လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကောင်မလေးတစ်ယောက်ကို ရယ်မောအောင်ဘယ်လိုလုပ်မလဲ



ဟာသပညာဟာ မိန်းကလေးတွေကို စွဲဆောင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ဟာသပညာဟာ မလုပ်တတ်ရင်လည်းကိုယ်တစ်ယောက်တည်းကွက်ပြီးရယ်ရတဲ့ဟာသမျိုး ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဟာသဆိုတိုင်းလည်း တ၀ါးဝါးရယ်ချင်မှ ရယ်ရတာမျိုးမဟုတ်ပါဘူး။ တစ်ချို့ဟာသတွေက ကြိတ်ပြီးပြုံးရတာမျိုးပေါ့။ ဒီတော့ ကောင်မလေးတစ်ယောက်ကို ဘယ်လိုရယ်မောအောင် ဖမ်းစားရမလဲဆိုပြီး ခေါင်းကိုက်နေတဲ့ အမျိုးသားတွေအတွက် အောက်ပါအတိုင်း အကြံပြုလိုက်ပါရစေ။


  (၁) အရမ်းကြီး နားလည်ရခက်ခဲတဲ့ ဟာသကို မစဉ်းစားပါနဲ့

အရမ်းကြီးနားလည်ရခက်ခဲတဲ့ ဟာသမျိုးကျတော့ သဘောမပေါက်ဖူးဆိုရင် မရယ်ရဘူး။ ဥပမာ လှတောသား ဟာသလေးတွေက တုတိုနဲ့ ရယ်ရပါတယ်။ ၀က်လက်က ရေငန်တဲ့အကြောင်းကို လှတောသားက ” ၀က်လက်က ရေ ဘယ်လောက် ငန်သလဲမမေးပါနဲ့ … ရေတစ်ခွက်သောက်ပြီးတာနဲ့ အတို့အမြှုပ် တစ်ခါတည်းရှာထားပေတော့ ” စတဲ့ အဲဒီလို ဟာသမျိုးကို ပြောပါ။ ဒီနေရာမှာ ၀က်လက်ဆိုတာ မြို့ငယ်လေးတစ်ခု ဖြစ်ကြောင်း သင့်ကောင်မလေးက မသိရင် ၀က်တစ်ကောင်ရဲ့ လက်က ထွက်တဲ့ရေ-လို့ ထင်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။



(၂) ရယ်စရာပြောတတ်သူတွေဆီက သင်ယူပါ

ရယ်စရာပြောတဲ့သူတွေမှာ မျက်နှာပေးက အမျိုးမျိုးရှိတယ်။ သူတို့မျက်နှာတွေကို သင်ယူပါ။ တစ်ခါက အငြိမ့်ထဲမှာကြည့်လိုက်ရသေးတယ်။ လူရွှင်တော် တစ်ယောက်နဲ့ တစ်ယောက် မှိုချိုးမျှစ်ချိုး ပြောတဲ့အပိုင်ဆိုပါတော့။ လူရွှင်တော်တစ်ယောက်က ” ဟေ့ … မင်းတို့ ဒီကောင့်ကို ဘာကောင်မှတ်နေသလဲ … သူ့ ညီက … ဒါ … ဒါ ” ဆိုပြီး ပုခုံးကို ပုတ်ပြတယ်၊ အဲဒီအချိန်မှာ အပြောခံရတဲ့ လူရွှင်တော်က ဂုဏ်ယူတဲ့ ပုံစံနဲ့ လက်မတွေ ထောင်ပြနေတယ်။ ကျန်တဲ့ လူရွှင်တော်တွေက ပထမလူရွှင်တော်က ” ဒါ … ဒါ “ဆိုပြီး ပုခုံးပုတ်ပြတော့ … ” သြော် သူ့ညီက စစ်တပ်က ဗိုလ်ကြီးပေါ့ “ဆို ပြီး မ,ပေးတယ်။ အဲဒီအခါ ပထမဆုံးပြောတဲ့ လူရွှင်တော်က ” မဟုတ်ပါဘူး … ရပ်ကွက်ထဲမှာ ရေထမ်းရောင်းတဲ့ကောင်”လေဆိုပြီး ချလိုက်တယ်။ အပြောခံရတဲ့သူက အဲဒီကျမှ လင်ပန်းနဲ့ လိုက်ရိုက်တယ်။ အဲဒီ ဟာသပျက်လုံးလေးမှာတင် လူရွှင်တော်တွေရဲ့ မျက်နှာပေးက အအုပ်၊ အခံ၊ အသိမ်း-ဆိုပြီး မျက်နှာပေး အမျိုးမျိုး လုပ်သွားတယ်။ ဒါမျိုးကို ပညာယူရမယ်။

(၃) လွန်လွန်ကျူးကျူးကြီး ဟာသမလုပ်ပါနဲ့



ဟာသကို လွန်လွန်ကျူးကျူးကြီး မလုပ်ပါနဲ့။ ကိုယ်လုပ်တဲ့ဟာသ မနိုင်ရင် ရှက်စရာလည်း ကောင်းသလို၊ ဟာသက မရယ်ရပဲ … ဟာသပြောတဲ့သူ စကားလည်နေတာက ရယ်စရာ ပိုကောင်းနေတတ်ပါတယ်။

(၄) ငပေါကြီးလို့ အထင်မခံရအောင်လည်း နေပါ

ဟာသပြောတိုင်းလည်း ငပေါကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ဟာသက စောစောက ပြောသလို မလုပ်တတ်ဘူးဆိုရင် ငပေါကြီးလို့ အထင်ခံရနိုင်ပါတယ်။

(၅) ပျင်းစရာကောင်းတဲ့ ဟာသ မဖြစ်ပါစေနဲ့



ဟာသဆိုတာ ပျင်းစရာကောင်းလို့ မဖြစ်ပါဘူး။ ရယ်စရာ အငြိမ့်တစ်ခုကြည့်တယ်။ အဲဒီအငြိမ့်က မရယ်ရပဲ တ၀ါးဝါးသမ်းပြီး အိပ်ချင်စေတယ်ဆိုရင် သေချာတယ် … ဒီလူရွှင်တော်တွေ ထမင်းငတ်မယ်ဆိုတာ။

(၆) အခြေအနေအရ ဟာသအမြင်

အခြေအနေအချိန်အခါအရ ဟာသအမြင်လည်း ရှိတတ်ပါစေ။ စောစော ပြောတဲ့ လှတောသားတွေပေါ့။ မှန်လုံးကားတစ်စီး လမ်းဘေးမှာ ပုံပျက်ပန်းပျက်နဲ့ မှောက်နေတာ မြင်တော့ ဘာပြောသလဲဆိုရင် ” ကားကလည်း မှောက်တာ အရှိန် ဘယ်လောက်ပြင်းတယ်တော့ မသိဘူး … ကားပုံစံကြည့်လိုက်တော့ ဘာဂျာကိုအုတ်ခဲနဲ့ထုထားတဲ့အတိုင်းပဲ”တဲ့။

(၇) အဓိပ္ပါယ်အကောက် မလွဲပါစေနဲ့

ဟာသမှာ တစ်ချို့ဟာ ညစ်ပတ်တဲ့ဘက်ကို ဦးတည်ပြီး တွေးရစေနိုင်တယ်။ ဒါမျိုးကျတော့  ဒေါသသင့်တဲ့ဟာသလို့ ခေါ်တယ်။ အခုခေတ်မှာတော့ ခန္ဓာကိုယ်အောက်ပိုင်း ပျက်တဲ့ဟာသက ခပ်များများပါဘဲ။ ရှေးတုန်းကလည်း ပြောခဲ့ဖူးတာ
လေးတွေတော့ ရှိပါတယ်။ လှတောသားဟာသထဲကပဲ ထင်ပါတယ်။ ခရီးသည်ကောင်မလေးတွေက ရွာတစ်ရွာနဲ့ တစ်ရွာကြား ဇရပ်တစ်ခုမှာ ခရီးကလည်း ပင်ပန်းလွန်းလို့ အိပ်ပျော်နေရှာတယ်။ တောင်လေကလည်း တိုက်ဆိုတော့ အ၀တ်အစားက လပ်နေရှာတယ်။ ဒါကို လှတောသားက တဏှာစိတ်မဖြစ်ဘဲ ရယ်စရာဖြစ်အောင် ပြောတတ်တယ်။ ” ဇရပ်ပေါ်မှာ ကောင်မလေးတွေ အိပ်နေလိုက်တာများ … ဂျိုးကင်လေးတွေ စီထားတဲ့အတိုင်းပဲ”တဲ့။ ကဲ။ :D

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>