လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မိခင်မေတ္တာ



တခါတုန်းက ရွာတစ်ရွာမှာ မိခင်ဖြစ်သူက သားလေးမွေးရင်း မီးတွင်းထဲမှာပဲဆုံးပါးသွားခဲ့ရှာပါတယ် လူမမယ်သားလေး မိတဆိုးလေးမို့ ဖခင်ဖြစ်သူခင်ဗျာ နို့ချိုတိုက်ကျွေးဖို့အခက်ကြုံလာပြီပေါ့ တိုက်ဆိုင်စွာပဲ အိမ်မှာမွေးထားတဲ့နွားမကြီးကလည်းနွားသားပေါက်လေးနဲ့မို့ အဆင်သင့်စွာပဲ မိတဆိုးသားလေးအတွက်
နို့ချိုတိုက်ကျွေးရမဲ့ ပြဿနာပြေလည်သွားပြီပေါ့ ဒီလိုနဲ့နွားမကြီးနဲ့သားလေးရဲ့သံယောဇဉ်ကြိုးလေးတွေ ခိုင်မြဲလာတော့ ၃ နှစ်ကျော်ကျော် အရွယ်ရောက်လာတဲ့ သားလေးကကိုယ်တိုင်ပဲ နွားမကြီးရဲ့ နို့ရည်ကိုသောက်စို့နိုင်ပြီပေါ့ မူကြိုအရွယ် သားလေးကျောင်းသွားရင် ညနေရောက်တိုင်း နွားမကြီးကကျောင်းရှေ့ ကိုလာလာကြိုတယ်
 နွားမကြီးနဲ့ သားလေးရဲ့
သံယောဇဉ်တွေအဆက်ပြတ်မဲ့ နေ့ရောက်လာခဲ့ပြီပေါ့ ညနေကျောင်းဆင်းချိန် နွားမကြီးရောက်မလာခဲ့ပါဘူး သားလေးခင်ဗျာ နွားမကြီးကိုမျှော်ရင်းနဲ့ အိမ်ပြန်ရောက်ခဲ့ပြီ ရောက်ရောက်ခြင်း ပဲသားလေးကမေးပြီပေါ့
နွားမကြီးဘယ်ရောက်သွားလည်း အဖေ မျက်နှာမကောင်းဖြစ်နေရှာတဲ့ ဖခင်ကခုလိုပြန်ဖြေရှာပါတယ် သားလေးရဲ့ နွားမကြီးရောင်းလိုက်ရပြီ သားရယ် အိမ်ကစည်းပွားရေး မကောင်းတော့ လယ်တွေယာတွေစိုက်ပျိုးဖို့ မျိုးကဝယ်ရအုံးမယ် စားဝတ်နေရေးအတွက် အဖေဒီနွားမကြီးကို
မရောင်းမဖြစ်တော့လို့ အဖေရောင်းလိုက်ရတာပါ သားရယ်တဲ့လေ ခိုင်းနွားတွေရောင်းလိုက်ရင် အဖေ့လက်မောင်းတွေ ဖြုတ်သလိုဖြစ်မှာမို့ နောက်ဆုံးရွေးချယ်လိုက်ရခြင်းပါတဲ့ မိခင်တစ်ယောက်လို တွယ်တာခဲ့တဲ့ သားလေး ငိုကြွေးရုံမှတပါး အခြားမရှိဒီလိုနဲ့ မစားမသောက်ပဲ အိပ်ယာထဲလှဲခဲ့ပြီပေါ့ သားအဖြစ်ကို မကြည့်ရက်မမြင်ရက်နဲ့ ၂ ရက်လောက်သော နံနက်ခင်းမှာတော့ အိမ်ရှေ့ကနွားအော်သံ ကြားရတော့ ဖခင်ဖြစ်သူအိမ်တံခါးဖွင့်
ကြည့်ချိန် မျှော်လင့်မထားတဲ့ မြင်ကွင်း သားဖြစ်သူကို အိပ်ယာနိုးလို့ သားလေး ထကြည့်စမ်းပါအုံးကွာ အိမ်ရှေ့ကို သားဖြစ်သူ မြင်လိုက်ရတဲ့ မြင်ကွင်း ပျော်ရွှင်မဆုံးဖြစ်ရပြီပေါ့ ရောင်းလိုက်တဲ့နွားမကြီးအိမ်ရှေ့မှာ
ဝယ်သွားသူကိုယ်တိုင် လက်ကဆွဲလို့ ဖခင်ဖြစ်သူက အကြိုးအကြောင်းမေးပါတော့တယ် ဝယ်သွားသူ ပြန်ပြောပြလိုက်တာက ဒီနွားမကြီးအိမ်ရောက်တဲ့ နေ့ထဲက ဘာမှလည်းကျွေးမရဘူးဗျာ မျက်ရည်တွေပဲ ကျနေတာ မစားလည်းမစားဘူး အော်နေတာညတိုင်းပဲ ဒါနဲ့ အကြောင်းရင်းသိရအောင်
ဒီပြန်ခေါ်လာတာပဲတဲ့ ဖခင်ဖြစ်သူကလည်းနွားမကြီးနဲ့ သားလေးရဲ့အကြောင်းစုံရှင်းပြလိုက်တော့ ဇာတ်ရည် လည်သွားပါတော့တယ် ဝယ်သွားသူကလည်း ကျုပ်ဒီနွားမကြီးနဲ့ ဒီသားလေးရဲ့ သံယောဇဉ်ကို မဖြတ်တော့ပါဘူးဗျာ ငွေလည်းပြန်မပေးပါတော့နဲ့
ကျုပ်လှူပါတယ် မိခင်မရှိတော့တဲ့ သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့နို့ချိုတိုက်ကျွေးခဲ့တဲ့ ဒီနွားမကြီးနဲ့
ဒီသားလေးဘဝ ရေဆက်ရှိသရွေ့ နေထိုင်ပါစေတော့ဗျာ ဆိုပြီး ထားခဲ့ပါတော့တယ် တိရစ္ဆာန်ပင်ဖြစ်လင့်ကစား မျိုးမတူဘဝခြားပေမဲ့ သံယောဇဉ်နှောင်ဖွဲ့မှု့တွေ  မေတ္တာတရားထားတတ်မှု့တွေဟာ ကျွန်တော်တို့ လူသားကပိုလို့ တောင်ရှိသင့်ပါတယ် ကျင်လည်ရတဲ့ လူ့ဘဝခဏလေးမှာ တစ်ဦးအပေါ် တစ်ဦးအပြန်လှန် နားလည်မှု့ တွေ စာနာမှု့တွေ မေတ္တာတရားတွေ လွှမ်းခြုံပါသော လူ့
အသိုက်ဝန်းတစ်ခုကို တည်ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီး သာယာအေးချမ်းသွားမှာ အမှန်ပါပဲလေ

from - FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>