လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မိမိကိုယ်ကို လိမ်လို့ မရပါဘူး



လူတစ်ယောက်ရဲ့ ဖိနပ်စီး ဖိနပ်ချွတ်ထားတဲ့ပုံကိုကြညြ့်ပီး 
ဒီလူဟာ ဘယ်လိုလူသားမျိုးလည်းဆိုတာကို အနီးစပ်ဆုံး 
ခန့် မှန်းလို့ ရပါတယ် ... ဖိနပ်ကို ရှပ်တိုက်ပြီး
တဗျန်းဗျန်းအသံမြည်နေအောင် စီးတတ်တဲ့သူတွေဟာ
စိတ်ထားကြမ်းတမ်းတတ်ကြတယ်..

ဖိနပ်ချွတ်တဲ့နေရာမှာလည်း ညီညီညာညာမဟုတ်ပဲ
ဖြစ်သလိုပဲ တောင်တစ်ဖက်မြောက်တစ်ဖက်ချွတ်မယ်
သူများဖိနပ်တွေပေါ်မှာ ကြုံသလို နင်းဖိပြီးချွတ်လိုက်မယ်
မှောက်ခုံတွေဖြစ်အောင်ချွတ်မယ်..အဲ့သလိုလူတွေဟာ
ဘယ်အရာမဆိုဖြစ်သလို အပြီးစလွယ်လုပ်တတ်ကြတယ်
သေသေသပ်သပ်စည်းစနစ်ရှိရှိနဲ့ မလုပ်တတ်ကြဘူး

သန့် ရှင်းသပ်ရပ်မှုကိုလည်း အလေးမထားတတ်ကြဘူး
စကားပြောတာကအစ အကျိုးနဲ့ အကြောင်းနဲ့ 
ရှင်းရှင်းလင်းလင်းပြောတတ်တဲ့သူမျိုးမဟုတ်ပဲ
တစ်ဖက်သားအမြင်မှာ လက်မခံနိုင်လောက်တဲ့
မချေမငန်အမူအရာတွေနဲ့ (လူရာမဝင်တဲ့)စကားမျိုးတွေ
ပြောတတ်ကြတယ်....

ဟုတ်မဟုတ်တော့ ကိုယ်တိုင် ဖိနပ်ချွတ်တဲ့အခါမှာ
ဘယ်လိုချွတ်တတ်လဲလို့ အရင်တွေးကြည့်ပြီး
အထက်ကပြောခဲ့တာတွေကို ကိုယ့်ကိုယ်ကိုမညာတမ်း
စဉ်းစားကြည့်ကြပါလေ.....

ဟုတ်နေတယ်ဆိုရင်တော့ အဲ့ဒီအချက်တွေနဲ့ ဆန့် ကျင်ဖက်
ဖြစ်သွားအောင် ကြိုးစားပြီး ပြုပြင်လိုက်ကြပါစို့ လို့ .....

CRD/Org Wrt.

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>