေးခွင့်ရှိရင် ဗုဒ္ဓဘာသာမှာလည်း ဘာသာရေးခေါင်းဆောင်တွေ ဖြစ်တဲ့ သံဃာတွေ မဲပေးခွင့် ပြုသင့်တာပေါ့။

ယုတ္တိဗေဒအရ ပြောတာ၊ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေနေပြီး
မြန်မာတွေ အစိုးရတဲ့အချိန်မှာ ဘာဖြစ်လို့ သံဃာတွေကို မဲပေးခွင့် မပြုခဲ့ရတာလည်း။ ဒီမိုကရေစီဆိုရင် အားလုံး ညီတူမျှတူ တန်းတူဖြစ်ကြရမှာပေါ့။

ကျွန်တော်တို့အများကြီး ပြန်စဉ်းစားကြဖို့ကောင်းတယ်၊ ပြုပြင်ပြောင်း
လဲရေးလုပ်ခဲ့တာလည်း ငါးနှစ် ကျော်သွားခဲ့ပြီ၊ အစပိုင်းမှာ အမြင်တိမ်ကြတာကို အပြစ်မဆိုချင်ပေမယ့် ပြီးခဲ့တဲ့ငါးနှစ်မှာ အမြင်တွေ ပွင့်သင့်သလောက် ပွင့်သင့်ကြပြီ၊ ကမ္ဘာကြီးဘာဖြစ်နေသလဲဆိုတာတွေ လှမ်းမျှော်ကြည့်သင့်ပြီ၊ ကမ္ဘာကြီး ကတောင် စိုးရိမ်တစ်ကြီးဖြစ်နေတဲ့ကိစ္စကို မြန်မာနိုင်ငံလည်း စိုးရိမ်တစ်ကြီးဖြစ်သင့်တယ်။ တစ်လွဲဆံပင် ကောင်းဖို့ မဖြစ်ကြတော့ဘူး။ မျိုးချစ်စိတ် ထက်သန်တဲ့ မြန်မာလူမျိုးဆိုတဲ့ ဂုဏ်ဒြပ်ကို ဆက်ထိန်းသင့်တယ်။

ဗြိတိသျှက မြန်မာနိုင်ငံကို သိမ်းပြီး သံယံဇာတတွေ ထုတ်ယူသွားခဲ့တယ်။
တရုတ်က မြန်မာ့စီးပွားရေး လည်မြိုက သွေးကိုဖောက်ပြီး တစ်ဝကြီး သောက်သုံးသွားခဲ့တယ်။

အခု ဗြိတိသျှနဲ့ အမေရိကန်က သူတို့အကျိုးစီးပွားအတွက်
မြန်မာနိုင်ငံရေးမှာ ထပ်ပြီး ထဲထဲဝင်ဝင် ပါလာပြန်ပြီ။ အခုတစ်ကြိမ်က ပိုဆိုးလိမ့်မယ်။ လွတ်လပ်ရေးတောင်းဖို့ မလိုလောက်အောင် ဖြစ်သွားလိမ့် မယ်။

အိမ်နီးချင်းကလည်း ရရင်ရသလို ကျူးကျော်ဖို့ရှိတယ်။ ပြည်တွင်းက သူတွေကလည်း သူခိုးဓားရိုး ကမ်းဖို့ ဝန်မလေးကြဘူး။ လက်တဆဆဖြစ်နေကြပြီ။

ပြည်တွင်း/ပြည်ပပေါင်းပြီး မြန်မာလူမျိုး၊ မြန်မာမြေပုံပျောက်အောင် ကြိုးစားနေသူတွေကလည်း ရှိသေးတယ်။ လက်နက်နဲ့ ကိုယ်လိုနီပြုတာက ပြန်တိုက်ယူလို့ရသေးတယ်။

ဘာသာ လူမျိုးနဲ့ ကိုယ်လိုနီ နယ်ချဲ့ခံရရင် ပြန်တိုက်ယူလို့ မရတော့ဘူး။ ထာဝရ ဆုံးရှုံးမှုပဲ။ အမေရိကန်မှာ သိပ်သဘောကျဖို့ကောင်းတဲ့ စနစ်တစ်ခုရှိတယ်။ ကြိုက်တဲ့အပိုင်းကိုတော့ ကြိုက်တယ်ပြောရမှာပဲ၊ လူထုက ရွေးကောက်တင်မြှောက် ပါတယ် ဆိုတဲ့သမ္မတက အားလုံးစုံကို သူလုပ်ချင်တိုင်း လုပ်လို့မရဘူး။

အိမ်ဖြူတော်အသိုင်းအဝိုင်း၊ စီအိုင်အေ၊ ပင်တဂွတ် လွှတ်တော်(၂)ရပ် စတဲ့ အင်စတီကျူးရှင်းတွေက သမ္မတကို လုပ်ပိုင်ခွင့် ''စည်းဘောင်'' တစ်ခုအတွင်းကပဲ ရှင်သန်ထားစေတယ်။အမေရိကန်တွေရဲ့ အမျိုး သား အကျိုးစီးပွားကို ထိခိုက်စေမယ်လို့ယူဆရင် သူတို့သမ္မတကိုတောင် အလွတ်ပေးလေ့မရှိဘူး။

ကနေဒီရဲ့ ဇာတ်လမ်းဟာ အမေရိကန်တွေရဲ့သမ္မတ(Etremism)
နောက်ကွယ်က ထိန်းချုပ်ထားတဲ့ စနစ်ကို ကွက် ကွက်ကွင်းကွင်း
ပေါ်တဲ့ဖြစ်ရက်ပါ။မြန်မာတွေသတိကြီးကြီး၊ ဆင်ဆင်ခြင်ခြင် ၊မျက်လုံးပြူးပြူးဖွင့် နားရွက် ကားကား နားစွင့်သင့်တဲ့ အချိန်ရောက်နေပြီလို့ သတိပေးလိုပါတယ်။

``နေဇင်လတ်´´
``မဘသ(ဗဟို)Online Media´´

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>