လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကံတူအကျိုးပေးကြုံခဲ့ရသောအိမ်ရှေ့စံ ကနောင်မင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း

ကနောင်မင်းသားကျဆုံးခြင်း အနှစ်(၁၅ဝ)ပြည့်နေ့က အတွေးများ
တက္ကသိုလ်စိန်တင်
( ၁ )
တနာပုံနေပြည်တော် မန္တလေး မြို့၌ အိမ်ရှေ့စံ ကနောင်မင်း သားကြီး နတ်ရွာစံကျဆုံးသော နေ့ အနှစ်(၁၅ဝ)ပြည့်အထိမ်း အမှတ် အလှူဒါနပြုပွဲ အခမ်းအနားကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၂ ရက် နံနက် ၉ နာ ရီခွဲတွင် ရန်ကုန်မြို့ ရှစ်မိုင် မစိုးရိမ်ရွှေကျင် ကျောင်းတိုက်၌ ကျင်းပခဲ့ရာ အိမ်ရှေ့စံ ကနောင်မင်းအနွယ်တော် 'နဂါးဗိုလ်ထိပ် တင် မင်းသမီး ဒေါ်ကေခိုင်အောင်ခင်နှင့် ဘဝရှင် သီပေါမင်းတရားကြီး၏မြစ်တော် မင်းသားဦးစိုးဝင်းအပါအဝင် ကုန်းဘောင် မင်းဆက်အနွယ်တော်များ စုံညီစွာတက် ရောက်ကြသည်။
အခမ်းအနားတွင် ကနောင် မင်း၏ အနွယ်တော်
နဂါးဗိုလ်မင်းသမီး စာပေထုတ်ဝေရေးပိုင်ရှင် ဒေါ်ကေခိုင် အောင်ခင်က အိမ်ရှေ့စံ ကနောင်မင်းသား ကြီး သက်တော် ၄၇ နှစ်တွင် ကျဆုံးနတ် ပြည်စံတော်မူနေ့ အနှစ်(၁၅ဝ)ပြည့် ကြောင်း တင်ပြလျှောက်ထားပြောဆိုခဲ့ သည်။ သက်တော် ၄၇ နှစ်တွင် နတ်ပြည် စံခဲ့သော ကနောင်မင်းသားအထိမ်းအမှတ် သံဃာတော်အရှင်သူမြတ် ၄၇ ပါးတို့အား ဆွမ်း၊ သင်္ကန်း၊ ပရိက္ခရာအစုံ လှူဒါန်းအမျှ ပေးဝေသာဓုခေါ်ကြပြီး ပဲခူးဆရာတော် က သီလပေးတရားချီးမြှင့်ပရိတ်တရား တော်များ ရွတ်ဖတ်ချီးမြှင့်ပူဇော်ကြသည်။ ထိုအခမ်းအနားပြီးဆုံးချိန်တွင် မြန်မာ့ ရုပ်မြင်သံကြားက စာရေးဆရာ တက္ကသိုလ် စိန်တင်နှင့် တွေ့ဆုံအသံသွင်းရုပ်မြင်ရိုက် ကူးသဖြင့် တက္ကသိုလ်စိန်တင်က ဤသို့ ကနောင်မင်းသား ကျဆုံးရခြင်းအပေါ် ရှုမြင်ချက်ပြောဆိုခဲ့သည်။
ခရစ်နှစ် ၁၈၆၆ ခုနှစ်မှာ ရတနာပုံနေပြည် အိမ်ရှေ့စံ ကနောင်မင်း ကို မြင်ကွန်းမင်းသားက လုပ်ကြံသတ်ဖြတ် တဲ့အခါမှာ နောက်က နယ်ချဲ့ဗြိတိသျှတွေ က သွေးထိုးလှုံ့ဆော်အားပေးလို့ဖြစ်တယ်။ အလားတူပဲ ၁၉၄၇ ခုနှစ်မှာ မြန်မာ့လွတ် လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို ဂဠုန်ဦးစောနှင့်အဖွဲ့က လုပ်ကြံသတ်ဖြတ် ရာမှာ နောက်က နယ်ချဲ့သမား ဗြိတိသျှ စစ်အရာရှိတွေပါ ရှိနေတယ်။ ၁၈၆၆ ခုနှစ် ကနောင်မင်းသား ကျဆုံးခဲ့ခြင်းဟာ အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲနေခြင်း ကြောင့်ဖြစ်သလို ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခြင်းဟာလည်း အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်ရာမှာ အဖျက်သမား ဂဠုန်ဦးစောတို့ မပါဝင်ခဲ့ လို့ ဖြစ်တယ်။
ဒီကနေ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးမှာ နိုင်ငံတော်၏ အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် နေတဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ကြီး ကျင်းပဖို့ ပြင်ဆင်နေဆဲဖြစ်တယ်။ ဒီအချိန်မှာ အရေးအကြီးဆုံးကိစ္စက အမျိုး သားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကိစ္စပဲဖြစ်တယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ် ငန်း၊ တိုင်းရင်းသားချစ်ကြည်စည်းရုံးရေး လုပ်ငန်းကို ဦးစားပေးဆောင်ရွက်နိုင်ခြင်း ပြုလုပ်နိုင်မှသာလျှင် အနှစ် ၇ဝ နီးပါးကြာ ရှိခဲ့တဲ့ ပြည်တွင်းစစ်မီးကြီးကို အောင်မြင် စွာ ငြှိမ်းသတ်အေးချမ်းသွားနိုင်မှာဖြစ် ပါတယ်။
( ၂ )
မြန်မာ့ရုပ်မြင်သံကြား တွေ့ဆုံ မေးမြန်းခန်းတွင် ဤစာရေးသူ တက္ကသိုလ် စိန်တင်က တင်ပြပြောဆိုခဲ့သော ကနောင် မင်းသားကို မြင်ကွန်း၊ မြင်းခုံတိုင်မင်းသား တို့က သတ်ဖြတ်ခဲ့ခြင်းမှာ အမျိုးသားစည်း လုံးညီညွတ်မှု ပြိုကွဲခဲ့သဖြင့် ဖြစ်ပွားရသည် ဟု တင်ပြခဲ့ခြင်းမှာ အမှန်ပင်ဖြစ်ပေသည်။ ၁၈၆၆ ခုနှစ်က မြန်မာ့နိုင်ငံရေးကို ပြန် ကြည့်လျှင် အိမ်ရှေ့စံ ကနောင်မင်းသား သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ဘုရင့်တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းလျက် ရှိသည်။ ဧရာဝတီမြစ်အတွင်းက တက် လာကြမည့် ဗြိတိသျှနယ်ချဲ့စစ်သင်္ဘော များကို ဖြိုခွဲတိုက်ခိုက်ချေမှုန်းရန် ရေမြှုပ် ဗုံးများကို အလုံးအရင်းနှင့် စီမံပြုလုပ်ထား သည်။
ထိုအချိန်တွင် မြင်ကွန်းမင်း သားသည် မိမိတို့ ရတနာပုံနေပြည်တော် ကို လာရောက်သိမ်းပိုက်တိုက်ခိုက်ယူရန် ဆင်ကြံကြံနေသော နယ်ချဲ့ဗြိတိသျှတို့၏အန္တရာယ်ရန်စွယ်ကို မမြင်။ ရတနာပုံ ရွှေနန်းကို သိမ်းမြန်းစိုးမိုး၍ ရှင်ဘုရင်လုပ် ရန်သာ လောဘစိတ်ကဲနေသည်။ ဗြိတိသျှ နယ်ချဲ့သံကိုယ်စားလှယ် ကပ္ပတိန်စလေဒင် က မြင်ကွန်း၊ မြင်းခုံတိုင်တို့ ပုန်ကန်မှုကို နောက်မှအားပေးနေသည်။ ကနောင်မင်း သား ကျဆုံးသွားမှ မိမိတို့ဗြိတိသျှနယ်ချဲ့ သမားတို့အဖို့ မန္တလေး ရတနာပုံနေပြည် တော်ကို အချိန်မရွေး တက်ရောက်သိမ်း ပိုက်နိုင်မည်။ ထို့ကြောင့် ကနောင်မင်းသား ကို လုပ်ကြံသတ်ဖြတ်ရန်ကိစ္စသာ အဓိက ဦးစားပေးအဖြစ် ရည်ရွယ်ထားသည်။
မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် ဝါဆိုလပြည့်ကျော် ၇ ရက်။ ထိုနေ့သည် ခရစ်နှစ် ၁၈၆၆ ခုနှစ် သြဂုတ်၂ ရက်နေ့ လည်းဖြစ်သည်။ မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားနှင့်အပေါင်းပါတို့သည် ရတနာပုံ လွှတ်တော်ကို ဝင်စီးကြသည်။ အိမ်ရှေ့စံ ကနောင်မင်းသားသည် လွှတ်တော်တွင် ပင် မြင်းခုံတိုင်မင်းသား၏ ဓားချက်ဖြင့် အသက်ဆုံးရရှာပြီ။
သြော် အမျိုးသားစည်းလုံးညီ ညွတ်မှု ပြိုကွဲစဉ် နယ်ချဲ့ဗြိတိသျှအကြံ သမားတို့ ဝင်နှောက်သဖြင့် ရတနာပုံရွှေ နန်း၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကနောင်မင်းသား ကျဆုံးခဲ့ရပြီ။ ကြေကွဲ ဖွယ်လည်းကောင်း၏။ နာကြည်းဖွယ်လည်း ကောင်း၏။ သင်ခန်းစာယူဖွယ်လည်း ကောင်းပါဘိ။
( ၃ )
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် တွင် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ် ချုပ်အောင်ဆန်းနှင့် အာဇာနည်ဝန်ကြီး များ ကျဆုံးရခြင်း၏ အဓိကတရားခံမှာ အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ခြင်း ပင်ဖြစ်သည်။ နိုင်ငံတော်လုပ်ကြံမှု တရားခံ ဂဠုန်ဦးစောကို ဗိုလ်ချုပ်အောင်ဆန်းဖြစ် လာမည့် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် ၁၉၃၇ ခုနှစ်တွင် ပထမအကြိမ် ဆုံစည်းခဲ့သည်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဦးဆောင် ကျင်းပခဲ့သော နန်းရင်းဝန် ဒေါက်တာ ဘမော်နှင့် အတိုက်အခံခေါင်းဆောင် ဂဠုန်ဦးစောတို့ စကားရည်လုပွဲ၌ တကသ ဥက္ကဋ္ဌ ကိုအောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက်သည်။
ထိုစဉ်က ကိုအောင်ဆန်းသည် ဂဠုန်ဦးစော၏ မျက်လုံးအကြည့်ကိုမြင်၍ တကသဥက္ကဋ္ဌဟောင်း ဦးနုကို ဤသို့ပြော ဆိုခဲ့၏။ ''ဦးစောကြည့်တဲ့ မျက်လုံးဟာ ဆင်ကြည့်ကြည့်တတ်တယ်။ ဒီလိုမျက်လုံး မျိုးဟာ ဆင်ကြံကြံတတ်တယ်''။
၁၉၄၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံ ၌ နေအိမ်အကျယ်ချုပ် ချထားခံရသော မြန်မာနန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောကို ဗြိတိသျှအစိုးရက မြန်မာနိုင်ငံသို့ ပြန်ခေါ် လာသည်။ အမျိုးသားစည်းလုံးညီညွတ် ရေး ဦးစားပေးလိုသော ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းသည် ဂဠုန် ဦးစောအိမ်ရှိရာ ရန်ကုန်မြို့ အေဒီလမ်းသို့ သွားရောက်၍ မြန်မာ့လွတ်လပ်ရေးရရှိ ဖို့ အတူတကွ ပေါင်းစည်းဆောင်ရွက်ရန် ဆွေးနွေးခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည် တာဝါလိန်းလမ်း နေအိမ်သို့လည်း ဂဠုန် ဦးစောကို ဖိတ်ကြား၍ အမျိုးသားစည်းလုံး ညီညွတ်ရေး ဆွေးနွေးညှိနှိုင်းပါသေး၏။
သို့သော် ဗိုလ်ချုပ်အကြံ မအောင် မြင်ခဲ့ပေ။ ဂဠုန်ဦးစောနောက်တွင်ရှိနေ သော ဗြိတိသျှနယ်ချဲ့စစ်အရာရှိတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ် ရန် ဂဠုန်ဦးစောကို စည်းရုံးပြီး ဘရင်းဂန်း သေနတ် လက်နက် ၂ဝဝ ပင် ထုတ်ပေး လိုက်ပြီးခဲ့လေပြီ။ ဤတွင် အမျိုးသားရင် ကြားစေ့ရေးဆောင်ရွက်ရန် ကြိုးပမ်းသူ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းကို ဂဠုန်ဦးစော လုပ်ကြံသတ် ဖြတ်ခဲ့လေပြီ။
( ၄ )
ဤသည်တို့မှာ ရတနာပုံနန်း အိမ်ရှေ့စံ ကနောင်မင်းသား ကျဆုံးခြင်း အနှစ်(၁၅ဝ)ပြည့်ချိန်တွင် တက္ကသိုလ်စိန် တင် အာရုံ၌ ပေါ်လာသောအတွေးများ တည်း။ အမျိုးသားစည်းလုံးညီညွတ်မှု ပြို ကွဲ၍ ကျဆုံးရရှာသော အိမ်ရှေ့စံ ကနောင် မင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ကိုကြည့် ၍ တို့မြန်မာများ သင်ခန်းစာကောင်းစွာ ယူကြ၊ စည်းလုံးညီညွတ်ကြ၊ ပေါင်းစည်း ကြစို့။

(Flower News Journal, 12-31)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>