လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

လူတော်လေးတွေမွေးဖွားပေးတဲ့ မိဘတွေများရဲ့တူညီတဲ့အချက်များ




သားသမီးရှိတဲ့ မိဘတိုင်းဟာ သားသမီးတိုင်းကို အောင်မြင်အောင် ထိန်းကျောင်းပေးနိုင်တာ မဟုတ်ပါဘူး။  ဒါပေမယ့် အောင်မြင်တဲ့ ကလေးတွေကို မွေးဖွားပေးနိုင်ခဲ့တဲ့ မိဘတွေကတော့ အောက်ပါ စံပြုစရာလေးတွေနဲ့ သားသမီးတွေကို ထိန်းကျောင်းပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။ အားလုံးအတွက်  ပြန်လည်မျှဝေလိုက်ပါတယ်။


(၁) လူမှုရေးမှာပါးနပ်လိမ္မာအောင်သင်ပေးတယ်



အောင်မြင်တဲ့ သားသမီးတွေရဲ့ မိဘတွေဟာ သူတို့ကလေးတွေကို စကားတွေစပြီး နားလည်လောက်တဲ့ အချိန်ကတည်း က ဘယ်သူ့ကိုတော့ဖြင့် ဘယ်လိုဆက်ဆံရမယ်၊ ဘယ်နေရာရောက်ရင် ဘယ်လိုပြုကျင့်ရမယ်၊ ဘယ်သူတွေနဲ့တွေ့ရင် စကားကို ဘယ်လိုပြောရမယ်-စသည်ဖြင့် လူမှုရေး ကိစ္စရပ်တွေကို နားလည်အောင် သင်ပေးထားလေ့ရှိပါတယ်။

(၂) မြင့်မားသောမျှော်မှန်းချက်ထားတယ်

 

သားသမီးတွေနဲ့ပတ်သက်ရင် တစ်နေ့နေ့မှာ သူတို့ဟာ ကြီးပွားရမယ်၊ တိုးတက်ရမယ် ၊  ခေါင်းဆောင်ဖြစ်ရမယ်-ဆိုတဲ့ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ထားပါတယ်။ ဒါပေမယ့် သားသမီးတွေကို ဖိအားပေးလေ့မရှိဘဲ လမ်းကြောင်းတွေကို ရွေးချယ်ဖန်တီးပေးခြင်းဖြင့်သာ ၀န်းရံပါတယ်။

(၃) သင်္ချာပညာပညာကို စောစောစီးစီး သင်ပေးတယ်

 



သင်္ချာပညာကို စောစောသင်ခွင့်ရတဲ့ ကလေးဟာ သူတစ်ကာထက် ဉာဏ်ရည်၊ တွေးခေါ်နိုင်မှုစွမ်းရည်၊ လုပ်ကိုင်နိုင်မှုစွမ်းရည် တွေက ပိုပြီး မြင့်မားလေ့ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါကိုတော့ ဟုတ်သည်မဟုတ်သည် အငြင်းမပွားလိုပါ။ အကြောင်းကတော့ အခြား စစ်တမ်းတစ်ခုအရ သင်္ချာနဲ့အတွက်အချက်ညံ့တဲ့သူတွေဟာ အနုပညာဘက်မှာ အောင်မြင်ကျော်ကြားတဲ့ သူတွေ ဖြစ်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

(၄) ငွေကို သုံးတတ်အောင် သင်ပေးတယ်

 



ငွေဟာ ဖြုံးဖို့မဟုတ်ဘူး၊ သုံးဖို့ဖြစ်တယ်။ ဒါကို စည်းနဲ့ကမ်းနဲ့ ဘယ်လိုသုံးရမလဲဆိုတာကို လမ်းညွှန်ပေးနိုင်တယ်။ ဒီတော့ ကလေးဟာ အရွယ်ရောက်တဲ့အခါ ငွေကို တန်းဖိုးထားတက်ပြီး ပျက်စီးနိုင်ဖို့ အခွင့်အလန်း တော်တော်နည်းသွား ပါတယ်။

(၅) ဖိအားတွေနဲ့ကင်းအောင်နေတယ်

 

၎င်းမိဘတွေဟာ သူတို့ကိုယ်တိုင်က ဖိအားတွေနဲ့ ကင်းအောင်နေပါတယ်။ ဒီတော့ သားသမီးတွေ အပေါ်မှာလည်း မိဘတွေဆီက ကူးစက်နိုင်တဲ့ ဖိအားမျိုး မရှိပါဘူး။ ဒါကြောင့် ကလေးတွေဟာ လွတ်လပ်ပျော်ရွှင်ကြတယ်၊ ကျောင်းစာကို ပုံမှန်လုပ်နိုင်ကြတယ်။ ကစားတာကို စိတ်ဖြောင့်ဖြောင့် ကစားနိုင်ပြီး စိတ်ဒဏ်ရာ ကင်းကြပါတယ်။ ဒီနေရာမှာ ဖိအားဆိုလို့ မြင်သာစေတဲ့ ဥပမာပြောရရင် လင်မယားကွဲတာကွာတာ မျိုးတွေဟာ ကလေးတွေရဲ့ အသည်းနုနုကို အရိုက်ခက်နိုင်ဆုံး
ဖိအားတွေပါဘဲ။

(၆) ရှုံးနိမ့်မှုကို ကြိုဆိုတယ်



သူတို့တစ်တွေဟာ ရှုံးနိမ့်မှုတစ်ခုအတွက် နောင်တရနေတာမျိုး မရှိပါဘူး။ သားတွေသမီးတွေကို အရှုံးတွေကနေ သင်ခန်းစာတွေ ယူနိုင်အောင် ထောက်ပြလမ်းညွှန်ပေးပါတယ်။ ဒီတစ်ခုတည်းမှာ ရပ်တန့်မနေစေဘဲ တစ်ခြား သင့်တော်တဲ့ နည်းလမ်းတွေကိုလည်း ရှာဖွေထားပြီး ဖြစ်နေတတ်ပါတယ်။

(၇) လူ့ကျင့်ဝတ်တွေကို သင်ပေးတယ်

 

လူထဲမှာ လူလုပ်ချင်ရင် လူ့ကျင့်ဝတ်တော့ ကြေညက်နားလည်နေရမယ်ဆိုတာ ဉာဏ်ပညာရှိတဲ့ မိဘတွေ သဘောပေါက်ကြပါတယ်။ ဒီတော့ လူ့ကျင့်ဝတ်ကို ကောင်းကောင်းသင်ပေးတယ်။ ဒါမှလည်း သူတို့တစ်တွေဟာ လူတွေထဲမှာ လူပီသတဲ့ ထူးချွန်သူတွေ ဖြစ်လာမှာ မဟုတ်လား။

from - http://thihazawkp.blogspot.my

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>