လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကောင်လေးတွေသင့်ကိုမချဉ်းကပ်တဲ့အကြောင်းအရင်းများ




တစ်ခါတစ်လေ ကိုယ်ကနှစ်သက်တဲ့ကောင်လေးနဲ့ အချိန်မှန်၊ နေရာမှန်မှာတွေ့ကြတယ်။ ဒါပေမယ့် ဘာမှဖြစ်မလာဘူး သူကလည်း မချဉ်းကပ်လာဘူး။ ဒါမျိုး ခဏခဏဖြစ်ဖူးလား။ သင်ကတော့ သင်ဟာခင်ဖို့ကောင်းပြီး ကောင်လေးတွေ ချဉ်းကပ်ချင်လောက်တဲ့ သူမျိုးလို့ထင်ပေမယ့် ကောင်လေးတွေရဲ့မျက်စိထဲမှာ သင်ထင်တာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်
ပါတယ်။ သူတို့သင့်ကို ချဉ်းကပ်ခြင်းမပြုတာအောက်ပါအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

(၁) သင်ကအမြဲဖုန်းနဲ့မျက်လုံးနဲ့မခွာဖြစ်နေလို့။
သင်ကတော့ လုပ်စရာမရှိလို့ ၊ သို့မဟုတ် မနေတတ်မထိုင်တတ်ဖြစ်နေလို့ ဖုန်းနဲ့မျက်လုံးနဲ့ မခွာဖြစ်နေပေမယ့် ကောင်လေးတွေကတော့ အဲ့ဒိအမူအရာကို “ဝေးဝေးနေ”လို့မှတ်ယူပါတယ် ။ဒါမှမဟုတ် ရည်းစားရှိလို့ ရည်းစားနဲ့အပြန်အလှန် Message ပို့နေတယ်လို့ယူဆပါတယ်။

(၂) သင်ကမျက်လုံးချင်းဆိုင်မကြည့်ဘူး။

သင်က သူ့ကိုတစ်စက်မှမကြည့်ရင်တော့ သူသင့်နားကိုလာဖို့မလွယ်ပါဘူး။ သင်တကယ်သူ့ကိုသဘောကျရင် မျက်လုံး ချင်းဆုံကြည့်ဖို့လိုပါတယ်။ အကြာကြီးလည်း ကြည့်စရာမလိုပါဘူး။ အပြုံးလေးနဲ့တစ်ချက်လောက်ကြည့်လိုက်ရင်တောင် သူက သိနေပါပြီ။

(၃) သင်ကရိုင်းလို့။

ရိုင်းတဲ့မိန်းကလေးတွေကို ယောက်ျားလေးတွေက ရှောင်ရှားလေ့ရှိပါတယ်။ ဥပမာ စားပွဲထိုးကိုပြောဆိုလုပ်နေတာမျိုး၊ အသံကျယ်တာမျိုး၊  ဒေါသထွက်လွယ်တာမျိုးတွေက
 ယောက်ျားလေးတွေကို ချဉ်းကပ်ဖို့တွန့်ဆုတ်စေပါတယ်။

 (၄) သင်ကသင့်ကိုယ်သင်ဘယ်သူနဲ့မှမတန်ဘူးထင်နေတယ်။

တစ်ခါတစ်လေ Confidence ထက်ကျော်ပြီး ယုံကြည်မှုလွန်ကဲတဲ့အမျိုးသမီးတွေရှိပါတယ်။ သူတို့ကတော့ သူတို့ကိုသူတို့ အရမ်းအထင်ကြီးပေမယ့် အခြားလူတွေ၇ဲ့မျက်လုံးထဲမှာတော့ ရွံစရာကောင်းနေတတ်ပါတယ်။

(၅) သင်ကသူ့ကိုအခွင့်အရေးမပေးလို့။

ယောက်ျားလေးတွေက သင်တစ်ယောက်တည်းရှိနေချိန်မျိုးမှာ သင့်အနားချဉ်းကပ်တတ်ကြပါတယ်။ သင်ကအမြဲတမ်း သူမလာအောင် သူငယ်ချင်းတွေနဲ့နေတာဖြစ်ဖြစ်၊ အမြဲတမ်း အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာမျိုးဖြစ်ဖြစ်ဆို သူသင့်အနားကိုလာမှမဟုတ်ပါဘူး။ သူလာလို့ရအောင် သင်ကလုပ်ပေးရမှာပါ။

(၆) သင်ကအခြားယောက်ျားလေးတွေနဲ့ ရောရောနှောနှောနေလို့။

သူ့အနေနဲ့သင့်မှာရည်းစားရှိနေတယ်ပဲ ထင်ပါလိမ့်မယ်။ ဒါမှမဟုတ် သင့်ကိုယောက်ျားလေးတွေနဲ့ ရောလွန်းသူအဖြစ် မြင်နေပါလိမ့်မယ်။ ဒါ့ကြောင့်သူချဉ်းကပ်မှာမဟုတ်ပါဘူး။
ကဲနောက်တစ်ခါကျရင် ကိုယ်သဘောကျတဲ့ကောင်လေးတွေ့ရင်တော့ နည်းနည်းပါးပါး အထာပေးတတ်ပါစေ။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>