လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အုတ်ကြား မြက်ပေါက် ဇာတ်ကားအတွက် ဂုဏ်ပြု ဆောင်ပါး

အရှင်ဝိမလဝံသ
 
"အုတ်ကြား မြက်ပေါက်၏ သရုပ်ဆောင်၊ ဒါရိုက်တာ ဇာတ်ပို့ ဇာတ်ရံ ထုတ်လုပ်သူ၊ ဝတ္ထု ဇာတ်ညွှန်းနှင့် ပါဝင်သည့်ပုဂ္ဂိုလ်အားလုံးတို့ အတွက် စာရေးသူ၏ ဂုဏ်ပြု ဆောင်ပါး"
***************************************************************************
ဒီဇာတ်ကားနှင့် ပတ်သတ်၍ ထောက်ခံသူ၊ မထောက်ခံသူ၊ အားပေးသူ၊ ကဲ့ရဲ့သူ၊ ချီးမွမ်းသူ၊ ရှုတ်ချသူများ ရှိနေမည်မှာ အမှန်ပင်ဖြစ်ပေသည်။ သေချာတာတစ်ကိုပြောပါဆိုလျင် အနာရှိသည့် လက်ပိုင်များ ဆားအိုးကို နှိုက်သည့်နှယ် စပ်ဖျဉ်းဖျဉ်း ဖြစ်နေမိမှာပါ။ မည်သို့ပင်ဖြစ်စေ၊ ထိုဇာတ်ကားမှာပါဝင်သည့် ပုဂ္ဂိုလ်အားလုံးတို့အား မျိုးချစ်ပုဂ္ဂိုလ်များကိုယ်စား စာရေးသူ အမှန်ပင် လေးစားဂုဏ်ယူမိပါ၏၊ မည်သူက မထောက်ခံစေကာမူ၊ မျိုးချစ်ပုဂ္ဂိုလ်များ ကိန်းသေ ထောက်ခံနေမည်သာ၊

မည်သူကပင် ခြိမ်းခြောက်နေစေကာမူ ခြိမ်းခြောက်သူများအား ဂရုစိုက်နေစရာမလို၊ မျိုးချစ်ပုဂ္ဂိုလ်များ အခိုင်အမာ ရပ်တည်နေမည်သာ။ အကယ်ဒမီ မပေးစေကာမူ မျိုးချစ်ပုဂ္ဂိုလ်များကတော့ ရာခိုင်နှုန်းအပြည့် အကယ်ဒမီပေးနေမည်သာ၊ အားငယ်စရာ၊ ထိတ်လန့်စရာမလို၊ ဂုဏ်ယူရမည်၊ လက်မထောင်နေရမည်သာ ဖြစ်ပေသည်။ တစ်ခုပြောချင်သည်ကား ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင်တို့၏ မျက်နှာကိုသာ ကြည့်ပါဟု။
ဒီလိုခေတ်မျိုးမှာ ဒီလိုကားမျိုးကို စာရေးသူတို့ ရုံအတွင်း ဝင်ကြည့်ခွင့်မရသည့်အတွက် မကြည့်ဖူးပါ။ သို့သော်အင်တာနက် စာမျက်နှာများအပေါ်တွင် ကြည့်ခွင့်ရသည့် မိနစ်အနည်းငယ်စာ၊ ဖတ်ရသည့် စာများအရ၊ ထိုသို့သော ဇာတ်ကားမျိုး ရိုက်သင့်သည့်၊ ထုတ်လွှင့်ပြသရမည်သာ ဖြစ်ပေသည်။ အိပ်ပျော်နေသူတို့အဖို့ အိပ်ယာမှ နိုးထဖို့ အချိန်ရောက်နေပြီဟု မီးမောင်းထိုးပြနေသလို၊ တစ်ဖက်လှည့် ကန့်လန့်တိုက်၊ သွေဖည်နေသူများအဖို့ သတိဆောင်ကာ စုပေါင်းညီညွတ်ကြရမည်မဟုတ်ပေလောဟု သတိပေးနေသလို ဖြစ်သည့်အတွက် ရာခိုင်နှုန်းပြည့် စာရေးသူ ထောက်ခံနေမည်သာ။ အမျိုး ဘာသာ သာသနာအတွက် ဦးဆောင်လုပ်မည့်သူ၊ ထိုဦးဆောင်မည့်သူကို ပံ့ပိုးကူညီပေးမည့်သူ၊ ဦးမဆောင်နိုင်၊ မပံ့ပိုးနိုင်ပါက အနောက်ကနေပြီး လက်ခုပ်တီးပေးရမည်သာ၊ အမျိုး ဘာသာ သာသနာ့အရေးဟူသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အရေးကြီးလုပ်ဆောင်ရမည့် အရာဖြစ်သည်။ သာသနာပြုရှင်ရဟန်း၊ လူဒကာ ဒကာမ၊ အနုပညာရှင်၊ တိုင်းပြည်ခေါင်းဆောင် အားလုံးတွင် တာဝန်ရှိနေသည်သာ ဖြစ်ပေသည်။ ယခုအနုပညာရှင်များကိုတော့ စာရေးသူ တစ်ခု မေတ္တာရပ်ခံချင်သည်က ဖိအားတွေကြောင့် ကိုယ့်ရဲ့စွမ်းဆောင်မှု၊ ကိုယ့်ရဲ့ ဦးတည်ချက် ထိုအရာများနှင့် သွေဖည်မသွားပါနှင့် ဟုသာ မေတ္တာရပ်ခံချင်တာပါ။
မလိုသူက မလိုသလိုပြောမှာပါ။ ဒါကို ဂရုစိုက်နေဖို့မလို၊ ဂရုစိုက်လွန်းရင် အထိတ်တလန့်ဖြစ်စေပါတယ်။ အထိန့်တလန့်ဖြစ်ပါများရင် ဦးတည်ချက်လမ်းကြောင်း၊ ခံယူသည့်ခံယူချက်များ အလွဲအလွဲ အချော်ချော်ဖြစ်စေပါတယ်။ ရှေးတုန်းက ဒါရိုက်တာကြီးတစ်ဦး၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးဟု လူသိများသည့် ရွှေဒုံးဘီအောင်ထုံးကို အနုပညာရှင်များ နှလုံးမူစေလိုပါသည်။ ရွှေဒုံးဘီအောင်ဆိုသည့် ဒါရိုက်တာကြီးသည် သူတတ်သည့် အနုပညာဖြင့် ပြည်သူများထံသို့ သေသည်အထိ အမျိုး ဘာသာ သာသနာ့အရေးများကို ဦးစားပေးကာ တစ်စိုက်မတ်မတ် ချပြ ဆောင်ရွတ်ခဲ့သည့် သာဖြစ်ပေသည်။ သူကိုယ်တိုင်လည်း ဆောင်ရွတ်ခဲ့သလို သူတစ်ပါးကိုလည်း အားပေးစကားနှင့် နည်းစနစ်များကို မှန်မှန်ကန်ကန်ချပြပေးခဲ့တာပါ။ ကလောင်တံကိုင်သူကလည်း ကလောင်သွားဖြင့် အမျိုး ဘာသာ သာသနာ့အရေးကို ဆောင်ရွတ်ကြပါဟု ဆရာတော်ဦးနာရဒ(ရခိုင်ဆရာတော်)အား အသိပေးခဲ့ပုံကို ထောက်ဆကြည့်ရင် သိနိုင်ပါတယ်။ ဒါရိုက်တာကြီး ရွှေဒုံးဘီအောင်မှ ဆရာတော်ဦးနာရဒထံသို့ ပေးသည့် ပေးစာကား လူသိများခဲ့ပေသည်။ ဆရာကြီးကား လူပင်သေသော်လည်း နာမည်ကား ယခုထက်တိုင် ရှိနေပါသေးတယ်။ အကြောင်းမူ၊ အမျိုး ဘာသာ သာသနာ့အရေးကို ဦးစားပေး ဆောင်ရွတ်ခြင်းကြောင့်ပင် ဖြစ်ပါတယ်။ မလိုသူတွေ ဘယ်လိုကဲ့ရဲ့ ကဲ့ရဲ့ ၊ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မတုန်လှုပ်ဘဲ မိမိလုပ်ဆောင်သင့်သည့် အရာကို နောက်မတွန့်ဘဲ ရဲရဲတင်းတင်းဆောင်ရွတ်ခဲ့ကြောင့်ဟု ပြောလျင် ပို၍ ပြည့်စုံပါလိမ့်မည်။ လက်တစ်ဆုပ်စာ ကဲ့ရဲ့သည့်ဒဏ်၊ ခြိမ်းခြောက်သည့်ရန်ကို မမှုဘဲ မိမိတို့ တတ်ကျွမ်းသည့် အနုပညာဖြင့် လောကအကျိုး သာသနာ့အကျိုးကို ဆောင်ရွတ်နိုင်ပါစေဟူ၍လည်း ဆုတောင်းပေးလိုက်ပါသည်။
အချုပ်အားဖြင့် အုတ်ကြားမြက်ပေါက်တွင် ပါဝင်သည့် ဇာတ်ဆောင်၊ ဇာတ်ပို့ ဇာတ်ရံ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ ဝတ္ထု၊ ထုတ်လုပ်သူအပါအဝင် အားလုံးကို လေးစားဂုဏ်ယူကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုချင်ပါသည်။ မှန်ကန်သည့် လုပ်ရပ်များအား နောက်မဆုတ်၊ လက်မရွံ့ဘဲ ချီတက်နိုင်ပါစေ။ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် မိမိတတ်သည့် အနုပညာဖြင့် အမျိုး ဘာသာ သာသနာ့အကျိုးကို တစ်ဖက်တစ်လမ်းက ဆောင်ရွတ်နိုင်သည့် ပြည်သူချစ်သော ပြည်သူထောက်ခံသော အနုပညာရှင်ကောင်းဖြစ်ကြပါစေ။ မှန်ကန်သော လုပ်ရပ်၊ မှန်ကန်သော စွမ်းဆောင်ချက်တွေနဲ့အတူ အုတ်ကြားမြက်ပေါက်မှသည် တောင်ထိပ်ကြာပေါက်သည်ထိ လှမ်းရောက်နိုင်ကြပါစေဟု ဆုတောင်းဂုဏ်ပြုလိုက်ပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
================================
မှတ်ချက်။ ။ အောက်က စာသားလေးက ထိုဇာတ်ကားတွင်ပါဝင်သူအားလုံးတို့အား အနာရှိသည့် လက်များပိုင်ရှင်၏ စကားရပ်များပေတည်း။ မွတ်စလင် အိုလမာ နဲ့အဖွဲ့ကြီး၅ဖွဲ့က အုတ်ကြားမြက်ပေါက် ရုပ်ရှင်ကားကို ကန့်ကွက်ပြီး ဖျက်သိမ်းခိုင်းနေတယ်တဲ့ဗျာ ရုပ်ရှင်ကား ဒါရိုက်တာ အပါအဝင် ကားထဲကမင်းသားမင်းသမီးတွေကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်ရန်ရှာမူ  တွေပြု လုပ်နေတယ်လို့သိရပါတယ် ကိုယ့်မြေ ကိုယ့်ရေ မှာ ကိုယ့်တွေလွတ်လပ်စွာ
ရုပ်ရှင်ရိုက်ခွင့်မရတဲ့ ဘဝမျိုးရောက်ရှိနေပါပြီ ။ ကဲ ကျုပ်တို့ဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်သင့်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>