ထွန်းဝင်းငြိမ်း
နိဒါန်း
''ငါးပြား၊ ဆယ်ပြားတန်သော့နဲ့ ကမ္ဘာ့ဘဏ်တိုက်ကြီးကို ဖွင့်ကြစို့'' ဆိုသည့်
စာတန်းလေးကို အမှတ်ရမိသည်။ ကြာပါပြီ။ သို့သော် မမေ့နိုင် သေး။ ထိုစာသားမှာ
၁၉၈ဝ ခုနှစ်က တံတားဦးမြို့တွင် တွေ့ခဲ့ရသော ကိုမှိုင်းလွင်၏ ''ကွမ်းနုဝါ''
စာအုပ်အငှားဆိုင် အဝင်ဝမှ နဖူးစည်း စာတန်းဖြစ်သည်။ စာပေလေ့ လာပြီး
အသိပညာမြင့်မားအောင် ဆောင်ရွက်ရန် နှိုးဆော်ထားသော စာသားများဟု နားလည်
မိသည်။ ကမ္ဘာ့ အသိပညာဘဏ် တိုက်ကြီးကိုဖွင့်ရန် အတွက် စာပေမွေ့လျော်ခြင်းမှာ
အထိရောက်ဆုံးနှင့် ကုန်ကျစရိတ် အသက် သာဆုံး သော့တံပင် ဖြစ် ကြောင်း
ဆိုချင်ပုံရသည်။
အသိပညာသည် လူတစ်ဦးချင်းစီ၏ဘဝကို ပဲ့ပြင်ပေးသကဲ့
သို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးကိုလည်း ရှေ့ဆောင်လမ်းပြပေးသည်ဟု ယူဆမိ သည်။
အသိပညာ ဟုဆိုရာတွင် သဘောတရား၊ အယူအဆ၊ အဘိဓမ္မာ စသည်တို့ ပါဝင်ပတ် သက်နေသည်။
''သဘောတရား ဆိုသည် ဘဝ အမြင် မှတ်ကျောက်ပင်'' ဟု ဆိုကြသည်။ သဘောတရားနှင့်
လက်တွေ့၊ အတွေးအခေါ်နှင့် အင်အားစု၊ အဘိဓမ္မာနှင့် လူနေမှုစနစ် စသည့်
ဆက်နွှယ်မှုများတွင် သဘောတရား၊ အတွေးအခေါ်၊ အဘိဓမ္မာများကသာ သမိုင်းအဖြစ်အပျက်၊
နိုင်ငံရေး လှုပ်ရှားမှု၊ လူနေမှုစနစ်တို့ ကို ဦးဆောင်၍ ပြဋ္ဌာန်းခဲ့သည်ကို
တွေ့ရသည်။
ထိုသို့ ခေတ်တစ်ခေတ်မှ တစ်ခေတ်သို့
ပြောင်းလဲပစ်နိုင်စွမ်း သော အသိပညာ ဆိုင်ရာတို့သည် စာအုပ်စာပေများမှ
မြစ်ဖျားခံ ကြ သည်။ ထို့ကြောင့် ပလက်ဖောင်းပေါ်မှစာအုပ်အဟောင်းဆိုင်များကို
လမ်းဘေးတက္ကသိုလ်ဟု ကင်ပွန်းတပ်ကြသည်။ ထို တက္ကသိုလ်များ သည်
ကမ္ဘာ့ဘဏ်တိုက်ကြီးကို ငါးပြား၊ဆယ်ပြားတန် သော့နှင့်ဖွင့်ကြသည်။ ထိုသော့သည်
လူတို့၏ ဦးနှောက်ကိုဖွင့်သော အသိဉာဏ်ဆိုင်ရာ အဖိုးတန်သော့များဖြစ်ကြသည်။
ထိုသော့များကို ဖန်တီးသူတို့မှာ အမှောင်မှ အလင်းကို တောင့်တသူ၊ အဟောင်းမှ
အသစ်ကို ပြောင်းချင်သူတို့ ဖြစ်ကြသည်။ ထင် ရှားစွာ တွေ့ရ သည်မှာ
ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး စာပေလှုပ်ရှားမှုတွင် သြဇာ အလွန် ကြီးခဲ့သော
စာအုပ်အသင်းကြီးတစ်သင်းကို စာပေ နှင့် နိုင်ငံရေး စိတ်ပါဝင်စား ကြသူတိုင်း
မေ့နိုင်မည် မဟုတ်ကြပေ။ ထိုအသင်းကြီးမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေး အရ
ယူပေးခဲ့ကြသည့် အာဇာနည်တို့မွေးဖွားရာ ''နဂါးနီစာအုပ် အသင်းကြီး'' ပင်
ဖြစ်ပေသည်။
နဂါးနီ
နဂါးနီစာအုပ်အသင်းကို ၁၉၃၇ ခု၊ နိုဝင်ဘာ ၎
ရက်နေ့တွင် စတင်ထူထောင်ခဲ့ သည်။ ဦးဆောင်သူမှာ သခင်နု၊ သခင်စိုး နှင့်
သခင်သန်းထွန်း တို့ဖြစ်ပြီး မန်နေဂျာမှာ ဦးထွန်းအေး ဖြစ်သည်။
အသင်းတိုက်တည်နေရာမှာ အမှတ်-၁၅၁၊ စကော့ဈေး(ဗိုလ်ချုပ်ဈေး)၊ ရန်ကုန်မြို့
ဖြစ်သည်။ စတင်တည်ထောင်ရာတွင် သခင်နုနှင့် ဦးထွန်းအေးတို့မှ တစ်ဦးလျှင်
ငွေကျပ် ၅ဝဝ စီထည့်ဝင် ကာ ဆောင် ရွက်ခဲ့ကြသည်။ အသင်းတည် ထောင်ခါစတွင်
မင်နီဖြင့်ရိုက်ထားသော စာအုပ်ငယ်ဖြင့် ကြော်ငြာသည်။ စာမျက်နှာ ၁ဝ မျက်နှာ
ပါသည်။ အသင်း ၏ ကြော်ငြာ စာသား ဆောင်ပုဒ်မှာ ''တစ်လလျှင် ၁ဝ ပဲ
တန်သော့နှင့် ကမ္ဘာ့ဘဏ်တိုက်ကြီးကိုဖွင့်လော့'' ဟူ၍ဖြစ်သည်။
နဂါးနီစာအုပ်အသင်းသည် အင်္ဂလန်နိုင်ငံရှိ လက်ဝဲစာအုပ် အသင်း (Left Book Club)
ကို နမူနာယူ၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို အသင်း၏ရည်ရွယ် ချက် မှာ
ဖက်ဆစ်ဝါဒဆန့်ကျင်ရေးနှင့် စစ်မက်ဖြစ်ပွားခြင်းကို သုတ်သင်ရန်၊ ဆင်းရဲ
သားဝါဒ၊ အလုပ်သမားဝါဒ ပြန့်ပွား စေ ရန်ဖြစ်သည်။ ယင်းအသင်းသည် စာအုပ်
များကို နှစ်မျိုးရိုက်သည်။ တစ်မျိုးမှာ ဈေးကွက်သို့ ရောင်းချရန်ဖြစ်ပြီး
ကျန်တစ်မျိုးမှာ အသင်းသား များအား ဈေးသက်သက်သာသာနှင့် အချိန်မှန်
ဖတ်ရှုနိုင်ရန်ဖြစ် သည်။ စာအုပ်များကို ဈေးကွက်တွင်
သားရေဖုံးနှင့်စာအုပ်အတွက် ၇ သျှီ လင် ၆ ပဲနိ (၁၅ ကျပ်ဝန်းကျင်)
နှင့်ရောင်းပြီး အသင်းသားများအတွက် ရိုးရိုးအဖုံးနှင့် ၂ သျှီလင် ၆ ပဲနိ (၁
ကျပ် ၁၄ ပဲ) နှင့် ရောင်းချသည်။နဂါးနီစာအုပ်အသင်းသည်
လက်ဝဲစာအုပ်အသင်းနှင့် ဆက်သွယ်ပြီး ဦးထွန်းအေးက မြန်မာပြည်အတွက်
စာအုပ်တင်သွင်းသူ ကိုယ်စားလှယ် နှင့် ဆော်သြသူအဖြစ် ဆောင်ရွက်ခဲ့ သည်။
ထိုသို့ တင်သွင်းခဲ့သည့် စာအုပ်များထဲမှ သင့်တော်ရာကို ရွေး၍ ဘာသာပြန်ကာ
နဂါးနီမှ ထုတ် ဝေခဲ့ခြင်းဖြစ်သည်။
''နဂါးနီ'' ဆိုသည့်အမည်ကို
ဆရာကြီး ဒီးဒုတ် ဦးဘချိုက ပေးခဲ့သည်။ ပေးပုံမှာ ဗေဒင်ကိန်းခန်းအလိုအရ
သခင်နု သည် စနေသား၊ ဦးထွန်း အေးလည်း စနေ သား၊ နယ်ချဲ့အင်္ဂလိပ်သည်လည်း စနေနံ
ဖြစ်သည့်အတွက် စနေနံ နဂါးမှာ ''နီ'' တစ်လုံးထပ်ထည့်ပြီး ''နဂါး နီ'' ဟု
ပေးခဲ့ လေသည်။ထိုအချိန်က ဂျပန် ပြည်တွင်''နဂါးနက်'' အသင်း ရှိသည်။
ထိုအသင်းနှင့် ကွဲလွဲစေ ရန် ''နဂါးနီ'' ဟု ခေါ် ဆိုခဲ့ခြင်း ဖြစ်နိုင် သည်ဟု
လည်း ယူဆကြသည်။
''နဂါးနီ'' စာအုပ်အသင်း ထူထောင်ကာ စတွင်
ဦးထွန်းရွှေ၊ သခင်ချစ်၊ သခင်ထိန်ဝင်း၊ မြို့မဆရာဟိန် တို့ ပါဝင်သည်။ အသင်း၏
ပထမဆုံး အမှုဆောင်ကိုဖွဲ့စည်းရာ တွင် ဥက္ကဌမှာ မြို့မဆရာဟိန်၊ အတွင်းရေးမှူး
ဦးထွန်းရွှေ၊ တွဲဖက်အတွင်းရေးမှူး သခင်ထိန်ဝင်း၊ ငွေထိန်း သခင် ချစ်၊
စာအုပ်ရွေးချယ်ရေး သခင်နုနှင့် သခင်သန်းထွန်း၊ ဝါဒပြန့်ပွား ရေးမှူး
သခင်စိုးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
နိုင်ငံတကာအခင်းအကျင်း
နဂါးနီစာအုပ်အသင်းသည် ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊
မြန်မာ့နိုင်ငံရေးအခြေအနေတို့နှင့် ဆက်စပ် ၍ ပေါ်ပေါက်လာသော အသင်း ဖြစ်သည်။
ထိုအချိန်က ကမ္ဘာတွင် ပထမ ကမ္ဘာစစ် ကြီးပြီး၍ အရင်းရှင်စနစ်က ပဒေသရာဇ်စနစ်ကို
အောင်ပွဲခံနေချိန်၊ အရင်းရှင်စနစ် အချင်းချင်း နယ်မြေ လု၊
စီးပွားရေးလုပ်ကွက် ဝေစုမတည့်ရာက အချင်းချင်း ရန်စောင်နေသောကာလဖြစ် သည်။
ပထမကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သော ဂျာမနီတွင် နာဇီပါတီ အားကောင်းလာပြီး ဖက်ဆစ်
ဝါဒ ပေါ် ထွက် လာသည်။ ၁၉၃၆ တွင် ဂျပန်က တရုတ်ပြည်ကို ဝင်တိုက်သည်။ အီတလီ
တွင် မူဆိုလို နီက ဖက်ဆစ်ဝါဒကို ကျင့်သုံးကာ အီသီယိုးပီးယားနိုင်ငံကို ကျူး
ကျော် သိမ်းပိုက်လိုက်သည်။ ကမ္ဘာကြီးသည် ရောမ-ဘာလင်-တိုကျို ဝင်ရိုး
တန်းနိုင်ငံ များ၏ စစ်မျက်နှာတိုးချဲ့ခြင်းကို ခံနေရ ချိန်ဖြစ်သည်။
တစ်ကမ္ဘာလုံးတွင် ဖက်ဆစ် ဆန့်ကျင်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး အယူအဆ များ
ပြည့်နှက်နေသည်။ ကမ္ဘာတဝှမ်းမှ ကိုလိုနီနိုင်ငံများတွင် လွတ်လပ်ရေး စိတ်ဓာတ်
ပြင်း ထန်နေချိန် လည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်
ပါတော်မူပြီးချိန်မှစ၍ တစ်စု၊ တစ်ဖွဲ့ချင်း နည်းမျိုးစုံဖြင့် တော်
လှန်ခဲ့ကြသော်လည်း အင်အားချင်းမမျှသဖြင့် ၁ဝ နှစ် ခန့်အကြာ တွင် တော်
လှန်မှုများ ငြိမ်သက်သွားခဲ့ရ သည်။ ထို့နောက်ပိုင်းတွင် အမျိုးသားရေး
စိတ်ဓာတ်နှင့် ဘာသာရေးကို အခြေခံသော ဗုဒ္ဓ ကလျာဏ ယုဝအသင်း (YMBA) ပေါ်လာသည်။
နိုင်ငံရေးပြဿနာများကို ပါဝင်ဆောင်ရွက်နိုင် သော အခြေအနေမရှိသေးချေ။ ၁၉၂ဝ
တွင် ဂျီစီဘီအေ ပေါ်လာ ပြီး ဆရာစံ၏ တောင်သူလယ်သမားအရေးတော်ပုံ (၁၉၃၁)
နောက်ပိုင်းတွင် အင်္ဂလိပ်အစိုးရအပေါ် မကျေနပ်မှုများ ပိုမို များပြား လာ ပြီး
နိုင်ငံရေးအသိ နိုးကြားကာ ကမ္ဘာအရပ်ရပ်မှ အဖြစ်အပျက်များ၊ အယူဝါဒများကို
ခေတ်ပညာတတ် လူငယ်နိုင်ငံရေး သမားများက သဲသဲမဲမဲ ကြိုးစားလေ့လာခဲ့ကြသည်။
ခေတ်ပညာတတ်လူငယ်များသည် တိုင်းပြည်လွတ်လပ် ရေးအတွက်
နိုင်ငံတကာတွင်ခေတ်စားနေသော ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စာပေများကို
လေ့လာရှာဖွေခဲ့ကြသည်။ ထိုစဉ်က ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့ကို စနစ်တကျ
အလုံးအရင်းနှင့် ဖြန့်ချိသော စာအုပ် အသင်း မရှိသေးသော်လည်း ၁၉၂ဝ လောက်
မှစ၍ ထိုအယူဝါဒစာအုပ်များ ကြိုကြားကြိုကြား ထွက်ရှိခဲ့သည်။ ၁၉၃ဝ
ပြည့်လွန်နှစ်များတွင် ပေါ်ပေါက်ခဲ့သော တို့ဗမာအစည်းအရုံး၏ ''တို့ဗမာဝါဒ''
မှာ ဆိုရှယ်လစ်စနစ်(ဘုံဝါဒ) ကို ရည်ညွှန်း၍ ပေါ်ပေါက်ခဲ့သည်ဟုဆိုကြပါသည်။
ဆိုရှယ်လစ်စာပေများ လေ့လာရန်အကြောင်းတစ်ရပ် ပေါ်ပေါက်ခဲ့သည်ကိုလည်း တင်ပြလိုပါသည်။
၁၉၃၁ ခုနှစ်တွင် တောင်သူလယ်သမား အရေးတော်ပုံ အရေးနိမ့်ပြီးသည့်နောက်
ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံကို ဗြိတိသျှအစိုးရက ကြိုးမိန့် ပေးလိုက်သည်။
ထိုအခါ ဆရာစံကို သူရိယသတင်းထောက် ဦးထွန်းဖေက ထောင်တွင်း၌
တွေ့ဆုံခွင့်ရခဲ့သည်။ ဆရာစံက သူရိယသတင်းစာ တွင် သူရေးခဲ့သော ''လက္ခဏုဇု
ဆေးကျမ်း'' အတွက် ရစရာရှိသောစာမူခ ငွေ ၃ဝဝ ကျပ်ကို တို့ဗမာအစည်းအရုံးကို
လှူခဲ့သည်။ ဦးထွန်းဖေ က ထိုငွေ ဖြင့် ဆရာစံစာကြည့်တိုက် ထူထောင်လိုက်သည်။
မစ္စတာဖာနီဗယ် အကူအညီဖြင့် မာက်စ်ဝါဒ၊ လီနင်ဝါဒ ကျမ်းရင်းများကို မြန်မာ
ပြည်စာအုပ်အသင်း စာအုပ်ဆိုင်မှ တစ်ဆင့်မှာယူကာ စာကြည့်တိုက်တွင်ထားသည်။
ထိုသို့ ဆရာစံအထိမ်းအမှတ် စာကြည့်တိုက်မှ ဆိုရှယ်လစ်စာပေများကို
တို့ဗမာအစည်းအရုံးဝင် သခင်ခေါင်း ဆောင်များ ငှားရမ်းဖတ်ရှု လေ့လာခဲ့ကြသည်။
သခင်များ၏ နိုင်ငံရေးအသိ နိုး ကြားမှု မြင့်မားလာသည်။ နိုင်ငံရေးလောကနှင့်
ကျောင်းသားလောက ဆက်စပ်မိ ကြ သည်။ နိုင်ငံရေးလှုပ်ရှားမှုများ
ဆက်တိုက်ပေါ်လာသည်။ နယ်ချဲ့အစိုးရက အပြင်းအထန် ဖိနှိပ်သည်။ ထိုအခါ ပိုမို
ပြင်းထန်သော အမျိုးသား ရေးစိတ်နှင့်အတူ လွတ်လပ်လိုစိတ် တို့ မြင့်တက်လာကြ
သည်။ ထိုသို့သောအချိန်များတွင် နိုင်ငံတကာမှ နိုင်ငံရေးစာပေများကို ဖတ်ရှု
လေ့ လာကြသည်မှာ အင်အားတစ်ရပ်ကဲ့သို့ ဖြစ်လာသည်။
ထို့ကြောင့်
နဂါးနီစာအုပ်အသင်း တည်ထောင်ကာစက အသင်းနှင့်ပတ်သက်သော ကြော်ငြာစာအုပ်တွင်
အသင်း၏ရည်ရွယ်ချက် များကို အကျဉ်းချုပ်ဖော်ပြရာ၌ နယ်ချဲ့စနစ်ကို
တိုက်ခိုက်ရာတွင် ...
၁။ ဝါဒစစ်၊ ဝါဒမှန်ကိုသဘောပေါက်ပြီး စနစ်ကျစေရန်အတွက် အစီအစဉ်ရှိစေရန်၊
၂။ လက်ရွေးစင်နိုင်ငံရေး ဗိုလ်မှူးစစ်ကဲများ ပေါ်ပေါက် စေရန်၊
၃။ နယ်ချဲ့စနစ်ကို အခြားတစ်ဖက်မှတိုက်နေသူတို့၏ ခြေလှမ်း အင်အား စသည်တို့ကို ချင့်ချိန်နိုင်စေရန် စသည့် ရည်ရွယ်ချက် တို့ဖြင့် ''နဂါးနီစာအုပ်အသင်းကြီးကို များမကြာမီက တည်ထောင်ပြီးစီးပါကြောင်း'' ဟူ၍ ဖော်ပြထားသည်။
၁။ ဝါဒစစ်၊ ဝါဒမှန်ကိုသဘောပေါက်ပြီး စနစ်ကျစေရန်အတွက် အစီအစဉ်ရှိစေရန်၊
၂။ လက်ရွေးစင်နိုင်ငံရေး ဗိုလ်မှူးစစ်ကဲများ ပေါ်ပေါက် စေရန်၊
၃။ နယ်ချဲ့စနစ်ကို အခြားတစ်ဖက်မှတိုက်နေသူတို့၏ ခြေလှမ်း အင်အား စသည်တို့ကို ချင့်ချိန်နိုင်စေရန် စသည့် ရည်ရွယ်ချက် တို့ဖြင့် ''နဂါးနီစာအုပ်အသင်းကြီးကို များမကြာမီက တည်ထောင်ပြီးစီးပါကြောင်း'' ဟူ၍ ဖော်ပြထားသည်။
နဂါးနီတန်ခိုးနဲ့ - - - - -
နဂါးနီစာအုပ်အသင်း
စတည်ထောင်ပြီး အနည်းငယ်အရှိန် ရလာသောအခါ လူထုထဲသို့ နဂါးနီစာအုပ်များ
ကျယ်ကျယ်ပြန့် ပြန့်ရောက်ရှိစေရန် သခင်နုက A,B,C of Communism ဆို
သည့်စာအုပ်ကို ''လူမွဲတို့၏ ထွက်ရပ်လမ်း'' ဟု ဘာသာပြန် စာ အုပ်စီစဉ်သည်။
ထိုစာအုပ်ကိုလည်း လူသိအောင် နဂါးနီ၏မူဝါဒ ကိုလည်း လူထုနားလည်သဘောပေါက်အောင်
သီချင်းတစ်ပုဒ် ရေးခဲ့သည်။ ထိုသီချင်းစာသားနှင့် အယူဝါဒ သဘောတရားများကို
သခင်နုက သီချင်းရေးဆရာ ရွှေတိုင်ညွန့်ကို အချိန်ယူ၍ ရှင်းပြ
ရေးသားစေခဲ့သဖြင့် နဂါးနီသီချင်းဖြစ်လာသည်။ ထို သီချင်းကို
ရန်ကုန်မြို့တော်ခန်းမတွင် အဆိုတော်ရုပ်ရှင်မင်းသား ခင်မောင်ရင်ကို
နဂါးမင်းသား၊ အဆိုတော်သီတာခင်ထွေးကို နဂါးမင်းသမီး လို ဝတ်စေ၍
နဂါးနီသီချင်းကိုသီဆိုကာ ''နဂါးနီစာအုပ်အသင်း'' ကို ကြော်ငြာခဲ့ကြသည်။
နဂါးနီသီချင်းမှာ လူထုအတွင်းသို့ ပျံ့နှံ့ခဲ့ပြီး စာအုပ် အသင်းကိုလည်း
အားပေးသော ပရိသတ်ဦးရေ မြင့် တက်လာခဲ့သည်။
''နဂါးနီ'' သည် စတင်တည်
ထောင်ခါစတွင် အသင်းသား ၁၅ဝဝ ကျော်ရှိသည်။ တစ်နှစ်မပြည့်ခင်မှာ ပင် အသင်းဝင်
၃ဝဝဝ ကျော် ရှိလာ သည်။ နောက်ဆုံးအချိန်တွင် နဂါးနီ စာအုပ်အသင်းဝင် ၅ဝဝဝ
ကျော်အထိ ရှိခဲ့သည်။ နဂါးနီစာအုပ်အသင်းသည် ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၄၁
ခုနှစ် ဒီဇင်ဘာလအထိ ၄ နှစ်အတွင်း စာအုပ် ၇၁ အုပ် ထုတ်ဝေခဲ့သည်။
အသင်းစတင်စဉ်က အသင်း အမှတ်တံဆိပ် (Logo) မှာ ခွေနေသော နဂါးရုပ်ပေါ်တွင်
''ဒါဒို့မြေ ၊ ဒါဒို့ပြည်'' ဟူသော စာတန်းပါသည်။ ၁၉၃၈ တွင် အသင်း၏ ၁၂ အုပ်
မြောက် စာအုပ်ဖြစ်သည့် သခင်နု၏ ''လူမွဲတို့၏ထွက်ရပ်လမ်း''စာအုပ်ကို
နဂါးနီသီချင်းဖြင့် ကြော်ငြာ ပြီး ချိန်မှစပြီး ''နဂါးနီတန်ခိုးနဲ့
အမျိုးဂုဏ်တက်စေမည်'' ဆိုသည့် စာသားကို အသင်း၏ကြွေးကြော်သံအဖြစ်
အသုံးပြုခဲ့ကြသည်။
စတင်တည်ထောင်စက အသင်း၏ြေ<ွကးကြော်သံဖြစ်သော
''တစ်လလျှင် ၁ဝ ပဲတန်သော့နှင့် ကမ္ဘာ့ဘဏ်တိုက်ကြီးကို ဖွင့် လော့'' နှင့်
အသင်းဝင်များကို စည်းရုံးခဲ့သည်။ ဈေးကွက်တွင် နှစ် ကျပ်၊
နှစ်ကျပ်ခွဲနှင့်ရောင်းချသော စာအုပ်များကို အသင်းဝင်တို့ သည် ၁ဝ
ပဲနှုန်းနှင့် ရကြလေသည်။ တစ်နှစ်အတွက် ၇ ကျပ်ခွဲ ပေး သွင်းရသည်။
နောက်ပိုင်းတွင် အသင်းဝင်စည်းရုံးရေးအတွက် စာအုပ်ဈေးလျှော့ရောင်းရုံ သာမက
လစဉ်ထုတ် ''နဂါးနီသတင်း'' ကို အခမဲ့ပေးသည်။ အချို့စာအုပ်များကိုလည်း
အခမဲ့ပေးသည်။ ''နဂါးနီစာအုပ်အသင်း'' သည် စာအုပ် ထုတ်ဝေရေးသာမက
''နဂါးနီသတင်း'' ကို ၁၉၃၈ တွင် ထုတ်ဝေပြီး ၁၉၄ဝ တွင် ''စနေ နဂါးနီဂျာနယ်''
ကိုပါ ဆက်လက်ထုတ်ဝေခဲ့သည်။
၁၉၃၉ တွင် နဂါးနီစာအုပ်အသင်း
စတင်တည်ထောင်ရာ တွင် ပါဝင်ခဲ့သူ ဦးထွန်းအေးသည် နဂါးနီစာအုပ်အသင်းမှခွဲ
ထွက်၍ ''မြန်မာ ပြည်'' စာအုပ်ဖြန့်ချိရေးကို တည်ထောင်ခဲ့သည်။ နဂါးနီ
စာအုပ်အသင်းကြီးကို ကုမ္ပဏီလီမိတက်အနေဖြင့် စတင်ဖွဲ့စည်းရာ စနစ်တကျ တရား ဝင်
ရှယ်ယာများ ခေါ်ယူတည် ထောင်ခဲ့ပြီး မြန်မာ့အလင်းဦးတင်၊ ဝတ်လုံ
ဒေါက်တာအေးမောင်၊ မြေပိုင်ရှင်ဦးမောင်မောင် စသည်တို့ ပါဝင်လာ ပြီး
ပုံနှိပ်စက်များ၊ အသံချဲ့စက်များ၊ နယ်လှည့်စာအုပ်ရောင်းချသည့်
မော်တော်ယာဉ်များ ဝယ်ယူဆောင်ရွက်ခဲ့ကြသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ လတွင်
ဒုတိယက္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်လာသောကြောင့် နဂါးနီ
စာအုပ်အသင်းကြီး၏ စာအုပ်ထုတ် ဝေရေးကို ရပ်ဆိုင်းခဲ့ရသည်။
နိဂုံး
နဂါးနီစာအုပ်အသင်းကြီးသည် နိုင်ငံသားတို့၏ အမျိုးသား ရေးစိတ်ဓာတ်ကို
မြှင့်တင်ပေးနိုင်ခဲ့ပြီး ကိုလိုနီဘဝမှ လုံးဝ လွတ်လပ်ရေး ဆီသို့သွား
နိုင်ရန် နိုင်ငံရေးအသိအမြင်များပေးနိုင်ခဲ့သည်ကို တွေ့ရသည်။
ဘုံပေါက်သာကျော်၏ ''တော်လှန်ရေးခရီးဝယ်(၁)တွင် ၁၉၃၆ ခုနှစ်
ကျောင်းသားများသပိတ်တိုက်ပွဲမှစပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ
သမဂ္ဂဌာနချုပ်နှင့် တို့ဗမာအစည်း အရုံးမှထုတ်ဝေသော စာရွက်စာတမ်းများနှင့်
နဂါးနီမှ ကိုနု (ဝန်ကြီးချုပ်ဟောင်း ဦးနု) ကိုဗဟိန်း (ဌာန ချုပ်၊
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဥက္ကဌ) သခင်စိုး စသူတို့၏
စာအုပ်စာတမ်းများ ကိုလည်း ဖတ်ရှုလေ့လာနိုင်ခဲ့ရာ ကိုလိုနီ ကျွန် ဘဝမှ
လွတ်မြောက် ရေးအတွက် အသေခံ၊ အနစ်နာခံရန် ဝန်မလေးတော့သောစိတ် ဓာတ်များ
ခိုင်ခိုင်မာမာ ရှိလာတော့၏ '' ဟူ၍ ရေးသား ထားသည်ကို တွေ့ရသည်။
ဦးလေးမောင်ရေးသည့် မြန်မာ့နိုင်ငံရေးသမိုင်း ဒု-တွဲ တွင်
''ထိုနဂါးနီစာအုပ်အသင်းမှထုတ်ဝေသော စာအုပ်များသည် လူငယ်တို့အား လက်ဝဲ
ဝါဒကို လေ့လာလိုခြင်း၊ တော်လှန်ရေးစိတ်ဓာတ် ပေါ်ပေါက်လာစေခြင်း
စသောအကျိုးများကို ဖြစ်ပေါ်စေရကား လူငယ်တို့အား နိုးကြားမှုကို အများဆုံး
ဖန်တီးပေးခဲ့သည်'' ဟု ဆိုခဲ့သည်။
ကိုလိုနီခေတ်တွင် ပြည်သူတို့သည်
နယ်ချဲ့ဗြိတိသျှအစိုးရ အား မော်မကြည့်ရဲအောင် မှိုင်းတိုက်ခံနေရချိန်တွင်
နဂါးနီစာအုပ် အသင်းကြီးသည် မကြောက်တရားကိုဟော၍ လွတ်လပ်ရေး လမ်းမကြီးပေါ်သို့
ချီတက်စေ၏။ ''တစ်လလျှင် ၁ဝ ပဲတန် သော့ နှင့် ကမ္ဘာ့ဘဏ်တိုက်ကြီးကို
ဖွင့်လော့'' ဟု ကြွေးကြော်ခဲ့၏။
''ဒါ ဒို့ပြည် ၊ ဒါ ဒို့မြေ'' ဟု လှုံ့ဆော်ခဲ့၏။
''နဂါးနီတန်ခိုးဖြင့် မျိုးဂုဏ်တက်စေမည်'' ဟု ကျူးရင့်ခဲ့၏။
ထို့ကြောင့် စာရေးဆရာ ဆရာမောင်မဲက ...
''ထောက်ပြရသော် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် မှန်သမျှနှင့် နိုင်ငံရေးစိတ်ပါဝင်စားကြသော ပြည်သူပြည်သားများသည် နဂါးနီစာပေနှင့် ကင်းသူ ဟူ၍မရှိကြသောကြောင့် ဖြစ်ပါသတည်း'' ဟူ၍ ရေးသားခဲ့ကြောင်း တင်ပြလိုက်ရပါတော့သည်။
ထွန်းဝင်းငြိမ်း''ဒါ ဒို့ပြည် ၊ ဒါ ဒို့မြေ'' ဟု လှုံ့ဆော်ခဲ့၏။
''နဂါးနီတန်ခိုးဖြင့် မျိုးဂုဏ်တက်စေမည်'' ဟု ကျူးရင့်ခဲ့၏။
ထို့ကြောင့် စာရေးဆရာ ဆရာမောင်မဲက ...
''ထောက်ပြရသော် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် မှန်သမျှနှင့် နိုင်ငံရေးစိတ်ပါဝင်စားကြသော ပြည်သူပြည်သားများသည် နဂါးနီစာပေနှင့် ကင်းသူ ဟူ၍မရှိကြသောကြောင့် ဖြစ်ပါသတည်း'' ဟူ၍ ရေးသားခဲ့ကြောင်း တင်ပြလိုက်ရပါတော့သည်။
(မော်ကွန်းမဂ္ဂဇင်းမှ )
ကိုးကား
၁။ ငွေဥဒေါင်း၊ကိုလိုနီခေတ် မြန်မာ စာပေစာတမ်း၊ မြန်မာ့ရေစီးကြောင်း စာအုပ်၊ အရုဏ်ဦး စာပေ၊ ၁၉၆၇။
၂။ ဝိဓူရ သခင်ချစ်မောင်၊ နိုင်ငံရေး ဝေဖန် ချက်များ၊ မော်ကွန်းသစ်စာပေတိုက်၊ ၁၉၇၆။
၃။ ဘုံပေါက်သာကျော်၊ တော်လှန်ရေး ခရီးဝယ်(၁)၊ သတင်းဂျာနယ်တိုက်၊ ၁၉၇၃။
၎။ မင်းသုဝဏ်၊ ကျွန်တော်သိသော နဂါးနီ စာအုပ်အသင်းကြီး ဆောင်းပါး၊ မြဝတီမဂ္ဂဇင်း၊ ၁၉၅၆ ဒီဇင်ဘာ။
၅။ မလိခ၊ မြန်မာစာပေ အဘိဓာန်(၃)၊ သစ္စာစာပေ၊ ၁၉၇၇။
၆။ နှစ်ငါးဆယ် ယဉ်ကျေးမှုရေးရာ၊ စာပေဗိမာန်။
၇။ နဂါးနီစာအုပ်အသင်း၊ လက်ကမ်းစာစောင်၊ ''ဇော်စာပေ၏ ရှားပါးစာအုပ်ပြပွဲ၊ ရောင်းပွဲ''၊ နေမျိုးသူရ၊ တကောင်းစာအုပ်တိုက်။
၈။ မောင်သစ်လွင်(လူထု)၊ နဂါးနီ နိဒါန်း၊ နေရီရီစာအုပ်တိုက်၊ ပထမအကြိမ်၊ ၂ဝ၁၂ မေလ။
၉။ သိန်းဖေမြင့်၊ စာပေဘဝဇာတ်လမ်းစုံ(၃)၊ စပယ်ဦးစာပေ၊ ပထမအကြိမ်၊ ၁၉၈၁ ခုနှစ်၊ မတ်လ။
from - နဂါးနီ
No comments:
Post a Comment