လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပြောမိပြောရာ ဖေါ်ရိန်နာ !


သင်္ဃန်းကျွန်းပြဿနာကို ဘယ်လိုမြင်သလဲလို့မေးရင် ... ဒါဟာ ဦးကိုနီဖန်တီးတဲ့ ခပ်ညံ့ညံ့ပြဇာတ်
တစ်ပုဒ်လို့ဘဲ ပြောရမှာပါ ... ဒီအစိုးရရဲ့ ငါးနှစ်သက်တမ်းမှာ ပြဿနာအရှိနိုင်ဆုံးက မဘသနဲ့ အမျိုးသား
ရေးသမားတွေဘဲ ဖြစ်ပါတယ်... ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ ဘင်္ဂလီပြဿနာမှာလည်း ဒီအုပ်စုနဲ့ ထိပ်တိုက်တွေ့နေသလို ... ၂၁ ပင်လုံဆိုတဲ့ဟာမှာလဲ အစိုးရအနေနဲ့ မထော်မနန်းတွေလုပ်ခဲ့မိရင် ဒီအုပ်စုတွေနဲ့ ထိပ်တိုက်တိုးပြီး ပြသနာအကြီးကြီး တက်သွားဦးမှာပါ ...!

ဒါတောင် အခုဖြစ်နေတဲ့ ရေဘေးတို့လို ဘုန်းကြီးကျောင်း (၂၇၀) အဖျတ်ခံရတဲ့ကိစ္စတို့လို စတဲ့အခြားပြဿနာတွေမှာ ဒီအုပ်စုတွေရဲ့ ဖိအားပေးတာကို အစိုးရအနေနဲ့ အလူးအလဲ ခံနေရပါတယ် ...

ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ သူ့ရဲ့ ရန်သူဟောင်း ကြံ့ဖွတ်အုပ်စုတွေထက် ... မဘသနဲ့ အမျိုးသားရေးအုပ်စုကို သူတို့ရဲ့ Super Challenger တွေအဖြစ် မြင်ထားတယ် ... ဒါကြောင့် ဒီငါးနှစ်သက်တမ်းမှာ ဒီအုပ်စုတွေထဲက ဦးဆောင်သူဟုယူဆရသူတွေကို ထောင်ထဲကိုထဲ့ထားဖို့ ကြံစည်ပြီးသားဖြစ်နေပါပြီ ...

အသေချာဆုံးကတော့ အခုအချိန်မှာ သင်္ဃန်းကျွန်းပြဿနာဟာ အဓိကရုံဏ်းတစ်ခု
အဖြစ် ပြောင်းလဲသွားခဲ့ရင် မဘသဘက်ကရော အမျိုးသားရေးသမားတွေဘက်ကရော ရပ်တည်
ချက်ပြင်းထန်တဲ့ သံဃာတော်တစ်ချို့နဲ့ လူပုဂ္ဂိုလ်တစ်ချို့ကို ပုဒ်မတစ်ခုခုတပ်ပြီး အေးအေး
လူလူထောင်ထဲကို ထဲ့ပြစ်လိုက်မှာပါဘဲ ..!

အဲဒီတော့ မဘသနဲ့ အမျိုးသားရေးသမားတွေဘက်ကလဲ ဒီငှက်အစိုးရရဲ့ ခြေလှမ်းတွေကို မတွက်မိ
ဘူးလားဆိုတော့ ... သူတို့တွေလဲ တွက်မိကြတာပေါ့ ဒါပေမဲ့ သူတို့အလျော့ပေးလိုက်ရင် တစ်စထက်
တစ်စအားလုံးရဲ့ခေါင်းပေါ်အထိတက်ပြီးနင်းတော့မှာကိုမြင်လို့ ... သူတို့တွေလဲ ထောင်မကြောက် တန်းမကြောက် အိပ်သွန်ဖါမှောက် လုပ်နေကြတာပေါ့ ..!

နောက်တစ်ခုက ... ဒေါ်အောင်ဆန်းစုကြည်ကို တရားလွန်ထောက်ခံသူတွေ မြန်မာပြည်မှာရှိတယ် .. ဒါပေမဲ့ ဒီလူတွေဟာ အမျိုးသားရေးလုပ်နေတဲ့လူတွေရဲ့ ပါးစပ်က ကုလားလို့ဆိုလိုက်တာနဲ့ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိနေသလိုမျိုးကို ဆတ်ဆတ်ထိမခံဖြစ်ပြီး နာနေကြတာပါ ... လူတစ်ယောက်ဟာ ကုလားမကောင်းကြောင်းပြောနေပြီဆိုရင် သူတို့စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်
မကောင်းကြောင်းကို ပြောနေတယ်လို့ကို ထင်နေကြတာပါ ... ကုလားမကောင်းကြောင်း
ကို ပြောနေတဲ့လူကို နိုင်ငံတော်အဆင့် ပုန်ကုန်မှုတစ်ခု ... နိုင်ငံတော်ကို အသရေဖျတ်မှုတစ်ခုလို့ကို သူတို့တွေ ထင်နေကြပါတယ် ... ဒါဟာ လွဲမှားတဲ့ အတွေးအခေါ်နဲ့ မှားယွင်းတဲ့အယူအဆပါ ..!

အမှန်အတိုင်းသုံးသပ်ရမယ်ဆိုရင်တော့ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံဟာ ဒေါ်အောင်ဆန်းစုကြည်ပါ ... သူ့မှာ .. တိုင်းပြည်ရဲ့ အမျိုးသားရေး အင်အားစုတွေကို မြေတောင်မြှောက်ပေးရမဲ့တာဝန် ရှိကိုရှိပါတယ် .. ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကိုက တိုင်းပြည်မှာ ရှိနေပြီးသား အမျိုးသားရေးသမားတွေကို မဟာရန်သူကြီးသဖွယ် သတ်မှတ်ပြီး ချေမှုန်းနေတော့ ပြည်သူတွေထဲမှာ သူ့ကိုအလွန်အကျူး ထောက်
ခံတဲ့အုပ်စုရယ် .. အမျိုးသားရေးနိုးကြားသူများ အုပ်စုရယ်ဆိုပြီး ဘက်နှစ်ဘက် ကွဲသွားပါတယ် ..! ဒါကြောင့် တိုင်းပြည်ကြီးဟာ ထစ်ကနဲ ဆိုတာနဲ့ ဘက်နှစ်ဘက်ကွဲပြီး သဘောထားတွေကွဲကြ အမုန်းတရားတွေ ကြီးထွားသထက် ကြီးထွားလာခဲ့ပါတယ် ..!

အဲဒီတော့ ပြောချင်တာက ... ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် အမျိုးသားအကျိုးစီးပွားကို လစ်လျူရှုတာလဲ ... ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားရေးကို လုပ်ဆောင်မယ်ဆိုရင် ခုနက တိုင်းပြည်မှာ စိတ်ဝမ်းကွဲနေတဲ့ အုပ်စုကြီးနှစ်စုဟာ အလိုလိုပေါင်းဆည်းသွားမှာပါ ..! ဒါဆိုရင် နှစ်
ဦးနှစ်ဘက်အတွက် မျှတတဲ့ ရလာဒ်တစ်ခု ဖြစ်လာမှာပါ ... ဒါပေမဲ့ ခက်နေတာက ဒေါ်အောင်
ဆန်းစုကြည် လျှောက်နေတဲ့လမ်းကြောင်းမှာ အမျိုးသားရေးကို အလေးပေးမဲ့ အရိပ်အယောင် အခုအချိန်အထိကို မတွေ့ရသေးတာ တိုင်းပြည်ရဲ့ ရင်ကြားစေ့ရေးအတွက် အလွန့်ကို စိတ်ပျက်စရာပါ..!

အမျိုးသားရေးအုပ်စုတွေ တကယ်လိုချင်နေတဲ့ရလာဒ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ ပြုတ်ကျ
သွားစေရေး မဟုတ်ပါဘူး .. သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရက အမျိုးသားရေးကို ရှေ့ရှု
တာမျိုးကိုဘဲ လိုချင်နေကြတာပါ ...! ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ အမျိုးသားအကျိုးစီးပွားကို စိတ်မဝင်စားလို့ ( ( ပျက်စီးအောင်လုပ်နေလို့ ))ဒီလူတွေဟာ အမျိုးသားရေးသမားဆိုတဲ့ ဘွဲ့တွေကို ခံယူနေရတာပါ .. အစိုးရဘက်ကသာ အမျိုးသားရေးကို တကယ်လုပ်ဆောင်ပြီဆိုရင် ဒီလူတွေဟာ သူ့ဝမ်းစာကိုသူတို့ အေးအေးချမ်းချမ်း ရှာစားပြီး သုတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို သူတို့မိသားစုအပေါ် အပြည့်အဝပေးသွားနိုင်မှာပါ ..! နောက်ဆုံးအနေနဲ့ ထပ်ပြောရမယ်ဆိုရင်တော့ ပြဿနာအား
လုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရေး ရပ်တည်ချက်တွေပေါ်မှာဘဲ ဆက်ပြီးတော့ အုပ်စုကြီးနှစ်စု သဘောထားတွေကွဲကြမလား ငြိမ်းချမ်းသွားမလား ဆိုတာ မူတည်နေပါတယ် !!

ခိုင်ဇော်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>