လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သင့် Facebook မှာ ဓာတ်ပုံတွေ တင်ရင်


သင့် Facebook မှာ ဓာတ်ပုံတွေ တင်ရင် www.takethislollipop.com ဆိုတာ ၂၀၁၁ ခုနှစ်မှ ထွက်ရှိတဲ့ Facebook App, ရုပ်ရှင် တစ်ခု ဖြစ်ပြီး ကြည့်ချင်ရင် မိမိရဲ့ အကောင့်နဲ့ log in ဝင်ရ ပါတယ်။ မိုဘိုင်းဖုန်းကနေ ရတာနည်းပါတယ်။ သေချာချင်ရင် ကွန်ပြူတာနဲ့ ကြည့်ပါ။ ၁ မိနစ်သာ ကြာတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
သူ့ကို ကြည့်ဖို့အတွက် မိမိရဲ့ Facebook account နဲ့ log in ဝင်ရပါမယ်။ log in ဝင်ပြီးရင် မိမိကိုယ်တိုင်ဟာ ဓားစာခံ ဖြစ်နေတဲ့ ကြောက်မက်ဖွယ် ရုပ်ရှင်ကို ကြည့်ရှု နိုင်ပါပြီ။ မိမိအနေနဲ့ Facebook ပေါ်မှာ
ဓာတ်ပုံတွေ အတင်များရင်၊ လုံခြုံမှု သေချာ ဂရုမစိုက်ရင် ဘာတွေ ဖြစ်တတ်တယ် ဆိုတာကို ၁ မိနစ်ထဲနဲ့ ထိထိမိမိ သင်ခန်းစာ ပေးသွားနိုင်တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ကြည့်တဲ့အခါ နားကြပ်တပ်ပြီး ကြည့်ရင် ပိုလို့ ပီပြင်ပါလိမ့်မယ်။
ယင်း ရုပ်ရှင်ပေါ်ပြီး ကမ္ဘာအရပ်ရပ်မှာ Facebook နဲ့ Personal လုံခြုံရေး နဲ့ ပက်သက်လို့ ဆွေးနွေး ပြောဆိုစရာ ဖြစ်ခဲ့ပြီး ကမ္ဘာ့ လူသုံးအများဆုံး Facebook App တစ်ခု၊ ကမ္ဘာ့ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ကြည့်ရှုသူ သန်းရာကျော် ရှိနေပြီမို့ ဖြစ်ပါတယ်။ တစ်ခါကြည့်ပြီးရင် ပိတ်လိုက်ရုံပါပဲ။ မိမိ account information များ မကျန်ရှိခဲ့ပါဘူး။

ကြည့်ရှုရန် - www.takethislollipop.com

 အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>