လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပျို မေတို့သိစေဖို့


လက်ထပ်ခြင်းဆိုတာ မိန်းမတစ်ယောက်အတွက်
မရှိမဖြစ်လိုအပ်ချက် မဟုတ်သလို
အတူနေခြင်းကလည်း လိုအပ်ချက်မဟုတ်ပါဘူး..
တကယ်တမ်းလိုအပ်ချက်ဆိုတာ
ကိုယ်ချစ်တဲ့သူကို နှစ်သက်စွာ မက်မောစွာ သိမ်မွေ့စွာ ချစ်နေဖို့ပါ..

သို့သော်လည်း တစ်ဖက်လူက
အဆက်အသွယ်မလုပ်တော့တဲ့အခါမှာတော့
ခေါင်းကိုက်ခံပြီးစဉ်းစားမနေပါနဲ့.
သူပတ်သက်ချင်တုန်းက ရအောင်ဆက်သွယ်ပြီး
မပတ်သက်ချင်တော့လို့ မဆက်သွယ်တော့တာ မထူးဆန်းပါဘူး..

ဘာကြောင့်လမ်းခွဲသွားရလဲဆိုတဲ့ မေးခွန်းတစ်ခုကိုပဲ
ထပ်ခါတလဲလဲ စဉ်းစားမနေပါနဲ့.
အဖြေကတစ်ခုထဲပါ လမ်းခွဲချင်လို့ ခွဲသွားတာပါ..
ဒါပေမဲ့ အဲ့ဒိတစ်ဖက်လူရဲ့စိတ်ထဲမှာတော့
ငါသာသူ့နေရာမှာဆိုရင်လို့ တွေးတတ်ဖို့
စိတ်ဓာတ်လေးတော့ရှိဖို့လိုပါတယ်.
အဲ့စိတ်ဓာတ်လေးက လောကမှာ လူသားအားလုးံ ဘာသာအားလုးံ လိုက်နာရမယ့်
ချစ်စရာစိတ်ဓာတ်လေးပါ..

တစ်နည်းအားဖြင့်တော့ အဲ့စိတ်ဓာတ်လေးကို ကိုယ်ချင်းစာတရားလို့ခေါ်ပါတယ်..
အချစ်မှာ နားလည်မှုနဲ့ပေါင်းစပ်တာလောက် ချို မြိန်တဲ့အရာ လောကမှာမရှိဘူး..

                                                                                                Myat Kthi Aung

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>