လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အားလုံးနှင့် ပြိုင်မလား ကိုယ်ကျင့်တရား (သီလ)


ကျွန်တော်တို ကမ္ဘာမြေကြီးမှာ လူသင်းကွဲးသောဘေး၊ စစ်ဘေး၊ ရေဘေး၊
လေဘေး၊ မီးဘေး ၊ မုန်တိုင်း၊ ငလျှင်၊ စသဖြင် အမျိုးမျိုးသော ဘေးဒဏ်
အန္တရာယ်တွေ ကြောင့် အမျိုးမျိုး အဖုံဖုံ ဒုက္ခတွေ ရောက်ကြရတာ ယနေ့
ကမ္ဘာ့သတင်းတွေ မြင်တွေ့ ကြားသိ့နေကြ အားလုံးအသိပါ။

ဘယ်လိုဘေးအန္တရာယ်မျိုးတွေ ကြုံကြုံ သိသိ ထိတ်လန့်လဲခဏ နေချင်သလိုနေ
လုပ်ချင်သလိုလုပ် ပေါ့ပေါ့ပါးပါး နှင့် နေနိုင်ကြတာ ဘာကြောင် ဒါမျိုးတွေ
ဖြစ်နေတယ်ဆိုတာ အဖြေရှာသူ နည်းလှပါတယ်။



အန္တရာယ်မကင်း ဘေးမရှင်းခြင်း၏ အဓိကအကြောင်းအရင်းဟာ
သီလ မလုံကြလိုဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင် ဆုံမခဲ့ပါသည်။

ဘာကြောင့် ဘေးအန္တရာယ်တွေ များများလာရသလဲးမေးရင်
အဖြေကရှင်းနေပါသည်။ သီလ မလုံကြလိုပါ။

လူမှန်လျှင် အနည်းဆုံး ၅ ပါး သီလလုံရမည် လို ဆရာတော်များ
အမြဲးဆုံးမကြတာ ကြားဖူးမှာပါ။ ယနေလူတွေကို လိုက်မေးကြည်လျှင်

(၁) သူတစ်ပါးအသက်သတ်တာ ရှောင်နိုင်လား
(၂) သူဥစ္စာ ခိုတာ ရှောင်နိုင်လား
(၃) သူတစ်ပါး သားမယား မပြစ်မှားပဲ နေနိုင်ကြလား
(၄) လိမ်ညာ မပြောပဲ နေနိုင်ကြလား
(၅) မူးယစ် သေစာ မသောက်စားပဲး နေနိုင်ကြပါလား

... ဟုမေမည်ဆိုလျှင် အဖြေမျိုးစုံ၊ ဆင်ခြေဆင်လက် မျိုးစုံ ထွက်လာ
ပါလိမ်မည်။အဲလိုမျိုး လက်မ မထောင်နိုင်သော အဖြေထွက်နေသ၍ ...၊ရှေးရှေးက
ကောင်းမှူအထူးများ မရှိခဲဘူးသ၍ အမျိုးမျိုးသောဘေးရန် အပေါင်းမှ လွတ်ငြိမ်းမည်ဟု စိတ်မအေးရပါ။

အမျိုးမျိုးသောဘေးရန် အပေါင်းမှ ကာကွယ်ရန် အကောင်းဆုံး တံတိုင်ကတော သီလပါပဲ။ကိုယ့်မှာ လက်မထောင်နိုင်လောက်သော သီလမျိုးရှိနေပါလျှင် ဘာဘေးမှ တွေးပူနေစရာမလိုပါ။
ဘာရန်မှ တွေးကြောက်နေစရာ မလိုပါ။

ဒါကြောင့်အားလုံး ဘေးရန်ခတ်သိမ်း ငြိမ်းကြစေဖို သီလစောင့်ထိန်း
ကြပါစို့လို တိုက်တွန်း လိုက်ပါသည်။
ကဲ ...အားလုံးနှင့် ပြိုင်မလား ကိုယ်ကျင့်တရား (သီလ)

ဒီလိုသာပြိုင်နိုင်ကြမည်ဆိုလျှင် ကျွန်တော်တိုကမ္ဘာမြေကြီး ကျွန်တော်တို မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ လှပစိုပြေပြီး အမြဲ အေးချမ်းနေမှာပါဗျာ ......

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>