လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အုတ်ကြားမြက်ပေါက်


ဇာတ်ဝင်ခန်း တစ်ခန်းတည်းနဲ့တင် ကြည့်ရတာ တန်တဲ့ မြန်မာ့ရုပ်ရှင် ဇာတ်ကားကောင်း ။
"" ကျနော် မှတ်မိသလောက် ဇာတ်ဝင်ခန်းကို ပြန်ပြောပါ့မယ် ။ ""



 ဟော်တယ်မှာ အလုပ် လုပ်နေတဲ့ ပေါက်ပေါက် ( သက်မွန်မြင့် )ကို နိုင်ငံခြားသားတစ်ယောက်က စကားလုံးများနဲ့ စော်ကား ၊ နေတိုးတို့က ဝင်ထိုး ၊ ပြဿ     နာဖြစ် ။
ဟော်တယ်မှာ တာဝန်ရှိသူ စိုးမြတ်သူဇာက ခေါ်ပြီးရှင်း ။
စိုးမြတ်သူဇာ ။ ။ "" အခုဖြစ်တဲ့ ကိစ္စမှာ ဖြစ်တဲ့ကိစ္စကို တို့ကတော့ လက်မခံဘူး ၊ ကြိုက်လည်း မကြိုက်ဘူး ။ ""
နေတိုး ။ ။ "" ဒါဆိုရင် ခင်ဗျားကျေနပ်အောင် ကျုပ်တို့က လက်ပိုက်ကြည့်နေရမှာလား ၊ ပေါက်ပေါက်ကြောင့် အဲ့ကောင်ရဲ့ အရိုးတွေ အမှုံ့မဖြစ်တာ ""'
စိုးမြတ်သူဇာ ။ ။ "" မင်းတို့တွေ ပေါက်ပေါက်ကို ညီမအရင်းလေးတစ်ယောက်လို ချစ်တယ် ခင်တယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် နိုင်ငံခြားသားတစ်ယောက်ကိုတော့ ကိုယ်ထိလက်ရောက် မလုပ်သင့်ဘူး ။ ""
နေတိုး ။ ။ "" လုပ်တော့ ဘာဖြစ်လဲဗျာ ၊ ဧည့်သည်က ဧည့်သည်လို အိမ်ဦးခန်းမှာ မနေဘဲ အိပ်ခန်းထဲအထိ ဝင်ပြီးတော့ စော်ကားတာ ၊ အဲဒီနေရာမှာ ပေါက်ပေါက်မကလို့ တခြားသူတစ်ယောက်ဖြစ်နေရင်လည်း ကိုယ့်လူမျိုး ကိုယ့်အသွေးအသားကို စော်ကားတဲ့အတွက် လက်တုန့်ပြန်ရမှာပဲ ""'
စိုးမြတ်သူဇာ ။ ။ လက်တုန့်ပြန်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ ၊ ဟင် …… အခု မင်းတို့ဖြစ်တဲ့ကိစ္စက လူမှုရေး …… အဲဒီကနေတဆင့် … နိုင်ငံရေး ""
နေတိုး ။ ။ "" နေဦး … နေဦး …… ကျုပ်စကားကို ဆုံးအောင်နားထောင် ၊ ခင်ဗျားပြောတဲ့ လူမျိုးရေးတွေ နိုင်ငံရေးတွေ ကျုပ်တို့ နားမလည်ဘူး … ၊ ကျုပ်ကို … လာမပြောနဲ့ ၊ ဘာလူမျိုး … ဘယ်နိုင်ငံ … ဘာပဲဖြစ်ဖြစ် … လူဟာ လူပဲလေဗျာ ၊ လူဖြစ်ပြီး လူလိုနားမလည်မှတော့ ကျုပ်တို့ရဲ့ တုန့်ပြန်မှုကလည်း လူမဆန်တာ မဆန်းဘူးဗျ ""'
ထွန်းထွန်း ။ ။ "" ဟုတ်တယ် ၊ ခွေးကျင့် ခွေးကြံ လာကြံတဲ့လူကို ခွေးဇာတ်ခင်းပေးရမှာပဲ ၊ ဘာမှ မတတ်နိုင်ဘူး ။ ""
နေမင်း ။ ။ "" ခွေးကို ထိုးမချနဲ့ ၊ ခွေးတစ်ကောင်က ဟောင်ချင်ဟောင်မယ် ၊ ကိုက်ချင် ကိုက်မယ် ၊ တကယ်တော့ သူနေတဲ့ အိမ်ကို လုံခြုံဖို့ အတွက်ပဲ ၊ အဲဒါ ခွေးရဲ့ သစ္စာတရားပဲ ""
သက်မွန်မြင့် ။ ။ "" ဟေ့ …… နင်တို့က … အဲလို … တစ်ယောက်တစ်ပေါက် ပြောနေကြမှာလား ၊ မမကြီး ပြောတာလည်း နားထောင်ကြဦး ""
စိုးမြတ်သူဇာ ။ ။ "" ပြောပါစေ ၊ သူတို့ပြောပြီးမှပဲ တို့ပြောမယ် ၊
ကဲ …… ပြော ၊ မင်းတို့ရင်ထဲမှာ ရှိတာတွေကို ပြော ၊ အကုန်ပြော ""
နေတိုး ။ ။ "" ရင်ထဲ ရှိတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ မိုးလင်းသွားရင်တောင် ပြီးမှာ မဟုတ်ဘူးဗျ ၊ ခင်ဗျားက ကျုပ်တို့ထက် ပိုပြီး ယဉ်ကျေးပါတယ် ၊ အဲဒီတော့ ခင်ဗျားက ကျုပ်တို့ထက် ပိုပြီး ပညာတတ်မယ်လို့ ထင်တယ် ၊ အေးး …… ဒါပေမယ့် …… ကျုပ်သိသလောက် ကျုပ်ပြောမယ် ၊ စွန်ပဲဖြစ်ဖြစ် လင်းတပဲဖြစ်ဖြစ် စာကလေးပဲ ဖြစ်ဖြစ် အကောင်ချင်း အင်းအားချင်း မျှချင်မှ မျှမယ် ၊ ဒါပေမယ့် ငှက်က ငှက်ပဲလေ ၊ သူ့အသိုက်မှာ သူနေပြီး သူ့အစာကို သူရှာစားတယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာစရာ အကြောင်းမရှိဘူး… ၊ အေးး …… သူများအသိုက်ကို လာနှိုက်တယ် ဆိုရင်တော့ အင်အားကြီးတဲ့ စွန်ပဲ ဖြစ်နေပါစေ စာကလေးကလည်း သူ့အင်အားရှိသလောက် သူ့အသိုက်ကို သူကာကွယ်ရမှာပဲ ၊ အေးး …… ခင်ဗျားပြောတဲ့ လူမျိုးရေး… မရှုပ်ချင်ဘူးဆိုရင်တော့ ကိုယ့်အသိုက်မှာ ကိုယ်နေကြဗျာ ၊ သူများအသိုက်မှာ လာပြီး ကျူးကျော်တယ် ဆိုရင်တော့ အတောင်ချိုးပြီး ပင်လယ်ထဲ မျှောပစ်လိုက်မှာ ၊ အေးး …… ပြီးတော့ နိုင်ငံရေး …… ၊ နိုင်ငံရေးလည်း ကျုပ် နားမလည်ဘူး ၊ အေးး …… ဒါပေမယ့် အသားထဲကလောက်ကိုတော့ ကျုပ်သိတယ်ဗျ ၊ ကိုယ့် ကိုယ်ကျိုးအတွက် ကိုယ့်အိမ် ကိုယ့်မိသားစုကို သစ္စာဖောက်တယ် ၊ သူခိုးနဲ့ပေါင်းပြီး သူခိုး လက်ခံလုပ်တယ် ၊ အဲဒါ … အသားထဲက လောက် ၊ ကျုပ်တို့က သူခိုးကို ခြံစည်းရိုး ဖြဲပေးမယ့် အသားထဲက လောက်တော့မဟုတ်ဘူး ၊
အခု … ခင်ဗျားတို့ကြောင့် ဝင်လာတဲ့ သူခိုးကို ကျုပ်တို့ ရိုက်တယ်ဗျာ ၊ အဲဒါက နိုင်ငံနဲ့ချီပြီး ပြဿနာဖြစ်လည်း ကျုပ်တို့က ဂရုမစိုက်ဘူး ။ ရင်ဆိုင်ဖို့ အသင့်ပဲ ။ အဲဒါ ကျုပ် သိတဲ့ နိုင်ငံရေးပဲ ""'
သက်မွန်မြင့် ။ ။ "" အုတ် …… တော်တော့ဟာ ""
စိုးမြတ်သူဇာ ။ ။ "" သူပြောတာ မှန်တယ် ၊ ဟုတ်တယ် ၊ ငါတို့တွေက သူပြောသလို အသားထဲက လောက်ပဲ ၊ ……………………… <> ………… <> ………… ""
ဒီဇာတ်ကားမှာ နေတိုးက စိုးမြတ်သူဇာကို မာန်ပါပါ ပြောဆိုသွားတာ အရမ်း ထိရောက်တယ်ဗျာ ။
မြန်မာ ဒါရိုက်တာ
မြန်မာဝတ္ထုဇာတ်ညွှန်း
မြန်မာ စာရေးဆရာ
မြန်မာ သရုပ်ဆောင်များ အားလုံးလည်း
အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်ကို မိမိတို့တတ်စွမ်းတဲ့ အနုပညာနဲ့ ကျေးဇူးဆပ် ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။'
"" မြန်မာ့ မြန်မာ့ ရုပ်ရှင် ……… "" ဆိုတဲ့ သီချင်းလေးထဲက စာသားအတိုင်းလေးပေါ့ဗျာ ။


ချစ်တတ်တဲ့

 မေတ္တာသမားကြီး ဗိုလ်နေ

Mon , May 9 , 2016
သခင် ခက်ထန်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>