လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ပျဉ်းတော်သိမ်းရွက်အုပ် ကြက်​သားအာလူးဆီပြန်


ကြက်သားအာလူး ဆီပြန်ကို ပျဉ်းတော်သိမ်းရွက်အုပ်ပြီး ချက်ထားတာပါ အရသာအရမ်းကောင်းလို့ ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 450g
  • အာလူး - အနေတော် ၂လုံး
  • ကြက်သွန်ဖြူ -၂မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် ( ကြက်သားအရသာနယ်ရန်နှင့် ဟင်းဆီသတ်ရန်)
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေဆေးထားပါ
  3. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4. ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  5. ကြက်သားကို ဆား နနွင်း အရသာမှုန့်တို့နှင့် နယ်ထားပါ
  6. ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  7. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  8. ပြီးတာနဲ့ ကြက်သွန်ထောင်းနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီးဆီသတ်ပါ
  9. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကို ထည့်ပြီး ဆီသတ်ပါ
  10. ကြက်သားများ မာလာတာနဲ့ ပျဉ်းတော်သိမ်းရွက်ကို ခြွေပြီးထည့်မွှေပါ
  11. အောက်ခြေ မကပ်စေရန်နှင့် ကြက်သားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  12. ပထမ တရည်ခမ်းတာနဲ့ အာလူးကို ထည့်ပြီး ရေမြုပ်အောင် ထပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  13. ဟင်းအိုး မကပ်စေရန် မကြာမကြာ မွှေပေးပြီး ဆီပြန်အောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ပြီး စားသုံးရန် ပြင်နိုင်ပါပြီ။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>