လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အင်ဒိုကျွန်းစု မှာ ဗုဒ္ဓသာသနာကွယ်ပျောက် ရခြင်းအကြောင်း






……………………………………………
ရှေးကအင်ဒို ကျွန်းစုတွေမှာဘုရင်ရော ပြည်သူပြည်သားတွေပါ ဗုဒ္ဓဘာသာဖြစ်ခဲ့ကြပါတယ်။
ဗုဒ္ဓသာသနာဟာ အဲဒီကျွန်းစုတွေမှာ (အေဒီ - ၃ ရာစုမှ အေဒီ ၁၄ ရာစုအထိ) နှစ်ပေါင်း ၁၈၀၀ လောက် ထွန်းကား ပြန့်နှံ့ခဲ့ပြီးကမ္ဘာကျော်ဗောဒေါဗုဒ္ဓော(ဘောရောဗုဒေါ)စေတီတော်ကြီးနဲ့ စေတီပုထိုးပေါင်း
 မြောက်မြားစွာကိုတည်ဆောက်ခဲ့ကြပါတယ်
သီရိဓမ္မာအသောကမင်းကြီးဟာ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့ပါတယ်။ကိုးတိုင်းကိုးဌာနမှာသုဝဏ္ဏဘူမိဆိုတဲ့ဌာနတစ်ခုပါဝင်ပါတယ်။

အိန္ဒိယပြည်နာလန္ဒာ တက္ကသိုလ်ပျက်ကြီးကိုယနေ့(၂၁)ရာစုခေတ်မှာတူးဖော်လို့ရရှိတဲ့ကြေး ပုရပိုက်တွေအရ သုဝဏ္ဏဘူမိ ဆိုတာ "အင်ဒိုးနီးရှား၊ မလေးရှား၊ စင်ကာပူ"စတဲ့ (၃)နိုင်ငံဖြစ်တယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံက သထုံပြည်ကို သုဝဏ္ဏဘူမိလို့ ခေါ်ဝေါ်တာဟာ ရာစုနှစ်ပေါင်း တော်တော်ကြာမှ အင်ဒိုနီးရှား စတဲ့နိုင်ငံ(၃)နိုင်ငံကို မှီးပြီးအမည်မှည့်ခေါ်တာလို့သမိုင်းသုတေသီတွေက ဆိုကြပါတယ်။

၇- ရာစု……စုမတြာကျွန်း တောင်ပိုင်း လင်းတန်းမြို့ မှာ ထီးနန်းစိုက်ခဲ့တဲ့ သိရီဝိဇယမင်း လက်ထက်မှာ
ဗုဒ္ဓဘာသာဟာ အလွန်ပဲထွန်းကားခဲ့ပါတယ်/
အဲဒီမင်းရဲ့ သိရီဝိဇယယူနိဘာဝီတိတက္ကသိုလ်ကြီးကိုတခြားနိုင်ငံကစာသင်သားရဟန်းတော်များလာရောက်
ပညာသင် ယူခဲ့ကြ ပါတယ်။

ဗုဒ္ဓဘာသာဟာလည်း အင်ဒိုနီးရှားကျွန်းဆွယ်စုအားလုံးအပြင် ပတ်ဝန်းကျင် နယ်ပယ်တွေပါ ပြန့်နှံသွားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အင်ဒို ကျွန်းစု ဆီကိုရောက်ပြီးတဲ့နောက် မှာဟိန္ဒူဘာသာဝင် ပလ္လ၀ါကုန်သည်တွေရောက်လာကြပါတယ်

ပလ္လ၀ါမင်းတွေဟာ နိုင်ငံငယ်လေးများ အဖြစ်နေကြတုန်းအချိန်ကအိန္ဒိယနဲ့ ကူးလူးဆက်ဆံပြီး ဟိန္ဒူဗြဟ္မဏအယူ ၀ါဒကို ကိုးကွယ် ကြပါတယ်။

သိရီဓမ္မ္မအသောကမင်းကြီး အင်ဒိုကျွန်းစုကို သာသနာပြုပြီးတဲ့နောက် နှစ်ပေါင်း (၁၅၀၀)ခန့် အကြာမှာ
အင်ဒိုကျွန်းစုတွေဆီမူဆလင်အာရပ်ကုန်သည်တွေအိန္ဒိယသား မူဆလင် တွေ ကူးသန်းရောင်းဝယ်
ရင်း အခြေချလာရောက် နေထိုင်ကြပါတယ်။

နောက်တော့ အာရပ်ကုလား မူဆလင် တွေအခြေချရာကနေကျွန်းသူတွေနဲ့ရင်းနှီးပြီးလက်ထပ်မျိုးပွားကြပါ တယ်။ (လူဖောက်သားမွေးနည်းနဲ့သာသနာပြုကြပါတယ်။)

အဲဒီကျွန်းစုတွေမှာ မူဆလင်ကုန်သည်တွေက အနုနည်းနဲ့လူဖောက်သာသနာပြုနေချိန်မှာ တစ်ဖက်က
မူဆလင်စစ်တပ်တွေက ဥရောပကိုအပြင်းအထန် ချီတက် တိုက်ခိုက်နေချိန်လည်းဖြစ်ပါတယ်။

ဒီလိုနဲ့ လူဖောက်လို့ မူဆလင်ဦးရေများပြီးအင်အားတောင့်တင်းလာတဲ့အရပ်တွေမှာ ဟိန္ဒူဗုဒ္ဓဘာသာခေါ်တဲ့ ဘုရင်တွေကိုဖြုတ်ပြီး စု(လ်)တန်လို့ခေါ်တဲ့ မူဆလင်ဘုရင်ငယ်တွေကို တင်မြှောက်ကြပါတယ်။

(မြန်မာနိုင်ငံမှာလည်း အချို့နေရာတွေမှာ မူဆလင်တွေကိုရ .၀. တတို့ အုပ်ချုပ် ရေးမှုးတို့တင်မြှောက်ထားကြတာ အန္တရာယ်ကြီးတယ်ဆိုတာဒီအချက်က သာဓကပြ လို့နေပါတယ်။ ရွှေမြန်မာတို့ သတိပြုစရာပါ။ )

ဒီလိုဖြုတ်ပြီးနောက် ရဟန်းတော်တွေကိုခေါင်းဖြတ်သတ်တာအရှင်လတ်လတ် မီးရှို့သတ် ဖြတ်တာ ဗုဒ္ဓဘာသာကိုးကွယ်သူတွေကို သတ်ဖြတ်တာ၊ ထောင်ချတာ …စတာတွေလုပ်ခဲ့တဲ့အတွက် အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓသာသနာဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ခဲ့ရပါတယ်။

ဒီနေရာမှာ အင်ဒိုနီးရှား ကျွန်းစုပေါင်း ၃၀၀၀ကျော်နဲ့ စင် ကာပူ၊မလေးရှားတို့မှာ များပြားလှတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင်တွေ စတင်အခြေချပြီး အပြီးတိုင်ဝါးမျိုခြင်းကို ခံရတဲ့အထိ
နှစ်ပေါင်း ၂၅၀ ကနေ ၃၀၀ခန့်ကာလအတွင်းမှာ တိမ်ကောသွားရတာဟာဝမ်းနည်းဖို့ ကောင်းသလို သတိသံဝေဂ ရဖို့လည်းကောင်းပါတယ်။

သမိုင်းကြောင်းတွေအရ တိကျတဲ့ အထောက်အထားတွေအရ မူဆလင်တွေဟာ တစ်ခါတစ်ရံ စစ်တိုက်ပြီး အကြမ်းဖက်သာသနာပြု ပါတယ်။

တခါတရံမှာလိုအပ်သလိုအနုနည်းနဲ့လူဖောက်ပြီး သာသနာ ပြုကြပါတယ်………

နောက်ဆုံး အင်အားများလာတဲ့ တစ်နေ့မှ အကြမ်းနည်း…အနုနည်း နှစ်ရပ်နဲ့အနိုင်ယူတတ်ကြပါတယ်။

ဗေဒါပင် ကို ဧရာမအင်းကြီးတွေ အိုင်ကြီးတွေမှာ တစ်ပင်၊နှစ်ပင် ဆိုသလို တွေ့ခါစက
ဘယ်သူမှ ဂရုမပြုမိကြပါဘူး။ တစ်စတစ်စနဲ့ နှစ်အတော်ကြာတော့ များပြားလာပြီး ရှင်းလင်းလို့မရ တော့ အင်းကြီးတွေ အိုင်ကြီးတွေ ကန်ကြီးတွေ ကောရသလိုပါဘဲ။

ဒီဥပမာကို နောင်လာနောင်သားများ ကြပ်ကြပ်မတ်မတ် ဂရုပြုကြဖို့လိုအပ်ပါတယ်

‪#‎ငြိမ်းလဲ့‬
Ref………Ashin.WMl

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>