လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သာသနာ့အလံတော်အား ယ္ခုကဲ့သို့ မထီမဲ့မြင်ပြု စော်ကားခြင်းအား အသိအမှတ်မပြု






အရေးယူပေးပါ . . . ခင်ဗျာ
==================
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံတော်အလံဆိုတာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး ဧည့်သည်နိုင်ငံသား အပါအဝင် လေးစားတန်ဘိုးထားရမည့် အရာပင်မဟုတ်ပေလော။
ထို့ ကဲ့သို့ နိုင်ငံတော်အလံသည်ပင် လေးစားတန်ဘိုးထားထိုက်ပါလျှင် ထို့ ထက်ပို၍ပင် လေးစားတန်ဘိုးထားထိုက်သည့် လူအများစု ကိုးကွယ်သည့် ဘာသာ၏ အထွဋ်အမြတ်ထားရာ သာသနာ့အလံတော်သည် နိုင်ငံတော်အလံထက်ပင်သာ၍ လေးစားတန်ဘိုးထားထိုက်သည် မဟုတ်လော။

မိမိတို့ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သူအများဆုံး မှီတင်းနေထိုင်သည့် နိုင်ငံဖြစ်၍ နိုင်ငံတော်ဘာသာဟုပင် သတ်မှတ်ထိုက်သည့် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ ၏ အမိမြန်မာပြည်၌ ဗုဒ္ဓဘာသာဝင်များ၏အထွဋ်အမြတ်ထားရာ မြတ်ဗုဒ္ဓသာသနာ၏တန်ဘိုးထားရာ သာသနာ့အလံတော်အား ယ္ခုကဲ့သို့ မထီမဲ့မြင်ပြု စော်ကားခြင်းအား အသိအမှတ်မပြုသကဲ့သို့ ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချသလို ရည်ရွယ်ချက်ရှိရှိဖြင့်ရေးဆွဲသည့် ကာတွန်းဆရာအား ထိရောက်စွာအရေးယူပေးဖို့ ဗုဒ္ဓဘာသာဝင်ပြည်သူတစ်ဦးအနေဖြင့်တောင်းဆိုအပ်ပါသည်။
ပြည်သူ့ အသံကိုအမှန်တစ်ကယ် နားထောင်ပြီး အမျိုးဘာသာသာသနာအတွက် အန္တရယ်ဆူးညှောင့်များကိုဖယ်ရှားပေးဖို့ ပြည်သူအများစုက တင်မြှောက်ထားသည့် ဒီမိုကရေစီ အစိုးရလူကြီးမင်းများအား လေးနက်စွာ ပန်ကြားအပ်ပါသည်။

 မြင့်ဇော်-ပြည်သာယာ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>