လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သမိုင်း သစ်စေ၊ သမိုင်း ဖြစ်စေ


 Photos- Nyo Ohn Myint 
 
မြန်မာငြိမ်းချမ်းရေးသမိုင်းမှာ မရှိခဲ့ဘူးတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နိုင်ငံတော်သမ္မတကြီးရဲ့ ရှေ့မှောက်မှာ ပဏာမ လက်မှတ်ရေးထိုး ကြပြီ ဖြစ်ပါတယ်။

ကြက်သီးမွေးညှင်းထစရာ ကောင်းသလို စိတ်လှုပ်ရှားမှုတွေ ဘောင်ဘင်ခတ်နေတယ် ဆိုရင် မလွန်လှပါဘူး။

သဘောတူညီချက် ရရှိခဲ့တဲ့ မတ်လ ၃၀ ရက်နေ့၊ ပဏာမ လက်မှတ်ရေးထိုးခဲ့ကြတဲ့ မတ်လ ၃၁ ရက်နေ့-

ဒီနေ့ရက်တွေဟာ သမိုင်း သစ်ခဲ့ပါပြီ။ သမိုင်း ဖြစ်ခဲ့ပါပြီ။

ခုချိန်အထိ မယုံကြည်နိုင်သေးတဲ့ သံသယမျက်လုံးတွေကို ဒီလက်မှတ်ရေးထိုးမှုက ချေဖျက်ပစ်လိုက်ပါပြီ။

  မြန်မာတွေ ညီညွတ်ကြောင်း ပြသဖို့ အရေးကြီးလှတဲ့ သမိုင်း အလှည့်အပြောင်းပါပဲ။

လွတ်လပ်ရေး ရပြီးကတည်းက ကွဲခဲ့တဲ့ အကွဲအပြဲ   နွှဲခဲ့တဲ့ စစ်ပွဲတွေ..

မကြာခင်မှာ ယမ်းငွေ့တွေပြယ်လွင့် သေနတ်သံတွေ တိတ်လို့ “မြန်မာ” ဆိုတာ ညီညွတ်ခြင်းကို ကိုယ်စားပြုတဲ့အကြောင်း  နောင်လာနောက်သားတွေကို အမွေချန်ထားရစ်နိုင်ဖို့    မျှော်လင့်နေမိတယ် ဆိုရင်လည်း မမှားပါဘူး။

၂၀၁၁ ခုနှစ်ကစလို့ လျှောက်လှမ်းလာခဲ့တဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်း ခရီးရှည်ကြီးဟာ အခုတော့ ပန်းတိုင်ကို ဒိဌမုချ မြင်တွေ့လိုက်ရပါပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ- သဘောတူညီချက်တွေရရှိခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ဟာ နိုင်ငံတော်သမ္မတကြီး ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုခဲ့တဲ့နေ့ရဲ့ (၄)နှစ် တင်းတင်းပြည့်ခဲ့တဲ့ နေ့ရက် ဖြစ်နေပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ကတိသစ္စာ ပြုတဲ့အခမ်းအနားမှာ တစ်နိုင်ငံလုံးကို ပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေးအတွက် သံလွင်ခက်တွေ ကမ်းခဲ့ပါတယ်။ အခုတော့ ဒီသံလွင်ခက်တွေ ချိုးငှက် ကိုက်ချီနိုင်ခဲ့ပြီ လို့ ဆိုနိုင်ပါတယ်။

ဒီကနေ့ ၊ မတ်လ ၃၁ ရက်နေ့ဟာ နိုင်ငံတော်သမ္မတကြီးရဲ့ ကက်ဘိနက် အဖွဲ့ဝင်တွေ သမ္မတအိမ်တော်မှာ ကတိသစ္စာ ပြုခဲ့ကြတဲ့နေ့ရဲ့ (၄)နှစ်တင်းတင်း ပြည့်မြောက်တဲ့နေ့ပဲ ဖြစ်ပါတယ်။

(၄)နှစ် တိတိ ပြည့်မြောက်တဲ့ နှစ်ပတ်လည်အခါသမာယမှာ လာခြင်းကောင်းတဲ့၊ မင်္ဂလာအပေါင်း ခညောင်းနေတဲ့ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေ၊ နောက်ကွယ်က ပံ့ပိုးကူညီခဲ့ကြသူတွေ၊ အားလုံးအားလုံးသော ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ လျှောက်လှမ်းခဲ့တဲ့ ခရီးလမ်းဟာ ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့တော့ မရှိခဲ့ပါဘူး။

ချီးကျူးစရာကောင်းပါတယ်  လေးစားစရာ ကောင်းပါတယ် ဂုဏ်ယူစရာလည်း သိပ်ကောင်းပါတယ်.။

အမျိုးသားညီညွတ်ရေးအတွက် ရှေ့ကို ဆက်လျှောက်ကြဖို့ ပိုင်းဖြတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက် သန္နိဌာန်တွေဟာ မြန်မာ့နှစ်သစ်ကူး အချိန်အခါမှာ ကောင်းမြတ်တဲ့ အတိတ်နိမိတ်တွေကို ဆောင်ကြဉ်းလာခဲ့တာ ဆိုရင် မှားမယ် မထင်ပါဘူး။

  နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ် ဆိုတဲ့ စကား။ မြန်မာတွေရဲ့ အကွဲကွဲအပြဲပြဲ သမိုင်းကို ပြောခဲ့ကြတာ မဟုတ်လား။
 
မြန်မာတွေက တစ်ဦးချင်း တော်တယ်၊ Teamwork နဲ့ လုပ်တတ်တဲ့ အကျင့် မရှိဘူး ဆိုတဲ့စကား။ ပြည်ပနိုင်ငံသားတွေက မြန်မာလူမျိုးတွေအကြောင်း မှတ်ချက်ပေးခဲ့ကြတယ် မဟုတ်လား။

မှန်ပါတယ်။ မြန်မာတွေ မညီညွတ်ခဲ့တာ လွတ်လပ်ရေးရပြီ ဆိုကတည်းကပါပဲ။ ဒီကနေ့ အဲဒီ သမိုင်း အဟောင်းတွေကို ကျောခိုင်းနိုင်ဖို့ ခြေလှမ်းခဲ့ကြပါပြီ။

တစ်သက်လုံး တစ်လျှောက်လုံး ကွဲချင်တိုင်း ကွဲခဲ့ကြတဲ့ -   မြန်မာတွေ အမှန်တစ်ကယ် ညီညွတ်ကြပြီ ဆိုရင်တော့ ရှေ့လျှောက် ဘာမှ မှုစရာ မလိုတော့ဘူး ဆိုတာကို အခိုင်အမာ ယုံကြည်ထားပါကြောင်း ။

မှူးဇော်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>