လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

စောင့်လေမျိုးနွယ်


စောင့်လေမျိုးနွယ်
============
ဒီစကားကို လူတော်တော်များများ နားခါးလှရော့မယ်။ ကောင်းတဲ့စကားဖြစ်ပေမဲ့လဲ အချိန်အခါ အခြေအနေနဲ့ မလျှော်လျှင် လူတွေမကြိုက်တတ် မနှစ်သက်တတ်လို့ ဒုက္ကထာသုတ်မှာဘုရားရှင်က ခိုးဆိုးလုယက်နေသူကို သီလစောင့်ရန်ပြောလျှင် ဒေါသထွက်စေတတ်သောကြောင့် မကောင်းတဲ့စကား=နှမြောစေးနှဲသူကို လှူဒါန်းရန်တိုက်တွန်းပြောဆိုပါလျှင် ဒေါသထွက်စေတတ်သောကြောင့် မကောင်းတဲ့စကားဖြစ်ကြောင်း မိန့်ဆိုတော်မူထားပါတယ်။
အခုလောလောဆယ် ရဟန်းတစ်ပါးကို အပြစ်ပြောနေတဲ့ ဒကာကြီးတစ်ယောက်ရဲ့ သမီးနှစ်ယောက်ဟာ နိုင်ငံခြားသားတွေနဲ့လက်ထပ်ထားကြောင်း ဓာတ်ပုံတွေပြန့်နှံ့နေပါတယ်။ အဲဒီအထဲမှာ မုံရွာမှာနေရင် မုံရွာသားနဲ့ရမယ် ၊ ရွှေဘိုမှာနေရင် ရွှေဘိုသားနဲ့ရမယ်လို့ပြောခဲ့တဲ့ ကျုပ် အလွန်တန်ဖိုးထားရတဲ့ ဒကာမကြီးရဲ့ ပုံရိပ်တွေလဲ တွေ့နေရတယ်။ ဒကာမကြီးကိုတော့ အခြေအနေအရဖြစ်သွားတာလို့ နားလည်ပေးနိုင်ပေမဲ့ ဒါမျိုးတွေ အားပေး အားမြှောက် လုပ်နေတာမျိုးတော့ မဖြစ်စေချင်ဘူး။

နောက်ပြီး အခုတလော မိဘရည်စူးတဲ့ဆွမ်းအလှူပွဲတွေ ကြွကြွနေရတယ်။ မိဘတွေရဲ့ သားသမီးတို့အပေါ်ဖြစ်စေချင်တဲ့ အချက် (၅) ချက်ထဲမှာလဲ စောင့်လေမျိုးနွယ်ဆိုတဲ့ အချက်တစ်ခုက ပါနေတယ်။ အဲဒီ စောင့်လေမျိုးနွယ်ဆိုတဲ့စကားကို ပါဠိလို ကုလ၀ံသော စိရံတိဋ္ဌေ-လို့ဆိုပါတယ်။
ဒါနဲ့ ကြုံတုန်း အဲဒီအချက်ကို သေချာကြည့်လိုက်တော့ မိမိနားလည်ထားတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ဘဲဖြစ်နေတာတွေ့ရတယ်။ ကျမ်းဂန်ဖွင့်ဆိုချက်က စောင့်လေမျိုးနွယ်ဆိုတာ မိဘတို့၏လက်ငုတ်ဖြစ်တဲ့ လယ်ယာမြေတွေ ရွှေငွေတွေမဆုတ်ယုတ်စေဖို့နဲ့ စာရေးတံဆွမ်းအစရှိသော မိဘတို့လှူမြဲဝတ်တွေ မပျက်ကြစေဖို့သာ ဖွင့်ဆိုထားတာဖြစ်နေတယ်။ မိမိထင်ထားတာက လူမျိုးခြား ဘာသာခြားနဲ့ လက်မထပ်ဖို့ ဖွင့်ဆိုထားလိမ့်မယ်လို့ ထင်ထားတာ။
ဒါနဲ့ မဟုတ်သေးပါဘူးလို့ဆိုပြီး ကြည့်နေကျ အင်္ဂုတ္တိုရ်အဋ္ဌကထာမှတစ်ပါး အခြား ပါဠိ အဋ္ဌကထာတွေ ကြည့်မိကာမှ ကိုယ်နားလည်းထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို တွေ့ရတော့တယ်။ မဇ္ဈိမပဏ္ဏာသပါဠိမှာတော့ ခတ္တိယဟာ ခတ္တိယအမျိုး ဗြဟ္မဏဟာ ဗြဟ္မဏမျိုးလို့ မိမိတို့အမျိုးအနွယ်ကိုသာ ရည်ညွှန်းဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ပါထိက အဋ္ဌကထာမှာတော့= မာတာပိတရော အဓမ္မိက၀ံသတော ဟာရေတွာ ဓမ္မိက၀ံသေ ဌပေန္တော-လို့ ဖွင့်ဆိုထားတယ်။ ဆိုလိုတာက တရားမစောင့်တဲ့ အမျိုးအနွယ်တွေ (ဘာသာခြား လူမျိုးခြား) တို့နဲ့ မဆက်စပ်ကြဖို့ ရည်ညွှန်းထားတာပါပဲ။ အဲဒီအဖွင့်ကျမ်းတွေ တွေ့ခါမှ ဘ၀င်ကျသွားတော့တယ်။
ဟိုတလောက ဟိုဘာသာဝင်တစ်ယောက်ကပြောတယ် သွေးသားဆန္ဒအရ မိမိသမီးကို လွန်ကျူးတာဟာ အပြစ်မရှိဘူး တဲ့။ အဲဒီပုဂ္ဂိုလ်တွေရဲ့=အယူ အဲဒီပုဂ္ဂိုလ်တွေရဲ့=အကျင့်မျိုးကို မိစ္ဆာဒိဋ္ဌိတို့ရဲ့ မိစ္ဆာဓမ္မ လို့ခေါ်တယ်။ ရိုးရိုးကာမေသုမိစ္ဆာစာရထက်လွန်စွာဆိုးသွမ်းသော ယုတ်မာလွန်းသော အဓမ္မရာဂလို့ ခေါ်တယ်။
မြန်မာနိုင်ငံတော်ကြီး ခေတ်မီကောင်းစားတော့မဲ့အချိန်မှာ မိစ္ဆာဒိဋ္ဌိတို့ရဲ့ မိစ္ဆာဓမ္မ=အဓမ္မရာဂရှိသူတို့နဲ့ ရောရော ထွေးထွေး ရှုပ်ရှုပ်ရှက်ရှက် မလုပ်ကြရန်။ ထိုသူတို့နှင့် ကင်းကင်း ရှင်းရှင်းနေနိုင်ကြစေရန် မလိုလားအပ်သော ပြဿနာအမျိုးမျိုး ဖြစ်ပေါ်မလာစေဘဲ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်
 နေနိုင်ကြရန်အမျိုးအနွယ်ကို စောင့်ရှောက်ကြရန် အကြံပြု ရေးသားလိုက်ရပါတယ်။
ဦးနန္ဒာစာရ (မုံရွာ)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>