လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ရခိုင်စပြိုလို့ နှစ် ၁၀၀ ကျော် ငိုခဲ့ရဖူးတာကို သတိရစေချင်ပါသည်



 
ယနေ့ အမိမြန်မာနိုင်ငံတော်သည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေ
စီနိုင်ငံတော်အဖြစ် တည်ဆောက်လျက်ရှိရာ ယခုအချိန်မှာ ဒီမိုကရေစီဒုတိယသက်တမ်း
သို့ ရောက်ရှိခဲ့ပြီဖြစ်ပေသည်။ အမိနိုင်ငံတော်သည် “ မြန်မာ ” နိုင်ငံတော်ဖြစ်၍ လူမျိုးစုတစ်စုကို ကိုယ်စားပြုသည့် နိုင်ငံတော်မဟုတ်ဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော တိုင်းရင်းသားလူမျိုး(၈)လွှာအား ကိုယ်စားပြုသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖြစ်ပါသည်။

မြန်မာ့သမိုင်းအစောဆုံးခေတ်ဖြစ်သည့် ပုဂံခေတ်နှင့် အင်းဝခေတ်၊ ကုန်းဘောင်ခေတ်
တို့၌ ရေးထိုးထားကြသည့် ကျောက်စာအားလုံးတွင်ပင် “ မြန်မာ ” ဟူသောအရေးအသားကို လေ့
လာ တွေ့ရှိရမည်ဖြစ်ပေသည်။ မြန်မာ့သမိုင်းကြောင်းတွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊
တောင်ငူ ခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ဟူ၍ ရှိခဲ့ရာ ထိုခေတ်အဆက်ဆက်တွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် တစ်မိုးအောက်တွင် တစ်ရေတည်းသောက်ကာ
အေးအတူပူအမျှ အတူတကွ လက်ချင်းယှက်ဖြာ သွေးချင်းနှောကာ “ မြန်မာ ” ဟူသော ပြည်ထောင်
စုအတွင်း နေထိုင် ခဲ့ကြပါသည်။ (၈)လွှာသော တိုင်းရင်းသားများထဲမှ တစ်ဦးတစ်ယောက်အား တိုင်းတစ်ပါးသားတို့ ထိပါးလာပါကလည်း အခြားသောသွေးချင်းတိုင်းရင်းသား (၇)လွှာသည်လည်း လက်ပိုက်ကြည့် နေခြင်း အလျဉ်းမရှိခဲ့ပေ။ ထို့အတူ နယ်ချဲ့လက်အောက် နှစ်ပေါင်း ၁၀၀ ကျော်ကျ
ရောက်ခဲ့ ချိန်တွင် လည်း မြန်မာတို့ရဲ့ ညီညွတ်မှုအားဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့ကြပြီး ဤမြေမှာမွေး၊ ဤရေသောက်၍ ဤနိုင်ငံ တိုးတက်ရေး အတွက် နိုင်ငံသားအားလုံးက စိတ်တူ ကိုယ်တူ ကြိုးစားဖြတ်သန်းခဲ့ကြသည်မှာ သမိုင်းမှတ်တိုင် များစွာ ရှိခဲ့ပြီးလည်းဖြစ်ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် လူသားတို့ အဓိကကိုးကွယ်ရာ ဘာသာကြီး ၄ ခုရှိပြီး မတူကွဲပြားစွာ ဘာသာအသီးသီးကိုးကွယ်နေကြသော်လည်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေ
ထိုင်လာခဲ့ကြပါသည်။ သို့သော်လည်း အင်္ဂလိပ်လက်အောက်တွင် သူ့ကျွန်ဘ၀အဖြစ် နှစ် ၁၀၀ ကျော် ကျရောက်ခဲ့ချိန်တွင် မြန်မာနိုင်ငံ၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်မှာ အိမ်နီးချင်း နိုင်ငံ၏ လူဦးရေပေါက်ကွဲမှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါသည်။

ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများနှင့်ပတ်သက်၍ လူမျိုးရေး ပြဿနာ၊ ဘာသာရေးပြဿနာများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင်လည်း ရခိုင် ပြည်နယ်အ
တွင်း နိုင်ငံသားမဟုတ်သော ခိုးဝင်ဘင်္ဂါလီများနှင့် တိုင်းရင်းသားများအကြား ဘာသာရေး အသွင်ဆောင်သော လူမျိုးရေးတိုက်ခိုက်မှုများ ထပ်မံပေါ်ပေါက်လာခဲ့ပါသည်။ လက်ရှိအစိုးရ လက်ထက်တွင်လည်း ရခိုင်ပြည်နယ်အရေးဟာ အဆိုပါပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် သတိထားဖြေရှင်းရမည့် ပုဒ်စာတစ်ပုဒ်ဖြစ်နေဆဲပင်ဖြစ်ပါသည်။ ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ OIC အဖွဲ့ဝင်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများသည်လည်း လျော့သွားခြင်းမရှိဘဲ တစ်စတစ်စ ဖိအားများလာခဲ့တာ တွေ့ရပါသည်။ ဒါ့အပြင် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးမှ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် ၂၀၁၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် စစ်တွေမြို့နယ် သဲချောင်းအနီး စက်လှေတစ်စီးနစ်မြှုပ်ပြီး သေဆုံးခဲ့သူများသည် ဒေသခံသတင်းများအရ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းမှဟု သိရှိရ၍ အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ထပ်တူကြေကွဲ ဝမ်းနည်းရပါကြောင်း၊ အမေရိကန်ပြည်သူများကိုယ်စား မိမိတို့ပြောကြားလိုကြောင်းနှင့် မြန်မာ့ တပ်မတော်တပ်ဖွဲ့များနှင့် ရခိုင်တပ်မတော်အကြား မြင့်တက်လာနေသောတိုက်ပွဲများကြောင့် စိုးရိမ် ပူပန်မိကြောင်း။ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအားလုံးအတွက် အခြေအနေအရပ်ရပ် တိုးတက်စေရေးနှင့် အချင်းချင်းရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို တိုးမြှင့်ရန်အတွက် ထားရှိထားသည့် မြန်မာအစိုးရ၏ကတိကဝတ်ကိုလည်း မိမိတို့ကြိုဆိုပါကြောင်းနှင့် ဤရည်မှန်းချက်များအောင်မြင်ရေးအတွက် မြန်မာအစိုးရ၏ နိုင်ငံတကာအသိုက်အ၀န်း မြန်မာ
 နိုင်ငံသားများနှင့်အတူ မိမိတို့ အနီးကပ်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

ထိုသို့ အဖက်ဖက်သောဖိအားများရှိနေသည့် ရခိုင်ပြည်နယ်အား ဘာသာရေး၊ လူမျိုးရေး ပြဿနာများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် တည်ဆဲအစိုးရတွင်တာဝန်ရှိ နေသလို တပ်မတော်အနေဖြင့်လည်း ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံး နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ လုံးဝချုပ်ငြိမ်းစေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိသော်လည်း ရခိုင်ပြည်နယ် အတွင်း AA သောင်းကျန်းသူအဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင်အမှတ်(၆၈)နှင့်(၇၁)အကြား နယ်မြေမှတစ်ဆင့် အတွင်းပိုင်းဖြစ်သည့် ပလက်ဝ၊ ကျောက်တော်နယ်မြေများသို့ အခြေခံနယ်မြေတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံအတွင်း သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။

ထပ်မံ၍ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလမတိုင်မီ ဧပြီလပထမပတ်အတွင်း AA သောင်းကျန်းသူ အဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း သင်္ကြန်ရေကစားပွဲတော်ကာလ လုံခြုံရေးအင်အားနည်းလေ့ ရှိမှု အပေါ် အခွင့်ကောင်းယူ၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်းအားနှောင့်ယှက်ရန် ပြည်သူ များ အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲခြင်းများပြုလုပ်ခြင်း၊ မြို့၊ ရွာ၊ တပ်၊ စခန်းများကို နှောင့်ယှက် ပစ်ခတ်ခြင်း စသည့်ရည်ရွယ်ချက်ဖြင့် ကျောက်တော်မြို့နယ်၊ လောရမတောင်နယ်မြေတစ်ဝိုက်သို့ စိမ့်ဝင်
လှုပ်ရှားလာခဲ့ပါသည်။ ထိုသတင်းရရှိသည်နှင့် တပ်မတော်စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်း ခဲ့ရာ ဧပြီလ ၁၆ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများနှင့် AA သောင်းကျန်းသူအဖွဲ့များ တိုက်ပွဲ ဖြစ်ပွား
ခဲ့ပြီး သောင်းကျန်းသူများ အဖွဲ့ငယ်များဖြင့် ပြန့်ကွဲဆုတ်ခွာ ထွက်ပြေးခဲ့ကြပါသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်များ၌ AA သောင်းကျန်းသူတစ်ဖွဲ့က ရွာသားများအသွင်ယူ၍ ချောင်းမြောင်းခြုံခို တိုက်ခိုက်ခဲ့
သဖြင့် တပ်မတော်မှ ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့ပါသည်။ AA သောင်းကျန်းသူ များအနေဖြင့် နိုင်ငံ
တော်အစိုးရသစ် အပြောင်းအလဲကာလနှင့် အများပြည်သူရုံးပိတ်ရက် သင်္ကြန် ကာလကို အလစ်အငိုက်ရယူကာ ဝင်ရောက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံရေး တို့အတွက် တပ်မတော်အနေဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိသော AA သောင်းကျန်းသူများကို အပြီးတိုင်ချေမှုန်းနိုင်ရေး စစ်ဆင်ရေးတပ်များဖြင့် နယ်မြေရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

AA သောင်းကျန်းသူများအနေဖြင့် KIA အဖွဲ့ထံမှ စစ်ပညာနှင့် လက်နက်အထောက်အပံ့များ ရယူ၍ တပည့်ခံကာ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ စိမ့်ဝင်၍ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုအဖြစ် ရပ်တည်ရန် ကြိုးစားလာခဲ့တာ တွေ့ရပါသည်။ ပြုပြင်ပြောင်းလဲရေးကြွေးကြော် သံများဝေဆာနေသည့် လက်ရှိအခြေအနေတွင် နိုင်ငံတော်နှင့် ရခိုင်ပြည်နယ်၏ အခြေအနေမှန်ကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ တိုင်းရင်းသားအားလုံး သိရှိပြီးဖြစ်ပါသည်။ AA အဖွဲ့အနေ ဖြင့် ရခိုင်တိုင်းရင်းသားများကို ကိုယ်စားပြုခြင်းမရှိသလို၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်
ဖောက်ကားမှုများဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကျားသေကို အသက်သွင်းလာသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုသာဖြစ်ပါသည်။ သို့သော်လည်း တစ်ဖက် နိုင်ငံနယ်စပ်အနီးရှိ တိုင်းရင်းသားများနှင့် ဆက်သွယ်မှုခက်ခဲသောကျေးရွာများရှိ တိုင်းရင်းသား
များ အနေဖြင့် AA အဖွဲ့၏ လက်နက်ကိုင် ခြိမ်းခြောက်အကြပ်ကိုင်မှုများ၊ အတင်းအဓမ္မ လူစုခံရခြင်းများကို ခံစားနေရပေသည်။ ဒါကြောင့်လည်း AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အခိုက်အတန့်ခိုလှုံလှုပ်ရှားခွင့်ရရှိနေခြင်းဖြစ်ပေသည်။

သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံရေးတို့အတွက် ဒေသခံတိုင်းရင်းသားများအနေဖြင့် တပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်းကာ AA သောင်းကျန်းသူများကို အပြီးတိုင်ချေမှုန်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပေသည်။ ရခိုင်ပြည်နယ်အတွင်းရှိတိုင်းရင်းသားများအနေဖြင့်လည်း AA သောင်းကျန်း သူများ၏ လူမှုကွန်ရက်မှတစ်ဆင့် ရခိုင်တိုင်းရင်းသားများအား မိမိတို့အားထောက်ခံလာစေရေး၊ ဗမာ မုန်းတီးရေးဝါဒဖြန့်ချိနေမှုများနှင့်အတူ ပြည်ထောင်စုပြိုကွဲရေး ဦးတည်လုပ်ဆောင်နေမှုများကိုလည်း နားမယောင်မိဖို့ လိုအပ်လှပေသည်။

ရခိုင်ပြည်နယ်သမိုင်းကြောင်းကိုပြန်ကြည့်ပါက ရခိုင်ပိုင် ရှင်မဖြူကျွန်းကို အင်္ဂလိပ်တို့ အလံလာစိုက်ခဲ့၍ အရေးယူပေးပါရန် ရခိုင်စားက လျှောက်ထားသဖြင့် စစ်သူကြီးမဟာဗန္ဓုလကို စေလွှတ်ပြီး ပြန်သိမ်းရာက အင်္ဂလိပ်နဲ့စစ်ဖြစ်ပြီး မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တာ ကိုယ့်နိုင်ငံသား တိုင်းရင်းသားဖြစ်တဲ့ ရခိုင်တွေကိုကာကွယ်ဖို့ ဗမာတွေကြိုးစားခဲ့တယ်ဆိုတာ သမိုင်းသက်သေပဲ ဖြစ်ပါသည်။ ဒါ့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်တွင် မူဂျာဟစ်များ ထကြွသောင်းကျန်းပြီး ရခိုင် ရွာတွေကို မီးရှို့ပြီး မောင်းတောကိုဝိုင်းချိန်တွင်လည်း တိုင်းရင်းသားပေါင်းစုံပါဝင်သည့် မြန်မာ့ တပ်မတော်က သွားရောက်နှိမ်နင်းခဲ့ရသည့် သမိုင်းသက်သေများရှိခဲ့ပါသည်။

သို့ဖြစ်၍ ဘာသာရေး၊ လူမျိုးရေးပြဿနာများ အချိန်မရွေးဖြစ်ပွားရန် တာဆူနေသည့်အပြင် ထကြွသောင်းကျန်းနေသည့် AA သောင်းကျန်းသူများကြောင့် မြန်မာပြည်၏အနောက်တံခါးဖြစ်သော ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံသားအားလုံး၏ အရေးပင်ဖြစ်သောကြောင့် ရခိုင်စပြိုလို့ နှစ် ၁၀၀ ကျော် ငိုခဲ့ရဖူးတာကို သတိချပ်စေချင်မိပါကြောင်း ရေးသားလိုက်ရပေသည်။

မောင်ရှည်

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>